Part_49[Uni&Zaw]

20.4K 1.6K 120
                                    

Unicode

"ကျွန်တော့်အတွက်ဆိုရင်တော့အဲ့လိုတွေမလိုပါဘူး ကိုနေ....၊ပြီးတော့ ကျွန်တော့်ရာထူးရောပဲ...၊အားလုံးတစ်တန်းထဲဖြစ်နေကြပြီး ကျွန်တော့်ကျမှအခွင့်ထူးခံဆိုတာမျိုး...."

"မဟုတ်ဘူး ညွှန်း"

ညွှန်းစကားတွေမဆုံးခင် စက်ရှိန်ကလက်ကာရင်းဖြေရှင်းချက်ထုတ်သည်။ပြီးတော့ ထိုင်နေရာကနေထကာ ညွှန်းဆီလျှောက်လာသည်။ရင်းနှီးတယ်ဆိုပေမယ့် တကယ်တန်းကျ ညွှန်းကိုယ်တိုင်အနေတည်လွန်းသည်။အလုပ်ထဲမှာအလုပ်ထဲမှာမို့ စကားကိုလိုတာထပ်ပိုမပြောသလို သူ့ဘာသာနေသည်။အပြင်မှာတွေ့တော့ထူးမခြားနား။

"အခု ADရာထူးဆိုတာာ ညွှန်းကိုယ်တိုင်ကျင်လည်လုပ်ကိုင်ခဲ့တဲ့ ရာထူးပဲလေ....၊တစ်စုံတစ်ယောက်ကိုဖြုတ်ချပြီး အစားထိုးတာမျိုးမဟုတ်ဘဲ အလုပ်ကအနားယူပြီးပြန်လာတဲ့သူက သူ့အလုပ်စားပွဲမှာပြန်ထိုင်တာမျိုးပဲ"

"ဒါပေမယ့် တစ်ခြားသူတွေအမြင်မှာကျွန်တော်ကအခွင့်ထူးခံဆိုတဲ့ စကားတွေဖြစ်လာရင်"

"အဲ့တာတွေက ဖြစ်လာမှမဟုတ်ပါဘူး"

စက်ရှိန်ကလေးနက်စွာဆိုသည်။

"ညွှန်းအနေနဲ့ ညွှန်းအရည်အချင်းကလည်း ကိုယ့်ကုမ္ပဏီမှာ အချိန်တစ်ခုအထိတည်ရှိခဲ့တာ ကိုယ်မြင်နေတာပဲ...၊အခုမှအသစ်ဝင်လို့ အောက်ခြေကပြန်ပြီး ကျားကုတ်ကျားခဲဖက်တွယ်တက်ဖို့လည်းမလိုပါဘူး....၊လူတစ်ယောက်ရဲ့အရည်အချင်းဆိုတာ ခင်မင်မှု့ကိုကြည့်ပြီးဆုံးဖြတ်တာမဟုတ်တာ"

စက်ရှိန်တကယ်လည်း ဘာအကြောင်းညာအကြောင့် ညွှန်းကိုဒီရာထူးကိုတန်းပေးခဲ့တာမဟုတ်ပါ။ညွှန်းကအမှန်တကယ် အရည်အချင်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် ခဏအလုပ်နားလိုက်ရသည့် သူ့ရဲ့ဝန်ထမ်းတစ်ယောက်လိုပါ။အခုအချိန်မှာ သူ့ကုမ္ပဏီကိုပြန်လာတာမို့ထိုက်သင့်တဲ့ခံစားခွင့်ရာထူးကိုပြန်လည်ပေးအပ်ခဲ့ရုံ။သို့ပေမယ့် အချိန်အတိုင်းအတာတစ်ခုဆိုသည့်အရာကို ခပ်ပါးပါးနောက်ရွေ့ကာ သာသာထိုးထိုးဆုံးဖြတ် ပေးအပ်ခဲ့တာတော့ငြင်းမရ။ဒါကလည်း ဖြစ်သင့်သည့်အချက်။

You are My BoneWhere stories live. Discover now