Part_37[Uni&Zaw]

24.5K 2K 224
                                    

Unicode

"ဇမ်း"

"........."

"ပြန်လာပြီလား"

အခန်းတံခါးဖွင့်ပြီးဝင်လာတာနှင့် ဇမ်းမှန်းသိတာကြောင့် ညွှန်းဆိုဖာပေါ်ကထကာ အနားကိုလျှောက်သွားရင်းမေးလိုက်၏။သို့သော် ပြန်ဖြေခြင်းမပြုဘဲ ညွှန်းကိုကျော်လျှောက်သွားကာ ဆိုင်ကယ်သော့ကိုသွားချိတ်သည်။ပြီးတာနဲ့ Helmetကို ထားနေကျစားပွဲပေါ်ကိုသွားတင်ထားလိုက်သည်။ပြီးတော့မှ ညွှန်းဘက်ကို အပြုံးအရယ်မရှိသောမျက်နှာနှင့် လှည့်ကြည့်လာတော့ ညွှန်းရင်ထဲထိတ်ခနဲပင်။ညွှန်းကိုကြည့်နေတဲ့ဇမ်းရဲ့မျက်ဝန်းတွေမှာ စိတ်ရှုပ်ထွေးမှု့နဲ့အေးစက်မှု့တို့ကတစ်ချိန်ထဲဖြစ်ပေါ်နေ၏။

"ဒီနေ့.....အိမ်ပြန်နောက်ကျတယ်"

ညွှန်းအသံလေးက တိုးဖျော့ဖျော့။ဇမ်း သူ့ရှေ့မှာအကြည့်လွဲလွဲလေးနဲ့ခပ်ငြိမ်ငြိမ်လေးရပ်နေတဲ့သူလူ့ကို ကြည့်ရင်း အပေါ်ထပ်ဂျာကင်ကိုချွတ်လိုက်၏။ပြီးမှ....၊

"ထမင်းစားပြီးပြီလား"

"ဟင့်အင်း"

"တောက်!ခင်ဗျားကို ထမင်းစားထားနှင့်လို့ကျုပ်မပြောဘူးလား"

တိုးသက်သည့် ညွှန်းလေသံလေးကတစ်ကယ့်တိုးတိုးလေး။သို့ပေမယ့် ဒေါသသံယှက်ဖြာနေသည့် ဇမ်းအသံကတော့ အခန်းထဲမှာခပ်ကြိတ်ကြိတ်ထွက်လာလေသည်။အံကြိတ်လိုက်တိုင်းတင်းခနဲဖြစ်သွားသည့် မေးရိုးတွေနှင့် ဘာကိုဒေါသထွက်မှန်းမသိသည့် ဇမ်းလေသံကြောင့် ညွှန်းရင်ထဲဆစ်ခနဲဖြစ်သွားရကာ....၊

"ဘာကိစ္စနဲ့မင်းကငါ့ကို တောက်,ခေါက်ရတာလဲ...၊အိမ်ပြန်နောက်ကျတာမင်းလေ...၊တစ်နေ့လုံးသွားချင်တိုင်းသွားပြီး အချိန်မတော်မှပြန်လာတာမင်းလေ....၊မင်းကဘယ်သူ့ကို လာဒေါသထွက်ပြနေတာလဲ...ဟမ် ဇမ်း!"

ဝမ်းနည်းမှု့ကြောင့်လား ဒေါသကြောင့်လားမသိ ညွှန်းမျက်ခမ်းစပ်လေးတွေနီရဲလာကာ စကားသံတို့ကပါတုန်နေ၏။ဒါ့အပြင် ညွှန်းရဲ့လက်အစုံကလည်း မကျေမနပ်နှင့် ဇမ်းရင်ဘတ်ပေါ်မှာ တဘုန်းဘုန်းထုနှက်နေခဲ့လျက်။

You are My BoneWhere stories live. Discover now