Part-8(Uni+Zg)

127 8 2
                                    

"မင်းခန့်..ဟဲ့..ချစ်မင်းခန့် "

မာတာမိခင်ရဲ့အသံဆိုးကနားထဲဝင်လာခဲ့ရင်းအပေါက်အဖာဗရပွနဲ့ခြင်ထောင်အစုတ်လေးထဲကနေသူထထွက်လာလိုက်သည်။

"ဟဲ့..အခုထိမျက်နှာမသစ်ရသေးဘူးလား "

"အခုမှနိုးတာ"

"ဘာပြောတယ် နင့်မလည်းအလုပ်ကြီးအကိုင်ကြီးတွေလုပ်နေရတယ်ဆိုတော့တော်တော်ပင်ပန်းနေတယ်ပေါ့ "

မဲ့ကာရွဲ့ကာနှင့်ပြောလာသည်များအားစိတ်ထဲထားမနေတော့ပေ..ခေါင်းရင်းကြည့်လျင်လောင်းကစားဝိုင်းနှင့်ခြေရင်းကြည့်လျင်အရက်ဝိုင်းတွေ့နေရသောအိမ်ထဲ တစ်စက္ကန့်မျှပင်အသက်ရှင်ချင်စိတ်မရှိ..

"မျက်နှာသစ်ပြီးငါ့ကိုပိုက်ဆံသွားယူပေးပါအုံး"

မင်းခန့်မျက်မှောင်ကျုံ့လိုက်မိတယ်။စောစောစီးစီးအကြွေးယူခိုင်းနေတာလား..သားသမီးကိုလေ..

"အမေ..ဘယ်ကပိုက်ဆံရှိလို့သားကယူပေးရမှာလဲ အရင်နိုင်သွားတဲ့ပိုက်ဆံတွေရော ဘယ်ရောက်ကုန်ပြီလဲ "

"အဲ့ဒါနင်နဲ့မဆိုင်ပါဘူး သက္ကဆီကဖြစ်ဖြစ် ရာဇာ့ဆီကဖြစ်ဖြစ်ပေါ့ဟယ် အများကြီးမဟုတ်ဘူး ငါးသောင်းလောက်ပဲ"

"ကျစ်..စောစောစီးစီးဗျာ သားကိုသူငယ်ချင်းတွေကြားထဲမျက်နှာငယ်စေချင်နေတာလား အမေတို့လုပ်ပုံကမဟုတ်သေးဘူး.."

စိတ်ရှုတ်နေရင်းကပဲအိပ်ယာတွေကိုဖြုတ်သိမ်းနေလိုက်သည်။ခါးကြီးထောက်ပြီးကြည့်နေတဲ့မိခင်ဖြစ်သူကတော့စိတ်ထဲကျိန်ဆဲနေမှာပင်

"နင့်ကိုအကူအညီတောင်းနေတာပါ အမေသေချာပေါက်ပြန်ဆပ်ပေးပါ့မယ် "

"တော်ပါတော့ဗျာ သက္ကဆီကဆွဲရလွန်းလို့မျက်နှာတွေလည်းပူနေပြီ ဆွဲသမျှပိုက်ဆံတွေရောအမေပြန်ဆပ်နိုင်လို့လား သားကျွန်ခံပြီးဆပ်ရင်တောင်ကျေမှာမဟုတ်ဘူး"

"ဟေ့ကောင်မင်းဘာစကားပြောတာလဲ"

!ခွပ်..!

"အ့.."

ခြေရင်းဘက်ပုလင်းထောင်နေတဲ့ဖခင်ဟာထလာပြီးအမှန်တွေပြောနေတဲ့သူ့ကိုဆွဲထိုးလေရဲ့..

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now