48

1K 106 2
                                    

ဘာကို ရှင်းပြမှာလဲ..

စစ်ဟွိုင်ရှီး သည် အမှန်တကယ်ပင် အမှိုက်ကြယ်ပွင့်ပေါ်တွင် မွေးဖွားလာသော အင်ပါယာလူသားတစ်ဦးဖြစ်သော်လည်း အဝေးမှ အမှိုက်ကြယ်ပွင့်သည် အင်ပါယာနှင့် ဖက်ဒရယ်နယ်နိမိတ်၏ ကြားထဲတွင်ရှိသည်။ စစ်ဟွိုင်ရှီး သည် သူလျှိုမဟုတ်ကြောင်း ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ တစ်ခါမျှ မတွေးခဲ့ပေ။ သူသည် အင်ပါယာနှင့် ဖက်ဒရယ်နှစ်ခုလုံး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပေမယ့် ဒီလိုမျိုး သူ့ကို ချည်းကပ်မယ့် သူလျှို့တော့မလွတ်တက်ကြဘူး..။
(လွဲနေလိုက် လွဲနေလိုက်ကြ ဘာသာပြန်ရင်းမူးလာပြီ)

ဒါပေမယ့် သူ့ကို အများဆုံး နောက်ကျော ဓားနဲ့ထိုးတဲ့သူက အင်ပါယာထဲက ရာထူးကြီးတဲ့ လူအုပ်စုပါပဲ။ အဲ့လို ခဏခဏကြုံလာရတော့  အခု သူလုံးဝ အေးစက်သွားပြီး စစ်ဟွိုင်ရှီးက ဘယ်သူ့ရဲ့သူလျှိုဖြစ်တယ်ဆိုတာကို သူ ဂရုမစိုက်ပါဘူး။

ထိုသူ့ဘေးမှာ သေးငယ်တဲ့နည်းနဲ့ ပိတ်မိနေရင်တောင်မှ သူ့ဗိုက်ထဲက ကလေးအတွက် ဒါမှမဟုတ် ဒီဝမ်းနည်းစရာ ငြီးငွေ့စရာကောင်းတဲ့ ဘဝရဲ့ နောက်ဆုံး ရောင့်တက်မှုတွေကြောင့်၊ သူမှာ ပိုက်ဆံကလွဲပြီး မိသားစုမရှိ၊ တစ်ယောက်ထဲဖြစ်နေတာကြောင့် သူလက်မလွတ်ချင်...

စစ်ဟွိုင်ရှီးရဲ့ pheromineရောဂါကို ကုသသည့်နည်းလမ်းတွင် နောက်ဆက်တွဲများရှိနေရင်တောင် ခံနိုင်ရည်ရှိရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ဖေးကျောက်ကျိုး သည်သူ့နှလုံးသားထဲတွင် အမြဲတမ်းစိုးရိမ်ပူပန်နေသော နေရာတစ်ခုရှိသည်။

- သူသေရင် သူ့ဗိုက်ထဲက ပဲသီးလေးက မိဘမဲ့ဖြစ်သွားမှာလား။

ဒီဖြစ်နိုင်ခြေကို သူတွေးပြီးတာနဲ့ပဲ ဖေးကျောက်ကျိုး ရဲ့ အမြဲတမ်း အေးစက်နေပြီး စိတ်ပိုင်းဖြတ်ထားတဲ့ နှလုံးသားက အပိုင်းပိုင်းကွဲသွားရတယ်။ ပိုင်ရှင်မဲ့ မိဘမဲ့ဖြစ်ရတာ ဘယ်လောက်ဝမ်းနည်းစရာကောင်းတယ်ဆိုတာ သူသိပါတယ်။စစ်ဟွိုင်ရှီးလည်း မိဘမဲ့တစ်ယောက်အနေဖြင့် ဒီနာကျင်မှုကို နားလည်မယ်ဆိုတာသိပါတယ်။

ဖေးကျောက်ကျိုး သည် စစ်ဟွိုင်ရှီက သူ့သွေးသားကို သတိမပြုမိဘဲ လွှတ်ထားမည့်သူမျိုး မဟုတ်ကြောင်း ပင်ကိုယ်သဘောအရ သိပါသည်။ ဆေးရုံမှာတုန်းက စစ်ဟွိုင်ရှီး သည် သူတစ်ခါမှမတွေ့ဖူးတဲ့ ဒဏ်ရာရရှိထားသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို အမှန်တကယ်စိတ်ဆိုးဒေါသထွက်နေမှန်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။ ဒေါသထွက်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝကို လျစ်လျူရှုလိုက်ရင် ဒေါသနဲ့ ကျန်ရစ်ခဲ့တဲ့ သန္ဓေသားလေးဟာ မိဘမဲ့တစ်ယောက်ရဲ့ ကံကြမ္မာကို ခံနိုင်ရည်ရှိရမှာ ဖြစ်ပါတယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now