Part-30(Uni+Zg)

77 4 2
                                    

"ဒေါ်ဒေါ်တုတ်..ဒေါ်ဒေါ်တုတ်ရှိလားဟင်"

"ဝေ့ ခြံဝကဘယ်သူတုန်း အထဲဝင်ခဲ့လေကွယ်"

"ကျွန်မပါဒေါ်ဒေါ်တုတ်ရဲ့ တစ်ယောက်တည်းဘာတွေချက်နေတုန်း"

ကွမ်းတစ်ဝါးဝါးနှင့်အမယ်အိုကြီးမှစူးစိုက်ကာမော့ကြည့်လာခဲ့သည်။ဆံနွယ်ရှည်များတစ်လွင့်လွင့်ဖြင့်သနပ်ခါးပါးကွက်ခပ်ပါးပါးလေးသာကွက်လို့ ရင်ဖုံးအင်္ကျီချည်ထမိန်ဝမ်းဆက်နဲ့အလှကျူးနေသူမိန်းကလေးကိုတွေ့သည့်အခါမှခပ်ရေးရေးပြုံးပြကာ..

"သရဖီပဲ..ဘယ်ကလှည့်လာသလဲ ထိုင်လေ"

"ဘယ်ကမှမလှည့်ပါဘူး ဒီကိုပဲသပ်သပ်လာခဲ့တာ ဟို မြတ်ကျော်ဘယ်သွားလဲဒေါ်ဒေါ်တုတ်"

"အေး ညည်းသူငယ်ချင်းကတော့သိတဲ့အတိုင်း အပေါင်းအဖော်တစ်သိုက်နဲ့ထန်းတောသွားလေရဲ့"

"ဟယ်တော်..ဒီအကောင်ကတော့လေ "

ကျိတ်မနိုင်ခဲမရဖြစ်နေတဲ့မိန်းကလေးကြောင့်အဖွားကြီးကပြုံးစစလုပ်နေခဲ့ရင်း..

"ငကျော့်ကိုပြောစရာရှိလို့လား"

"မဟုတ်ပါဘူး သူနဲ့ချိန်းထားခဲ့တာ ရွာထိပ်ကစေတီမှာပုတီးလေးသွားစိပ်ချင်လို့လေ ဒေါ်ဒေါ်တုတ်လည်းသိတဲ့အတိုင်း ရွာထိပ်ကမိန်းကလေးတစ်ယောက်တည်းသွားမကောင်းလို့ သူ့အဖော်ခေါ်မယ်လုပ်ပါတယ် သူကထန်းတောရောက်နေပြီ ဒီလိုတွေသိလို့ကြိုပြောခဲ့တာကို ဒင်းတော့လား"

"ဟားဟား ပြန်လာမှာပါသရဖီရယ် ညည်းနှယ် ငါ့သားတော်မောင်ကိုကြိမ်းဝါးနေလိုက်တာ"

အဖွားကြီးစကားကြောင့်သရဖီဆိုသည့်အမျိုးသမီးကလေးမှာရယ်ကျဲကျဲလေးဖြစ်သွားရသည်။

"ဟီးး ပြောလို့ရတာမဟုတ်ဘူး အဲ့ဒီ့ကောင်ပေါင်းနေတဲ့ကောင်တွေထဲမှာ တိုးအောင်တစ်ယောက်ပဲစိတ်ချရတာ ကျန်တဲ့ကောင်တွေကလူမိုက်လိုလိုဘာလိုလိုတွေ လူရမ်းကားတွေချည်းပါပဲ"

" လူရမ်းကားတွေဆိုပေမယ့်သူငယ်ချင်းကိုတော့ချစ်ရှာပါတယ်..အခုလည်းသူတို့ပဲလာခေါ်သွားတာ"

"အမေ..အမေရေ..သားပြန်လာပြီ ဟိုကောင်တွေလည်းပါလာတယ် ဒီမှာသားတို့ဂဏန်းတွေနှိုက်လာတာပြုတ်ပေးပါအုံးအမေရ ငပိရည်တို့စရာနဲ့စားချင်လို့ပါ"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now