Part-18(Uni+Zg)

87 6 3
                                    

"ရပြီဟန်သူ.."

"..."

"ဟဲ့..မတ်တပ်ကြီးသေနေတာလား.."

ဆိုင်ထဲပြန်ဝင်ဖို့လှည့်အထွက် မတ်တပ်ကြီးရပ်ပြီးဆိုင်အတွင်းကိုစိုက်ကြည့်နေတဲ့လူကြောင့်လဲ့နိုင်မျက်နှာမှာအလိုမကျမှုတွေကအထင်းသားပင်..

"ဖြိုးဟန်သူအောင်...ဟဲ့..ဟန်သူ.."

နားထင်မွှေးကိုလှမ်းဆွဲပါမှပဲသူမဘက်လှည့်ကြည့်လာတဲ့သူငယ်ချင်းဖြစ်သူဟာမျက်ခုံးတန်းတို့တွန့်ချိုးထားခဲ့ကာ..

"ဘာဖြစ်တာလဲ ရုတ်တရပ်ကြီး"

"အင်း..ဘာမှမဖြစ်ပါဘူး နင်ပြီးပြီလားမုန့်ဝယ်တာ"

သံသရာမျက်ဝန်းတို့နှင့်ပဲမော့ကြည့်မိလျက်ခေါင်းငြိမ့်ကာဆိုင်ထဲဝင်ခဲ့လိုက်မိသည်။အထဲပြန်ရောက်တာနဲ့ပဲဖက်လှဲတကင်းနေနေပြန်တဲ့နှစ်ယောက်ကြောင့်လဲ့နိုင်မှာမျက်စောင်းတစ်ထိုးထိုးဖြင့်..

"ကိုရာဇာနဲ့ကိုမင်းခန့်တို့ကတော့ ပြော..မပြောချင်တော့ပါဘူးနော် ရန်ဖြစ်ပြီးသတ်ကြတာဘယ်နှစ်စက္ကန့်လောက်များခံလိုက်သလဲဟင်"

"အစပြန်မဖော်နဲ့ တိတ်တော့"

"အံမယ်..ဖော်တော့ဘာဖြစ်လဲ ဒုက္ခပဲ နင်တို့ခွေးရူးပြန်ပြီးလူကြားမကောင်းတွေဖြစ်ကြတာငါတို့မှာဘယ်လောက်ထိပူရတယ်မှတ်လဲ"

"အမှန်ပဲနော်ဟေ့ကောင်တွေ "

ကြားထဲက သက္ကတို့ပါပြန်ရောက်လာခဲ့ပြီးပြုံးစိစိလုပ်လျက်စနောက်နေခဲ့သည်။ဒီအချိန်ဟန်သူကတော့မင်းခန့်မျက်နှာကိုသာတွေတွေကြီးစိုက်ကြည့်နေခဲ့ရင်း..

"ဘာလဲ ငါ့မျက်နှာတစ်ခုခုပေနေလို့လား"

"ဟင့်အင်း..မပေပါဘူး "

"ဒါဆိုဘာလို့ငါလာကြည့်နေလဲ မင်းချစ်သူကရာဇာလေ သူ့ကိုကြည့်"

"ဒီအတိုင်း ငါနည်းနည်းသံသယဝင်နေမိလို့"

"ဘာ..ဘာကိုသံသယလဲ"

"မင်းရာဇာ့ကိုသဘောကျနေတာလား"

"ဟမ်.."

ဆိုင်ထဲအများသူငှာစကားပြောသံတွေကြောင့်ဟန်သူ့စကားကိုနောက်ပြောင်ကျီစယ်နေတဲ့ရာဇာတို့အဖွဲ့ပြတ်ပြတ်သားသားမကြားမိလိုက်သည်မှာခံသာသွားရတယ်။မင်းခန့်မျက်မှောင်ကျုံ့ချလိုက်မိပြီး..လေသံကိုနိမ့်ကာ..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now