33🍷

1.5K 179 3
                                    

အလုပ်မသွားခင် စာချုပ်တစ်ခု လုပ်ဖို့ သူ့ကို တိုက်တွန်းနေတာလား.. ဖေးကျောက်ကျိုး က တစ်ခုခုမှားနေတယ် လို့ ခံစားမိပေမယ့် စစ်ဟွိုင်ရှီး ရဲ့ ထပ်ခါတလဲလဲ တိုက်တွန်းမှုအောက်မှာ သူက လက်ထောက်ကျန်းကိုဖုန်းဆက်ပြီး..

"လက်ထောက်ကျန်း အခြေအနေက နည်းနည်းအရေးကြီးနေလို့ စာချုပ်တစ်ခု ရေးဆွဲဖို့ မြန်မြန်လုပ်ပေးပါ.."

လက်ထောက်ကျန်း က

"ကောင်းပါပြီ ဥက္ကဌဖေး က ဘယ်လိုစာချုပ်မျိုးလိုချင်တာလဲ.. ငွေကြေး၊ ဝယ်ယူမှုပဲဖြစ်ဖြစ်..."

ဖေးကျောက်ကျိုး က ရှက်ရွံသွားကာ မျက်နှာကိုအုပ်ထားရင်း..

"ဒီအတိုင်း ၉လ အတူနေဖို့ စာချုပ်...."

"!!!..."

လက်ထောက်ကျန်းသည် အံသြမူကို ဖုံးကွယ်ထားရင်း...

"ဘယ်သူနဲ့ စာချုပ်ချုပ်မှာပါလဲ.."

ဟု အေးဆေးတည်ငြိမ်စွာနှင့် ပရော်ဖက်ရှင်နယ်ကျကျ မေးခဲ့သည်။ ဖေးကျောက်ကျိုး က သူ့မျက်နှာကိုထပ်မံ ဖုံးအုပ်လိုက်ပြီး ..

"စစ်ဟွိုင်ရှီး.. "

လက်ထောက်ကျန်း ၏ အတင်းအဖျင်းမျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျှော်လင့်ထားသည့်အတိုင်း သူလျှို့ဝှက်စွာ ပြောလိုက်သည်။

"ဥက္ကဌဖေးရဲ့ အပေးအယူက ဘာပါလဲ.."

လက်ထောက်ကျန်း သည် ဥက္ကဌဖေးတွင် မရေတွက်နိုင်သော ပိုင်ဆိုင်မှုများဖြင့် ဘီလီယံရာနှင့်ချီသော သူဌေးဖြစ်တာသိတာကြောင့် ..ရှင်းရှင်းပဲမေးချလိုက်လေသည်။

ဖေးကျောက်ကျိုးက ခဏတုံ့ဆိုင်းသွားပြီးနောက် ​ပြုံးစစဖြင့် စောင့်ဆိုင်းနေသော စစ်ဟွိုင်ရှီးကို တစ်ချက်ကြည့်လိုက်ရင်း..

"သယံဇာတဂြိုဟ်တစ်ခုဆို လုံလောက်လား.."

သူလည်း အဲလို​လေးရချင်တယ်။ ဂြိုဟ်တစ်လုံးကို ပေးမယ်တဲ့ အံ့ဩစရာပင်။ဒါက အနည်းဆုံး တစ်သန်းကျော်လေသည်။

ဥက္ကဌဖေးက တကယ့် သူဌေးပဲ..

လက်ထောက်ကျန်းသည် သူ့စိတ်နှလုံး တုန်လှုပ်ခြောက်ခြားကာ ညည်းညူချင်နေပါစေ သူ့လေသံမှာ အလွန်တည်ငြိမ်အေးဆေးနေပေသည်-

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now