Part-39(Uni+Zg)

60 5 0
                                    

ကိုယ်တွေလက်တွေကထုံကျင်ကျင်ဖြစ်နေပြီးပုံမှန်ထက်အေးစိမ့်စိမ့်ခံစားမှုကိုသူခံစားမိတယ်။မျက်ခွံတွေကိုဖက်ခနဲဖွင့်ချလိုက်တဲ့အချိန်နေရောင်ခြည်ခပ်နွေးနွေးကအမြင်အာရုံတွေကိုခပ်ဖွဖွထိုးထားခဲ့လေ၏။

"ဟင်း...."

သက်ပျင်းအသာချလို့ထထိုင်မိတော့ပတ်တီးအဖွေးသားနဲ့နေရာကဆစ်ခနဲပင်..

"အ့..ကျစ်.."

ဘုန်းကြီးကျောင်း ဟုတ်တယ် ညကဖြစ်ရပ်တွေကိုသူအကုန်မှတ်မိပါတယ် ကားပေါ်မှာဒဏ်ရာပြန်ကွဲသွားတာကစလို့ ရွှေချိုးသူ့ကိုမွတ်မွတ်သိပ်သိပ်နမ်းရှုံ့နေခဲ့သည်အထိ တစ်ခုမကျန်သူအကုန်မှတ်မိနေတယ်။

"ဟူးးးအနားမှာလည်းမရှိဘူး ပစ်ထားခဲ့ပြန်ပြီ"

ရုတ်တရပ်ကြီးသူအားငယ်လာသလိုခံစားရတယ်။ဘုန်းကြီးကျောင်းကျယ်ကျယ်လွင့်လွင့်ကြီးထဲမှာသူတစ်ယောက်တည်းရှိနေရတဲ့ခံစားချက်...အနည်းဆုံးတော့မျက်လုံးတွေပွင့်လာခဲ့ရင်ရွှေချိုးအနားမှာစောင့်နေလိမ့်မယ်လို့တွေးထားခဲ့မိတာဟာမဟာအမှား..

"အင့်.."

ရက်ရက်စက်စက်ပစ်ပယ်ထားတဲ့ကောင်လေးကိုသူဘယ်လောက်အထိသနားစရာကောင်းတဲ့အကြောင်းလုပ်ရပ်နှင့်သာသက်သေပြချင်သည်။

ဖြည်းညှင်းစွာပဲမတ်တပ်ထရပ်ဖို့ကြိုးစားပေမယ့်လည်း ဒဏ်ရာရဲ့အောင့်သက်သက်နာကျင်မှုကသူ့တစ်ကိုယ်လုံးကိုကျင်တက်သွားစေခဲ့တယ်။

"အားးးစပ်လိုက်တာ.."

ဘိုင်းခနဲပစ်လဲကျသွားချိန်နာကျင်မှုကြောင့်ရောအားသုံးထားတဲ့အတွက်ကြောင့်ပါသူ့ရင်တစ်ခုလုံးမောဟိုက်နေခဲ့တယ်။

"ဒန့်ဒလွန်ရွက်တွေကိုအရင်ချက်လိုက်မယ် ပြီးမှငါးဆီပြန်လေးချက်တာပေါ့ "

"ကောင်းတယ်လေ ဒါဖြင့်ငါဒန့်ဒလွန်ရွက်တွေအရင်လုပ်ထားလိုက်မယ် မင်းငါးကိုင်ထားနှင့်"

"အင်း.."

ဘယ်သူဘယ်ဝါမသိပေမယ့်ကျောင်းပေါ်တက်လာနေတဲ့လူရိပ်နှစ်ရိပ်ကိုမြင်နေရပြီး..ရုပ်လုံးပေါ်လာချိန်မှာတော့သူစိတ်ပြန်လျှော့ချလိုက်ရပြန်သည်။...ရွှေချိုးဟုတ်မနေခဲ့

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now