Part-23(Uni+Zg)

65 5 2
                                    

"ဟိုကလေး.."

"အင့်.."

"မိုးတွေရွာနေတယ်လေ အိမ်ပေါက်ဝထွက်ရပ်နေတာမအေးဘူးလား"

အိမ်အဝင်ဝမှာလည်တစ်ဆန့်ဆန့်ဖြစ်နေတဲ့သူ့ဆီနန္ဒဇော်မှဆူငေါက်လာခြင်း..

"အွန်း..သိပ်မအေးပါဘူး"

"ဘာသိပ်မအေးတာလဲ အခုအနားလာခဲ့"

ဟင်္သာနှာခေါင်းရှုံ့လိုက်မိတယ်..သူမျက်နှာချင်းမဆိုင်ချင်သေးဘူး ထင်မှတ်မထားတဲ့အခြေအနေတွေအပြီးမှာဦးဇော်အနားရှိနေရင်သူနေမထိထိုင်မထိဖြစ်ရတယ်မဟုတ်လား..

"ကလေး..ဦးခေါ်နေတယ်လေ"

"ကျွန်တော်..မိုးရေ..မိုးရေချိုးချင်လို့"

"ဟာ...အချိန်အခါမဟုတ်ရွာတဲ့မိုးကဖျားတတ်တယ် မချိုးရဘူး"

"ဦးဇော်ကလည်း.."

တစ်ခါလောက်လေးဂျီကျမိပါသည်..ဖက်လက်စစာအုပ်ကြီးပစ်ချလို့အကြည့်စူးစူးများနှင့်ကြည့်လာသည်ကြောင့် ဟင်္သာတံတွေးတစ်ချက်မျိုချလိုက်မိလေရဲ့..

"ဦးစကားကိုနားထောင်စမ်း အခုအနားလာထိုင်"

"ဟင်း...ဟုတ်"

လှုပ်စိလှုပ်စိနှင့်အနားရောက်လာသည့်ကောင်လေးအားနန္ဒဇော်သနားမိသလိုနှလုံးသားတစ်ခုလုံးရင်း၍လည်းချစ်ရပါ၏။ဒူးပေါ်ဘောင်းဘီတိုလေးဝတ်ထားတာမြင်ရတော့ခြေထောက်လေးအေးနေမည်စိုးသည်ကြောင့်ပင်အနားရှိသည့်ကုတ်အင်္ကျီနှင့်အုပ်ပေးထားလိုက်တော့သည်။

"ရပါတယ်ဗျ ဥိးဇော်အင်္ကျီကိုကျွန်တော့်ခြေထောက်နဲ့..."

"ဟက်..မင်းပေါင်ကြားထဲတောင်ဦးမျက်နှာအပ်ခဲ့သေးတာပဲကွာ.."

"ဟာ...."

"ဟားဟားဟား.."

ဟင်္သာမျက်နှာလေးနီရဲသွားရှာပြီးခန္ဓာကိုယ်လေးဟာလည်းကူကယ်ရာမဲ့စွာပင်ကတုန်ကရီဖြစ်ရတယ်။ဒေါသထွက်ချင်စရာကောင်းသည့်လူကတော့သဘောကျနေသည်တဲ့..

"ဦး..ဦးဇော်နော်..ဟင့်.."

"ဦးဘာလုပ်မိလို့လဲ"

"အဲ့ဒါပြောသင့်တဲ့စကားလားလို့..နောက်ပြီး ကျွန်တော်ရှက်တယ် "

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now