2🍷

3.3K 353 3
                                    

Imperial Capital Interstellar Hotel ၏ခန်းမ...

တောက်ပပြီး လှပသော လူအုပ်ကြီးသည် ဝိုင်ခွက်များ ကိုင်ဆောင်ကာ စကားစမြည်ပြောနေကြသည်။ ရယ်မောနေကြပြီး နာမည်ကြီး သရုပ်ဆောင်များနှင့် ကြယ်ပွင့်များစွာ...

"နေကောင်းလား.. မင်းကြိုက်တဲ့သူရှိလား.. ငါမင်းကိုမိတ်ဆက်ပေးလို့ရတယ်"

Star Entertainment ၏ သူဌေး ကျိုးဝမ်ကျင်း သည် ဒီနှစ်ပတ်လည် အစည်းအဝေးကို စီစဉ်သူလည်းဖြစ်ပြီး နှစ်ပေါင်းများစွာ FAဖြစ်နေသော သူရဲ့သူငယ်ချင်းကို လိုက်မေးနေတော့လေသည်။

ဖေးကျောက်ကျိုး က သူ့သူငယ်ချင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး

"မင်းက ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရဲ့ သူဌေးဖြစ်ပြီး..ခွေးကျင့်ခွေးကြံတွေနဲ့ ဘယ်လိုလုပ်ရမလဲ..သိနေတာပဲ"

ကျိုးဝမ်ကျင်း သည် ဖန်ခွက်ကို ချက်ချင်းချလိုက်ပြီး ဒေါသကို မြိုသိပ်ကာ...

"မင်း ပြောတာကို မြင်လိုက်ရတော့ ငါ့ရဲ နှလုံးသားကို နာကျင်စေတယ်.. ရဲဘော်ရဲဘက်လို..သေနတ်တွေနဲ့ အတူတူ တိုက်ခိုက်ခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါ ဘာလို့ ဂရုမစိုက်ရမှာလဲ.."

ဖေးကျောက်ကျိုး နဲ့ ကျိုးဝမ်ကျင်း တို့ဟာ တကယ့် ရဲဘော်ရဲဘက်တွေဖြစ်ပြီး သေနတ်တိုက်ပွဲတွေမှာလည်း တူတူတိုက်ခိုက်ခဲ့ကြတယ်

ကျိုးဝမ်ကျင်း ဟာ ပုန်ကန်သောင်းကျန်းပြီးရန်ဖြစ်လို့ အလယ်တန်း ဒုတိယနှစ်မှာ စစ်တပ်ထဲဝင်ခဲ့ရတယ်.. ထို့ကြောင့် စစ်တပ်ထဲဝင်ပြီးနောက် လွတ်လပ်ချင်တဲ့ ကျိုးဝမ်ကျင်း က အရမ်း စိတ်မသက်မသာဖြစ်နေတော့သည်..
မစ်ရှင်တစ်ခုအတွင်း သူသည် ထောင်ချောက်ထဲသို့ မတော်တဆပြုတ်ကျကာ မှိုနှင့် သစ်ပုပ်များကိုသာစားရပြီး သုံးရက်နှင့် သုံးညကြာ ပိတ်မိနေခဲ့သည်။

ထိုအချိန်တွင် ဖေးကျောက်ကျိုးသာ သူ့ကို မတွေ့ခဲ့ပါက ကျိုးဝမ်ကျင်း အချိန် အတော်ကြာ ပျောက်နေတာကို ဘယ်သူမှ သတိထားမိမည်မဟုတ်..

တောထဲတွင် ကျင်းထဲ ပြုတ်ကျနေသည်တွေ့ပြီး ဖေးကျောက်ကျိုးသည် ဝေးလံသော လှိုဏ်ဂူထဲသွားပြီး စပျစ်နွယ်ပင်များကိုရှာတွေကာ ကြိုးကျစ်ပြီး လာကယ်ခဲ့လို့ပေါ့.. မဟုတ်ပါက ကျိုးဝမ်ကျင်းတစ်ယောက် ကျင်းထဲမှာပဲ သေဖို့သေချာနေသည်

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now