Part-37(Uni+Zg)

64 5 2
                                    

"Baby.."

"ဗျာ"

"ဟိုရောက်ရင်ဆေးသောက်ဖို့မမေ့နဲ့အုံး ရွှေချိုးကိုအာရုံရောက်ပြီးဆေးသောက်ဖို့မေ့သွားရင်အဆင်မပြေဘူး ဆေးရုံပြန်တက်နေရမယ် ကြားလား"

"ဟုတ် သိပါတယ်"

ဖြိုးခန့်ကလမ်းတစ်လျှောက်လုံးအိပ်ငိုက်ပြီးပါလာတယ်။အပူအပင်ကင်းနေတာလည်းဖြစ်ပါမယ်လေ..

"ဟယ်လို.."

"ရွာရောက်နေပြီလား"

"အော်အေး ရာဇာ..ငါမင်းကိုတောင်မပြောခဲ့ရဘူး"

"ရတယ် "

"အင်း"

"မင်းလည်းဆိုးတယ်နော်"

"ငါကဆိုးတယ် ဘာလုပ်မိလို့လဲ"

"ဆေးရုံဆင်းဖို့တားနေတဲ့ကြားကရအောင်ဆင်းသွားတယ် ငါ့ကိုတောင်အကျိုးအကြောင်းပြောမသွားဘူး"

"မင်းကိုပြောရင်မင်းကပေးဆင်းမှာမဟုတ်ဘူးလေ အဲ့ဒါကြောင့် Daddyခွင့်ပေးလိုက်တာ အဆင်ပြေသွားတယ်"

"ဟင်းးး side effectတွေကိုသိထားရဲ့လား မင်းသွင်းလက်စဆေးတွေနဲ့ ဆက်လုပ်ရမယ့်ကုသမှုတွေကိုအာရုံရောရှိသေးရဲ့လားသက္ကဇော် ရွာရောက်မှတစ်စုံတစ်ခုဖြစ်လာခဲ့ရင်ကူကယ်ရာမရှိဘူးကွ"

"မင်းကရုတ်တရပ်ကြီးလာဆူနေတယ် ငါအခုထိအဆင်ပြေနေတာပဲလေ"

"ခေါင်းမာလိုက်တာ"

"ဟက် စိတ်မပူနဲ့ တစ်ခုခုဖြစ်လည်းDaddyပါလာတာပဲဟာ စိတ်ချ"

"အန်ကယ်ပါလိုက်သွားတာလား"

"ဟုတ်တယ်ရာဇာ သူ့တစ်ယောက်တည်းစိတ်မချလို့"

ဖုန်းထဲကအမေးကိုနန္ဒဇော်ကားမောင်းရင်းကပြန်ဖြေလိုက်တော့သည်။သက္ကနှုတ်ခမ်းဆူသွားခဲ့ပြီးခပ်တိုးတိုးလေးရေရွတ်လိုက်သည်ကား

"ဟင်္သာကိုချော့ချင်လို့လိုက်လာတာကိုများ"

"Babyဘာပြောတာလဲ"

"ဘာမှမဟုတ်ပါဘူး ဒါဆိုရာဇာ မင်းဘာ​ပြောချင်သေးလဲ"

"ဒီလောက်ပါပဲထွေထွေထူးထူးတော့မရှိဘူး"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now