Part-47(Uni+Zg)

96 3 0
                                    

ဒီကနေ့ လက်ပံကုန်းမှာမိုးလေးအုံ့တုံ့တုံ့ဖြစ်နေလေရဲ့...မိုးသက်လေ ခပ်အေးအေးလေးကလည်းရွာလမ်းမကြီးပေါ်ကသစ်ရွက်ခြောက်တွေကိုဖယ်ရှားပစ်လိုက်သည်အထိဝေ့ဝဲကာတိုက်ခက်လာခဲ့၏။

ဒီလိုရာသီဥတုမျိုးဆိုလို့ကတော့တစ်သက်လုံးနေရဆိုလျင်လည်းသူနေနိုင်ပါသည်။ရင်ခွင်ထဲတွန်းထိုးအိပ်နေသည့်ကောင်လေးအားငုံ့ကြည့်အပြီး နားသယ်စပ်ကလေးကိုပွတ်သပ်ပေးလို့ သူ့ခမျာအလုပ်ရှုပ်နေရှာသည်။

"အင့်.."

"နိုးရင်ထတော့ "

"ဟင်.."

"နိုးရင်ထတော့လ်ို့ပြောတာ"

ဖြိုးခန့်ကမျက်လုံးလေးတွေလှန်ကြည့်လာခဲ့ရင်း ဆူပုတ်ပုတ်လေးဖြစ်သွားခဲ့ပြီးမှ ဇင်ထက်ရင်ဘတ်ကိုလည်းပွတ်သပ်လို့ဖြင့်..

"ဒီနေ့တစ်နေ့လုံးမင်းရင်ခွင်ထဲမှာနေချင်တာကို "

"မဟုတ်တာကိုလုပ်ချင်မနေနဲ့..ငါ့မှာအလုပ်တွေရှိသေးတယ် မင်းကိုလည်းပြန်ပို့ရအုံးမယ်လေ"

ရုတ်တရပ်ကြီးဖြိုးခန့်တစ်ယောက်ဝုန်းခနဲထထိုင်လေတယ်။မျက်ခုံးတန်းတွေကတွန့်ချိုးထားခဲ့ရင်း..

"ဘယ်ကိုပြန်ပို့မှာလဲ မင်း..မင်းနဲ့ငါနဲ့က ဟိုဒင်းဟိုဟာ..အဟွာပြုပြီးသွားပြီလေ ငါ့ကိုစားပြီးနားမလည်တော့မလုပ်ပါနဲ့"

"ဝင်းဖြိုးခန့်"

ဇင်ထက်ပိတ်ဟောက်ပေးလိုက်ချိန် တောင်ရောက်မြောက်ရောက်မျက်ဝန်းတွေငြိမ်သက်သွားခဲ့တယ်။

"ဒီလောက်တောင်အတူနေချင်ရင်နေရမယ် အေး..ဒါပေမယ့် အခုလောလောဆယ် မင်းကိုဘုန်းကြီးကျောင်းပို့ပြီး ဆရာတော်ဘုရားဆီမှာအကျိုးအကြောင်းလျှောက်ရမယ်လေ လောလောလောလောနဲ့ မင်းဘာဖြစ်နေတာလဲ"

ဖြိုးခန့်ငြိမ်သက်နေရာကမျက်လုံးလေးတွေကိုပွတ်သပ်ရင်းခေါင်းငြိမ့်ရှာတယ်။

"ဟုတ်သားပဲ ငါတွေးဖို့မေ့သွားတာ"

"နောက်ပြီး မင်းမိဘတွေကိုလည်းပြောရအုံးမယ် ငါ့အမိကိုလည်း​ပြောရမယ် လုပ်ရမှာတွေအများကြီးရှိသေးတယ် "

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now