29🍷

1.7K 222 1
                                    


စစ်ဟွိုင်ရှီးရဲ့  ပုံစံက နားမလည်သော အရူးတစ်ယောက်လို ဖြစ်နေသည်။ လသာဆောင်ကို သူတကယ် စိုက်ကြည့်နေတယ်။ အပြင်ဘက်တွင် တိမ်ညိုများ နိမ့်ဆင်းနေပြီး မိုးရေစက်ကြီးများက အဆက်မပြတ် တဖွဲဖွဲ ရွာသွန်းနေသည်။

“ဒါဆို မိုးနည်းနည်းတိတ်သွားအောင် စောင့်ရအောင်" လို့ ပြောလိုက်တယ်။

ဖေးကျောက်ကျိုး ၏ မျက်လုံးများသည် ရုတ်တရက် မှုန်မှိုင်းလာသည်။

"မိုးအကြာကြီးရွာရင် ဘယ်လိုလုပ်မလဲ။"

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် တစ်ယောက်တည်းနေထိုင်လေ့ရှိတာကြောင့် ရာသီဥတုကိုကြည့်ကာ ...

"ရပါတယ်..မိုးရွာတာက အများဆုံး တစ်နာရီ၊ နှစ်နာရီအတွင်းမှာပဲ ရပ်သွားလိမ့်မယ်"

ဖေးကျောက်ကျိုး က မကျေမနပ် မျက်မှောင်ကြုတ်ပြီး..

"ဒါပေမယ့် ပြန်ဖို့ အရမ်း နောက်ကျသွားပြီလေ.."

စစ်ဟွိုင်ရှီး က နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး ..

"သိပ်နောက်မကျ​သေးပါဘူး အခုမှ ခြောက်နာရီပဲရှိသေးတယ်.. နောက်နှစ်နာရီဆို ရှစ်နာရီပဲ ရှိအုံးမှာပါ.. အရမ်း နောက်ကျရင်လည်း မပူပါနဲ့ ကောကို ကိုယ်တိုင်ပြန်လိုက်ပို့ပေးပါ့မယ်.."

".........."

ဒီပြိုင်ဘက်က ကိုင်တွယ်ရ အရမ်းခက်တာပဲ။

စစ်ဟွိုင်ရှီး မီးဖိုချောင်က ထွက်လာသောအခါတွင် ဖေးကျောက်ကျိုး သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ဘယ်ဘက်လက်က ဝမ်းဗိုက်ကို ရံဖန်ရံခါ ပွတ်သပ်ကာ နှုတ်ခမ်းများကို ကိုက်ထားကာ မျက်ခုံးအနည်းငယ်မှိတ်ကာ နေမကောင်းဖြစ်နေပုံရသည်။ သူမျက်လုံးများ ထိတ်လန့်သွားပြီး ဖေးကျောက်ကျိုး ၏လက်ကို အမြန်ဆွဲကိုင်လိုက်ကာ..

"ဖေးကော ဗိုက်နာနေပြန်ပြီလား..လာ ထ..  ဆေးရုံသွားကြရအောင်...."

"ရပါတယ်၊ ယာဂုသောက်ပြီး သက်သာလာပါတယ်.. ဒါပေမယ့် နည်းနည်းတော့ အဆင်မပြေဘူး.. အနားယူပါရစေ"

စစ်ဟွိုင်ရှီး က စိုးရိမ်နေသော်လည်း ဆေးရုံတက်ရန် အတင်းအကြပ်မလုပ်နိုင်တာကြောင့် ရွေးချယ်စရာ မရှိပေ။ နာခံမှုမရှိသော လူနာကိုကြည့်ကာ သက်ပြင်းတစ်ချက်ပြီး..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now