Part-28(Uni+Zg)

64 5 6
                                    

"ဟယ်လို..အေး..ပြော"

"မင်းအခုဘယ်မှာလဲ"

"ငါလား ကျောင်းမှာပေါ့ ဘာဖြစ်လို့လဲ"

"ဟုတ်လား ရာဇာရောမင်းနဲ့အတူရှိနေတာလား"

"မရှိပါဘူး သူကသူ့ဆေးရုံသူသွားပြီပေါ့ "

"အော်.."

တစ်ဖက်ကဟန်သူ့အသံမှာအေးစက်စက်ပင်..စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတာကြောင့်ဖုန်းပြောနေတဲ့မင်းခန့်မျက်ဝန်းလေးတွေကတောင်ရောက်မြောက်ရောက်နှင့်..

"မင်းတစ်ခုခုဖြစ်နေလို့လား ငါ့ကိုပြောလေ ဘာလုပ်ပေးရမလဲ"

"အင်း ဘာမှမဟုတ်ပါဘူး ဒီအတိုင်း"

"ကျစ် စိတ်ပူအောင်မလုပ်စမ်းနဲ့ဟန်သူ ပြော ငါဘာလုပ်ပေးရမလဲ"

"မလိုပါဘူး ထားလိုက်တော့.."

"ဟင်း...ဒါဖြင့်လည်းပြီးတာပဲ ပြောစရာရှိသေးလား"

ဟန်သူ့ဘက်ကတိတ်ဆိတ်နေတယ်။ဒါကသူ့ကိုပိုပြီးသောကရောက်စေတယ်မဟုတ်ဘူးလား..

"ပြောစရာမရှိတော့ဘူးဆိုလည်းငါချလိုက်တော့မယ်လေ..နော်"

"အင်း နေအုံးမင်းခန့်..."

"ဘာတုန်း..ပြောချင်လည်းပြောချလ်ိုက်လေကွာ"

သူ့အသံကျယ်သွားတာကြောင့်အနီးဝန်းကျင်ကအတွဲလေးတွေကပါခေါင်းလေးတစ်ထောင်ထောင်လုပ်လာခဲ့၏။

"မင်း..မင်းအတန်းမတက်သေးဘူးဆိုရင် ကျောင်းရှေ့လမ်းကိုခဏထွက်ခဲ့ပါလား"

"ဟမ် ကျောင်းရှေ့ကကားလမ်းလား"

"အင်း ခဏ..ခဏပါပဲ"

စိတ်ထဲမတင်မကျဖြစ်နေခဲ့ပေမယ့်သူငယ်ချင်းကဘာအခက်အခဲဖြစ်နေခဲ့သလဲမသိတာကြောင့်သူထွက်တွေ့လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။

"အင်းပါ ငါအခုထွက်လာနေပြီနော် "

"အင်း"

"ဟူးးးးးသမိုင်းပေးတာဝန်တွေမင်းခန့်ရေ လျှောက်လိုက်အုံးပေါ့ကျောင်းဝအထိ"

ပုဆိုးကိုခပ်တင်းတင်းပြင်ဝတ်လို့မာန်ပါပါနှင့်လျှောက်လမ်းသွားလိုက်သည်ကြောင့်လမ်းတစ်လျှောက်ကောင်မလေးများမှာအရည်လဲ့နေသောမျက်ဝန်းကလေးများဖြင့်။ချောမောခန့်ညားသည်မဟုတ်သော်လည်းသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပုံကြောင့်ဖြစ်လိမ့်မည်လို့ပဲသူတွေးထင်လိုက်ပြန်တယ်။

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now