Part_47[Uni&Zaw]

22.5K 1.7K 349
                                    

Unicode

နူးညံ့အိထွေးတဲ့နူတ်ခမ်းနှစ်စုံရဲ့ထိတွေ့မှု့က စိတ်အစဥ်ကို မီးပွားစလေးတွေဖြစ်စေ၏။နူးညံ့ရာမှတဖြည်းဖြည်း နက်ရှိုင်းလာသည့် ခပ်ပြင်းပြင်းအနမ်းတွေ။နူတ်ခမ်းတွေကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ပေးလိုက်တာနဲ့ ညွှန်းအာခံတွင်းကို သူ့အပိုင်နယ်မြေလိုစိတ်ကြိုက်နယ်ချဲ့နေသော ဇမ်းရဲ့လျှာစိုအိအိ‌ကြောင့် ညွှန်းမှာ နေမထိထိုင်မသာ။ဒါ့အပြင် နူတ်ခမ်းတွေကနေတစ်ဆင့် ညွှန်းလည်တိုင်တို့ကို နီစွေးစေသောအမှတ်တို့ကိုပေးရင် ကျေးနပ်နေသူ။ပြီးတာနဲ့ ညှပ်ရိုးတွေဆီတစ်ဖြည်းဖြည်းရွှေ့လျားလာကာ ဇမ်းရဲ့လက်တွေကလည်း ညွှန်းရဲ့ဗိုက်သားချပ်ချပ်လေးပေါ်မှာ လူးလားခေါက်ပြန်ဆော့ကစားနေခဲ့လျက်။

"ဇမ်း...."

"ဟွန်း !"

အဝတ်မဲ့နေသည့် ဇမ်းရင်ဘတ်ကိုညွှန်းလက်လေးနှစ်ဖက်နဲ့တွန်းထားရင်း ခပ်တိုးတိုးပြောမိသည်။အတော်ကြာအောင် မက်မက်စက်စက်နမ်းရှိုက်ခဲ့တာကြောင့် အနည်းငယ်မောက်ဟိုက်နေသည့်နှစ်ယောက်သားရဲ့လေသံတို့က အနည်းငယ်လှိုက်နေ၏။အဲ့တာထက်ကို ညမီးအိမ်ရဲ့အရောင်ထပ်မှိန်မှိန်အောက်မှာ ဇမ်းကြောင့် ဖရိုဖရဲဖြစ်နေသည့်အဝတ်အစားတွေ။ပြီးတော့ စိုရဲနေသည့်ပန်းသွေးရောင်နူတ်ခမ်းလေးနှင့် ခပ်ရဲရဲမျက်နှာလေး။

"ဇမ်း...."

"မောင်လို့ခေါ် !"

"ဟင်"

"ဟွန်း..."

ညွှန်း အံ့သြသလိုမျက်ဝန်းလေးတွေဝိုင်းစက်သွားတော့ ဇမ်းက ရှက်လို့ရဲနေသည့်ပါးပြင်ရဲရဲလေးကို သူ့နှာခေါင်းနစ်ဝင်သွားတဲ့အထိနမ်းသည်။ပြီးတော့ ချစ်စနိုးအကြည့်တွေနဲ့ကြည့်ရင်းသွားတန်းဖြူဖြူလေးတွေပေါ်လာအောင်သဘောတကျပြုံးသည်။

"စိတ်လှုပ်ရှားနေလား မောင့်ညွှန်း"

"........"

"အဟား....မောင့်ကလေးလေးကရှက်နေတာပဲ....၊မောင့်ကိုကြည့်ပါအုန်း"

"........."

ညွှန်းကိုကြည့်ကာ ‌ခေါင်းမော့ကာရယ်လိုက်တော့ လှုပ်ရှားသွားသည့်လည်စလုတ်နှင့် အဝတ်မဲ့တဲ့ ဇမ်းရဲ့အခုပုံစံကအတော်ကိုဆွဲဆောင်မှု့ရှိသည်။ပြီးတာနဲ့ ညွှန်းမျက်နှာလေးကိုငုံ့မိုးကြည့်ရင်းဆိုလာပုံကလည်း ညွှန်းကိုစိတ်လှုပ်ရှားစေပြန်သည်။ညွှန်း ဇမ်းရဲ့ညှိ့အားပြင်းတဲ့မျက်ဝန်းတွေကစကာ အကြည့်တို့ကိုတစ်နေရာမှမလွှတ်စေဘဲ အသေးစိတ်သဘောကျစွာစေ့စေ့ကြည့်မိနေရင်း တစ်နေရာအရောက်မှာ ညွှန်းမျက်ဝန်းလေးတွေအနည်းငယ်လှုပ်ခတ်သွား၏။

You are My BoneWhere stories live. Discover now