Part-5(Uni+Zg)

117 9 2
                                    

"သက္က "

"အေး"

"မနေ့ကကလေးတွေအစမ်းဖြေထားတဲ့အဖြေလွှာတွေဘယ်နားထားလိုက်လဲ"

"ညာဘက်အစွန်းကစားပွဲပေါ်မှာရှိတယ် "

"ဘာလို့အဲ့ဒီ့မှာသွားတင်ထားတာလဲ လေတိုက်လို့လွင့်ကုန်ရင်နင့်ကိုအုပ်ကြီးထောင်းလိမ့်မယ်"

သူငယ်ချင်းမလဲ့လဲ့နိုင်၏စကားကိုအာရုံမပြုနိုင်..စိတ်တို့မှာစောစောစီးစီးဟာသတွေလုပ်ပြခဲ့သည့်လူဆီသာရောက်နေခဲ့ရပြီး လဲ့လဲ့နိုင်၏မျက်စောင်းကြီးမှာလည်းသူ့ထံသို့ဒိုင်းခနဲ..

!ဖြောင်း..!

"အ့..ဘာလုပ်တာလဲ"

"ရိုက်လိုက်တာလေ"

"အေး ဘာလို့ရိုက်တာလဲလို့"

"နင်နွားပွဲစားလုပ်နေလို့ရိုက်လိုက်တာ..ငါကတော့အရူးမကြီးလိုပဲစကားတွေပြောလို့ နင်ကသွားကြီးဖြီးပြီးထိုင်နေတာလေ "

"အော်...ဟဲဟဲ "

သူ့ကိုယ်သူဒီလောက်အထိဖြစ်သွားလိမ့်မယ်လို့မထင်မိဘူး အကျိုးအကြောင်းတစ်စုံတစ်ရာမရှိပါပဲ ရွှေချိုးဆိုသည့်လူအားသဘောကျနေမိသည်။

"ငါတော်တော်ရုပ်ပျက်သွားလား"

"သက္ကဇော်..နင်ဂေါက်များသွားသလားဟယ်"

"အမ်..ဘာ..ဘာဖြစ်လို့လဲဟ"

"နင့်ပုံစံနင်ပြန်ကြည့်လေ ကိုယ့်ကိုယ်ကိုယ်လည်းပြန်မေးအုံး ငါခွန်းသက္ကဇော်မှဟုတ်ရဲ့လားလို့"

သက္ကနှာခေါင်းရှုံ့လိုက်တယ်။ဒါကိုမြင်လိုက်ရတဲ့လဲ့လဲ့နိုင်မှာနားထင်အားဖိကိုင်ရင်း..

"ဟုတ်ပါတယ် တစ်ကယ်ကိုဂေါက်နေပါပြီ ဆယ်တန်းတုန်းကစာပြီးရင်းစာ စာပြီးရင်းစာခဲ့ရတော့အခုမှဦးနှောက်ကိုထိတာနေမှာ..ကျွတ်ကျွတ်..ငါ့သူငယ်ချင်းလေးသနားလိုက်တာ.."

"လဲ့လဲ့နိုင်.."

"ဘာလဲ "

ဆရာဆရာမနားနေခန်းထဲနှစ်ယောက်တည်းရှိ၍သာတော်တော့၏။ဘယ်လိုပဲဖြစ်ဖြစ်သက္ကပုံမှန်မဟုတ်တာကိုတော့သူမအတည်ပြုလိုက်ပါပြီ..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now