Part-16(Uni+Zg)

114 8 3
                                    

မနက်ခင်းတိုင်းကလှပတယ်။ဒီနေ့မနက်ကတော့ရွှေချိုးနိုးမလာချင်တဲ့ပထမဆုံးသောမနက်ခင်းပါပဲ..ဘေးကိုကြည့်တော့ဟင်္သာလည်းရှိမနေဘူး..ကြည့်ရတာအောက်ဆင်းသွားပြီထင်တယ်။

"အကိုလေး"

"အော် ဘကြီးမောင်"

"သခင်ကြီးတို့ကအောက်ဆင်းလာဖို့မှာလိုက်တယ် "

"ဟုတ်ကဲ့ ကျွန်တော်အခုပဲဆင်းလာတော့မှာဗျ ဒါနဲ့လေ"

"ပြောပါအကိုလေး"

"ကိုသက္ကလေ..ကိုသက္ကစိတ်ဆိုးနေလားဟင် "

"စိတ်ဆိုးတဲ့ပုံတော့မပေါက်ပါဘူး အကိုလေးမနေ့ညကမူးလာတာကိုတော့သိပ်ပြီးကျေနပ်ပုံမရဘူးခင်ဗျ ဒါကလည်းကျောင်းဆရာတစ်ယောက်ဖြစ်နေတော့ကျောင်းတက်ရမယ့်အရွယ်မှာအရက်သေစာသောက်တာကိုမကြိုက်တာဖြစ်ပါလိမ့်မယ်"

ဦးမောင်ပြောမှပိုပြီးစိတ်ညစ်သွားရသည်။ဘယ်လိုခံယူချက်နဲ့များမနေ့ညကသောင်းကြမ်းလိုက်မိသလဲ..

"ဟူးးး"

"ရွှေချိုး"

အေးစက်စက်အသံကအိမ်ထိန်းရဲ့အနောက်ကနေထွက်လာတာနဲ့အညီကျောင်းစိမ်းပုဆိုးအင်္ကျီအဖြူလေးနဲ့ရင်ဘတ်အိတ်ကပ်ထဲဇီဇဝါပန်းလေးထည့်ထားတဲ့လူတစ်ယောက်အခန်းထဲဝင်လာခဲ့တယ်။

"ဟီးးးကို..ကိုသက္က"

"မင်းကြာနေလို့ကိုယ်တက်လာတာ အောက်ကိုဆင်းလာခဲ့ Daddyမင်းကိုဆူမလို့စောင့်နေတယ်"

"ဗျာ ဦးဇော်ကလား"

"ဘယ်သူရှိသေးလို့လဲ အမြန်ဆင်းလာခဲ့"

"ကိုသက္ကရော ကိုသက္ကစိတ်ဆိုးနေလားဗျ"

မျက်နှာငယ်လေးနဲ့မေးကာမှခပ်စူးစူးပြန်ကြည့်လာပါသောလူ..

"စိတ်ဆိုးတာထက်ပိုတယ် "

"ကိုသက္က"

ကျောခိုင်းကာလှည့်ထွက်သွားသူရဲ့နောက်သူ့မှာသိမ်ငယ်လျက်ကျန်ခဲ့ရသည်။

"အဲ့ဒီ့လောက်လည်းစိတ်မပူပါနဲ့ သခင်ကြီးတို့ကဆူရုံလောက်ပါပဲ အကိုလေးသာအမြန်ဆင်းခဲ့တော့နော်"

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now