Part-32(Uni+Zg)

81 5 4
                                    

"နင်ပြန်အုံးမှာလား"

"အေး ပြန်ရမယ် ကိစ္စလေးတွေရှိနေတယ်"

"ငါလိုက်ပို့မယ်လေ မင်းခန့်နားမှာရာဇာလည်းရှိနေပေးနိုင်ပြီဆိုတော့ငါလည်းအိမ်ခဏပြန်ချင်သေးလို့"

မို့အစ်နေတဲ့မျက်ခမ်းစပ်တွေကိုတွေ့နေရပေမယ့်ဖြေရှင်းစရာကိစ္စလေးတွေကြောင့်မမေးဖြစ်လိုက်ပေ..လဲ့နိုင်ကအမြဲပျော်ပျော်နေတတ်သူဖြစ်တာကြောင့်အခုလိုတိတ်ဆိတ်သွားခြင်းကသက္ကစိတ်ထဲလေးလံစေတဲ့ဝန်တစ်ခုလိုပဲရှိနေတယ်

"အကိုတို့ "

"အော် သီတင်းလာမေးတာလား"

"ဟုတ် အကိုခန့်အဆင်ပြေလားဟင် သက်သာလားဗျ"

"အင်း အထဲမှာရာဇာနဲ့တောင်ရန်ဖြစ်နေနိုင်ပြီ ဝင်သာကြည့်တော့ အကိုကမင်းသူငယ်ချင်းတွေနောက်လိုက်သွားရအုံးမယ်"

"ဗျာ..ကျွန်တော့်သူငယ်ချင်းဆိုတော့.."

"မသိသေးဘူးလား ရွှေချိုးတို့ညီအကိုရွာပြန်သွားကြပြီ"

"ဘာကြီး"

ဖြိုးခန့်မျက်နှာကမှောင်မိုက်သွားရှာပြီးသက္ကတို့ဆီပြူးကြောင်ကြောင်ကြည့်လာပြီးမှ

"ကျွန်တော့်ကိုဘာမှတောင်ပြောမသွားဘူး မဟုတ်တောင်ဒီစာမေးပွဲပြီးရင်ရွာအလည်သွားကြမယ်လို့တိုင်ပင်ထားတာ"

"အင်း အကိုတို့ကြားထဲမှာပြသနာလေးတွေရှိနေလို့စိတ်ဆိုးပြီးပြန်သွားကြတာ အဲ့ဒါအကိုလိုက်ခေါ်ရမယ်"

"ဒီလိုဆိုကျွန်တော်လည်းလိုက်တာပေါ့ ရွာကထွက်လာတာကြာပြီဆိုတော့လမ်းကြောင်းမသိလို့ခတ်နေတာ အကိုတော့သိမယ်မလား"

"ကျောင်းကိုဘယ်လိုထားခဲ့မလဲ"

"ဟင်း မသိတော့ဘူးအကိုရာ ကျွန်တော်လည်းရွာမှာလုပ်စရာလေးတွေရှိ​နေလို့"

စိတ်ရှုတ်နေဟန်ရှိတဲ့ဖြိုးခန့်ကိုသက္ကခေါင်းငြိမ့်ပြလိုက်ပြီး

"ကောင်းပြီလေ လိုက်ခဲ့ပေါ့ မနက်စောစောဆင်းမယ်လေ ဖြစ်လား"

"ဟုတ် အခုတောင်ညဥ့်နက်နေပြီ "

"သွက်သွက်လုပ်ပေါ့ကွာ မနက်စောစောဆိုပေမယ့် အားလုံးပြီးတဲ့အချိန်မှထွက်မှာပါ "

~မေတ္တာလုံ၍နွေးစေချင်~(On going)Where stories live. Discover now