Part-34[Uni&Zaw]

24.7K 1.9K 299
                                    

Unicode

"မျက်လုံးကပန်းသီးဆိုင်ကိုပဲကြည့်မနေနဲ့ ဟိုနေ့ကဝယ်ထားတာအများကြီးကျန်သေးတယ်"

အသီးတန်းဘက်ရောက်လာထဲကနေအခုအချိန်ထိ ပန်းသီးဆိုင်တွေကိုပဲဝေ့ဝဲကြည့်နေသည့် ဇမ်းကြောင့် ညွှန်းဟန့်လိုက်မိ၏။ညွှန်းစကားကိုကြားတော့ ဇမ်းကညွှန်းဘက်ကိုလှည့်လာရင်းပြီတီတီပြုံးကာ

"အခုနောက်ပိုင်း အသီးတန်းဘက်ရောက်တာနဲ့ ပန်းသီးစိမ်းဘဲဝယ်ချင်နေတော့တာ ဘယ်လိုလုပ်ရမလဲ"

"ဘယ်လိုမှမလုပ်နဲ့ အဲ့ဝယ်ချင်စိတ်ကိုအောင့်ထား"

"ပန်းသီးဝယ်ချင်စိတ်ကိုအောင့်ထားလို့ရပေမယ့် ခင်ဗျားကိုနမ်းချင်တဲ့စိတ်ကတော့အောင့်ထားလို့မရဘူးနော်"

လူနား,နားကိုကပ်ပြောလာတဲ့ ဇမ်းစကားကြောင့် ညွှန်းကြက်သီးတွေဖြန်းခနဲထသွားရင်း နားရွက်ဖျားကနေစ ပါးပြင်အထိ နွေးဖျသွားတာခံစားမိ၏။ဘေးကိုကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို ဂရုတစိုက်ကြည့်နေတဲ့ရှင်းကြောင့် ညွှန်းရှက်ရှက်နဲ့ ဇမ်းကျောပြင်ကို လက်ဝါးနဲ့မိတ်ဆတ်ပေးလိုက်မိတော့၏။

"ဖြန်း!"

"ဟ့!"

"မင်းဘယ်လိုဖြစ်နေတာလဲ ဘေးမှာသူများတွေနဲ့"

သူ့လူရှက်မျက်နှာရဲရဲလေးနဲ့ရန်ထောင်လာတော့ ဇမ်းအသည်းယားမိသွားကာ သူနဲ့ခပ်ခွာခွာလျှောက်နေတဲ့ သူ့လူကိုခါးကနေစွေ့ခနဲဖက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်၏။ထုံးစံအတိုင်း ငြိမ်ငြိမ်မနေဘဲ သူ့ကိုတွန်းထိုးလုပ်နေသည့် သူ့လူကို ဇမ်းပိုတိုးဖက်ထားလိုက်ရင်း ရင်ခွင်ထဲကနေမကျေမနပ်ဖြစ်နေသည့် သူ့လူကိုငုံ့မိုးကြည့်လိုက်ကာ....၊

"ဘာဖြစ်လဲ သူများ,များပေါ့....၊ကိုယ့်ယောကျ်ားကိုနမ်းချင်တယ်ပြောတာဘာဖြစ်လို့လဲ"

"မင်း...ပြောလေကဲလေပါလားဇမ်း"

"အဲ့တာဆို မကဲတော့အောင်တစ်ခါနမ်း"

"သေလိုက်"

ဇမ်းရွတ်နောက်နောက်တွေပြောနေတာမို့ ညွှန်းသူ့ရင်ဘတ်ကြီးကို ခပ်နာနာထုပစ်ကာ ရင်ခွင်ထဲကနေထွက်ပစ်လိုက်၏။ပြီးတော့ မကြည်,ကြည့်နဲ့ကြည့်ပစ်လိုက်မိသည်။

You are My BoneWhere stories live. Discover now