Part-42(Uni+Zg)

53 2 0
                                    

"ဆွမ်းတော်ဗျို့..."

ကြေးစည်တစ်နောင်နောင်နဲ့ဘုန်းကြီးကျောင်းသားလေးရဲ့အော်ဟစ်သံကလက်ပံကုန်းရွာကလေးကိုအုပ်မိုးသွားတယ်။ရောင်နီပျိုးစအချိန်ဖြစ်လို့ ပတ်ပတ်လည်ကတောတန်းတောင်တန်းတွေပေါ်မှာမြူခိုးတွေကခပ်ဝေ့ဝေ့.....

"ဟင်းးး"

"နိုးပြီလားကိုသက္က"

"အွန်း.."

ဒီနေ့မနက်ကြည်ကြည်လင်လင်ပဲနိုးထလာတဲ့လူကဖြူဖက်ဖြူရော်နှုတ်ခမ်းတို့နှင့်ပင်ဖြစ်၏။ရွှေချိုးလုပ်လက်စအလုပ်ကိုပစ်ထားလိုက်ရင်းအသင့်ပြင်ထားတဲ့ရေဇလားနဲ့အဝတ်ဖြူစကိုသက္ကအနားယူချလာလိုက်တယ်။

"မျက်နှာသစ်ပေးမယ် စောင်ကြီးခဏဖယ်လိုက် "

"ရပါတယ် ကိုယ်လုပ်နိုင်တယ်"

"ပြီးရင် အနားမှာရှိမနေဘူး ပစ်ထားခဲ့တယ်ဆိုပြီးပြောနေမှာမလား အဲ့ဒါတွေကြောက်လို့ကျုပ်ကြိုပြင်ထားတာ ကျုပ်ပဲသစ်ပေးမယ်"

"ဟက် မင်းဘာလို့အမြဲဆူပုတ်ပုတ်လေးပြန်ခံပြောတတ်တာလဲ "

"ဟီးးး "

ရေစွတ်ပြီးညှစ်ချလိုက်တဲ့ရေတွေကဇလားလေးထဲပလုံပွက်ကာသက်ဆင်းလာခဲ့သည်။

"မော့.."

"အင်း.."

ရေစိုဝတ်လေးမျက်နှာပေါ်ပွတ်တိုက်သွားခြင်းနဲ့အတူသက္ကတစ်ကိုယ်လုံးလန်းဆန်းသွားသလိုခံစားလာရတယ်။ရုတ်တရပ်ကြီးသူရေချိုးချင်လာသလိုပဲ..

"ကိုယ်ရေချိုးလို့ဖြစ်မလား"

"အဲ...အနာထဲရေဝင်ရင်ဘယ်လိုလုပ်မတုန်း "

"အင်း....အရမ်းနုံးပြီး ပူနေလို့ "

မျက်နှာငယ်လေးနဲ့ပြောရှာတာကြောင့်ရွှေချိုးအကျပ်ရိုက်သွားရပြီး..

"ကဲဗျာ အင်္ကျီချွတ်"

"အမ်..ချိုးလို့ရတယ်ပေါ့"

"ပူနေတာမလား ရေပက်တိုက်ပေးမယ်လေ နော် ရေကတော့မချိုးပါနဲ့အုံး "

ဒီလောက်ကတော့သူနားလည်နိုင်ပါတယ် ကလေးလည်းဟုတ်မနေပဲလေ ...ဘာလို့များရွှေချိုးကသူ့ကိုကလေးတစ်ယောက်လိုဆက်ဆံနေခဲ့ရသလဲ

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now