Part-12(Uni+Zg)

89 7 5
                                    

"ငါ့ကြီးဒေါ်ပေါ့ကွာ အပျိုကြီး အခုငါတို့တစ်မိသားစုလုံးကိုသူ့အိမ်ပေါ်ခေါ်တင်ထားတာ"

"အင်း "

"အဲ့ဒါ သူကဗေဒင်ဆရာမ .ဘာသာရေးအရမ်းလုပ်တယ်.ဆိုတော့ကား..ငါဆယ်တန်းစဖြေတဲ့နှစ်ပေါ့..."

"အင်းအင်း.."

"ထုံးစံအတိုင်းသူငါ့ကိုဗေဒင်တွက်ပါလေရော အောင်မလားကျမလားပေါ့ အဲ့ဒီ့မှာဗေဒင်ကဟောလိုက်ရောကွာ...ဆယ်တန်းကိုငါကခြောက်နှစ်ခုနှစ်နှစ်လောက်ဖြေရမှာတဲ့"

"ဟာ..ဘယ်လိုဗေဒင်လဲကွ အတိအကျကိုဟောတာပဲလား"

စပ်စုစိန်ရွှေချိုးကတော့ထုံးစံအတိုင်းမေးခွန်းထုတ်လေပြီ..

"အမှန်တော့ သူဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ပြောလိုက်တာ အဲ့ဒါကိုငါ့အမေကတစ်ထစ်ချယုံကြည်ပြီးတစ်နေ့တစ်နေ့ယတြာတွေချေလိုက်တာဆိုတာပြောမနေနဲ့ဟေ့ကောင်ရေ"

"နေစမ်းပါအုံး အဲ့ဒီ့ဗေဒင်ကအတုမှန်းမင်းဘယ်လိုသိခဲ့တာလဲ"

"ပြောမယ်လေ အဲ့ဒီ့လိုယတြာချေရော ငါပြောတယ် ကြီးဒေါ် ကိုယ်လုပ်မှကိုယ်ရတာလို့ပြောလည်း သူလက်မခံဘူး ငါကနှစ်ရှည်ဖြေပြီးမှအောင်မယ်ဆိုတာချည်းပဲ သူပြောသလိုမဟုတ်ရင်လည်တောင်စင်းပေးမယ်ဆိုပဲ ဖြစ်ချင်တော့ကွာ ပထမဆုံးနှစ်ဖြေဖြေချင်းမှာပဲမေးခွန်းတွေကငါအကုန်ရပြီးသားတွေ"

"အောင်ပြီပေါ့မင်း.."

အားရဝမ်းသာပြောလာတဲ့ဟင်္သာစကားကိုခေါင်းအသာခါပြလိုက်ကာ..

"မင်းတို့စဥ်းစားကြည့်ကွာ ငါ့ကိုဒီအချိန်အထိကျွေးမွေးပြုစုစောင်​ရှောက်လာတဲ့ငါ့ကြီးဒေါ် ငါ့ရဲ့ကျေးဇူးရှင်လေ ဟုတ်တယ်မလား..ငါသာဖြေနိုင်လို့အောင်သွားရင်သူ့ဟောကိန်းမှားပြီ သူ့ဟောကိန်းမှားရင်သူ့သိက္ခာလည်းရေစုန်မျောမှာပဲ နောက်ပြီး ငါတို့အိမ်ကသူ့ဗေဒင်တွက်ခနဲ့စားနေတာ "

"အဲ့ဒီ့တော့ "

"ဟဲဟဲ ငါဘာမှမဖြေပဲဖြေချင်ရာတွေဖြေလာလိုက်တယ်"

"ဟာကွာ.ဖြိုးခန့်ရာ မင်းမို့လို့ဒီလောက်ကံကောင်းတဲ့အရာကိုလက်လွှတ်ရက်တယ်"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now