Part-26(Uni+Zg)

64 5 3
                                    

ရွှေချိုးတစ်ယောက်မျက်နှာမအီမသာနဲ့ပဲကားလေးပေါ်လိုက်ပါလာလေတယ်။.အကြောင်းကလဲ့လဲ့နိုင်ပါလာခြင်းကြောင့်

"ဟဲ့..."

"ဟင်"

"ဟိုကလေးကဆူပုတ်နေတာပဲ ဘာဖြစ်တာလဲ နင်နဲ့စိတ်ကောက်နေတာလား"

သူမပြောပါမှပဲကားအနောက်ခန်းကိုသက္ကမှန်ထဲကတစ်ဆင့်ကြည့်လိုက်မိတယ်။ဆူပုတ်နေတဲ့နှုတ်ခမ်းလေးကိုမြင်ရတော့မသိမသာလေးပြုံးလိုက်မိပြီ..

"ထားလိုက် သူစိတ်မကြည်လို့နေမှာ"

"ဟင်း...စိတ်မကြည်ရင်ဘာကိုမကြည်သလဲမေးရမှာပေါ့ နင့်ကိုတစ်ခုခုကောက်နေတာလားမှမသိတာ"

"မဆိုင်ပါဘူး"

ဂရုမစိုက်သည့်ဟန်ပြုမူတော့သူငယ်ချင်းမခမျာရွှေချိုးဆီစောင့်ငဲ့ကြည့်ကာဖြင့်..

"ရွှေချိုးကမျက်နှာတည်လေးနဲ့ဆိုတော်တော်ချောတာပဲ.."

"နင့်အပူမပါဘူး "

"အမှန်ပြောတာပါဟ"

"လဲ့နိုင်ရာ..နင်အရမ်းစကားများတာပဲ..ဟမ်"

လဲ့နိုင်ခေါင်းကိုရုတ်တရပ်လှမ်းပုတ်လိုက်ရင်းကောင်လေးရဲ့ရင်ထဲလောင်နေတဲ့မီးစလေးဆီဆီလောင်းပေးလိုက်မိသည်။ရဲရဲနီတက်လာတဲ့မျက်နှာလေးနဲ့မလိုက်ဖက်စွာဝဲတက်လာနေတဲ့မျက်ရည်ဥလေးတွေကအနှီကောင်လေးရဲ့ဆွဲဆောင်မှုများဖြစ်လေမလား..

"ရွှေချိုး..ဟေ့ကောင်..ဘာလို့ဒေါသတွေထွက်နေတာလဲ..ငါဘာလုပ်မိလို့လဲ"

မျက်နှာငယ်လေးနဲ့မေးလာတဲ့ဟင်္သာကိုလည်းသူဂရုမစိုက်နိုင်သေး...

"ငါ့ခေါင်းကိုမထိနဲ့ မကြိုက်ဘူး"

"ထိချင်လို့ဟာ..ဘာဖြစ်ချင်လဲ"

"ရားးးးငါဒေါသဖြစ်လာပြီ"

"ဒီနေ့ကျောင်းကရောက်အုံးမှာလားဗျ"

စိတ်မရှည်သည့်လေသံဖြင့်ထမေးကာမှနှစ်ယောက်သားမှာငြိမ်သက်သွားလေရဲ့..

"မီးပွိုင့်တွေမိနေလို့လေ ဘာလို့ကိုယ့်ကိုဒေါသဖြစ်နေရတာလဲ"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now