53

737 80 3
                                    

စစ်ဟွိုင်ရှီး သည် ဒီ hot searchကို အခွင့်ကောင်းယူပြီး မူလပိုင်ရှင်၏ မိသားစုကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ထားမိသည်။

မည်သို့ပင်ဆိုစေ မူလပိုင်ရှင်၏မိသားစုသည် သူအား တမင်စွန့်ပစ်ခဲ့ရင် အင်ပါယာတွင် ကလေးသူငယ်ကို တမင်တကာ စွန့်ပစ်ခြင်းမှာ ပြစ်မှုဖြစ်ကြောင်း ဥပဒေရှိသည်။ မွေးကင်းစကလေးငယ်ကို စွန့်ပစ်ခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ မှ ၁၅ အထိ ချမှတ်ခံရကာ စွန့်ပစ်ခံရခြင်းကြောင့် ကလေးသေဆုံးပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

ကလေးကို ပြုစုပျိုးထောင်ဖို့ အမှန်တကယ် မတတ်နိုင်ရင် အဲဒီနည်းနဲ့ စွန့်ပစ်ဖို့ရွေးချယ်မယ့်အစား အင်ပါယာရဲ့ မိဘမဲ့ဂေဟာကို ပို့ပေးနိုင်ပါတယ်။

စစ်ဟွိုင်ရှီးသည် မူလပိုင်ရှင်၏ နောက်ဆုံးဆန္ဒမှာ မိသားစုကို ရှာဖွေရန်ဖြစ်တာကြောင့် မူလပိုင်ရှင်က မိသားစုကို ရှာဖွေပေးပြီးလျှင် သူ့သဘောအတိုင်းနေထိုင်တော့မည်ဖြစ်သည်။

Weilang သတင်းကို ကြည့်နေရင်း ပရိသတ်တွေက မထင်မှတ်ဘဲ ပြောခဲ့တဲ့စကားက စစ်ဟွိုင်ရှီး ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

[Ah ah ah - ရှီးရှီးရဲ့ မျက်လုံးတွေက အရမ်းလှတယ်၊ သူတို့က ကမ္ဘာပေါ်မှာရတနာတွေပဲ ]

[ဒီလှပတဲ့ပင်လယ်ပြာမျက်လုံးများတွေက အမှိုက်ကြယ်ကသာမွေးဖွားတာမဟုတ်ရင် သူက အဲ့ဒါရဲ့တရားမဝင်ကလေးဆိုပြီး ထင်မိမှာ]

[တရားမဝင်သောကလေးဆိုရင်တောင် အဲ့လိုနေရာမှာ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး.. အဲ့အစား အဲလိုသွေးသားကို သေချာစွာ အနီးကပ် စောင့်ရှောက်ပေးကြမှာပဲ.. ဒါ့ပြင် ရှီးရှီး ရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်က ကျွန်မကို ညသန်းခေါင်မှာ အရမ်း ငိုစေခဲ့တယ် အဲ့ဒီသွေး ဘယ်လိုဖြစ်နိုင်မလဲ]

[အဲဒီလို ဖြူစင်တဲ့ ပင်လယ်ပြာမျက်လုံးတွေက မျိုးရိုးဗီဇအရသာ မဟုတ်ရင် လူတိုင်းက သူတို့လို ခံစားရမှာပဲ။]

[ဂရုမစိုက်ဘူး.. ဒရာမာအသစ်ကိုပဲ စောင့်နေပြီ ]

စစ်ဟွိုင်ရှီး သံသယစိတ်ဖြင့် မျက်တောင်ခတ်လိုက်ကာ သူ့လက်ချောင်းများက မျက်တောင်မွှေးများကို ဖုံးအုပ်ထားကာ တောက်ပပြီး သန့်ရှင်းသော ပင်လယ် ပြာမျက်လုံးများသည် ပင်လယ်နက်ထဲသို့ ကျသွားသလိုပင် နက်နဲလှသည်။ - ငါ့မျက်လုံးက ထူးခြားတာလား။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now