52

754 80 1
                                    

"ရေအရသာက ဘယ်လိုလုပ် အာဟာရဖြစ်နိုင်မှာလဲ!"

ရှီရှန်း က သူမအနှစ်သက်ဆုံး အာဟာရအရသာနှင့် ပတ်သက်၍ ညည်းညူနေခဲ့သည်..

"ကြည့်အုံး.. ဒါက ဂန္တဝင်မှို caramel နို့အရသာ ဒါက နှမ်း ငါးပိ အမဲသား မုန်ညင်းစိမ်းအရသာ၊ အာဟာရတွေထဲမှာ သူတို့ အားလုံး ပထမတန်းစားပဲ.. အဖွဲ့သားတွေက အရမ်းသဘောကောင်းတာပဲ.."

စစ်ဟွိုင်ရှီး က တုံ့ဆိုင်းနေပြီး ဒီခေတ်က လူတွေရဲ့ အရသာကို မယုံနိုင်လောက်အောင် မျက်မှောင်ကြုတ်ပြီး အာဟာရဖြည့် ဆေးပုလင်းကို ကောက်ယူပြီး တိုက်ရိုက် မျိုချလိုက်လေသည်။ အံ့ဩစရာကောင်းတဲ့ အရသာက လျှာပေါ်မှာ ထင်ကျန်နေတုန်းပဲ။

ဒီလိုကျိတ်မှိတ်စားမှပဲ မကြာမီ ကြယ်ခေတ်ရဲ့ အရသာကို ကျင့်သားရလာမှာပါ။စစ်ဟွိုင်ရှီး ၏မျက်ခုံးများသည် တင်းတင်းကြပ်ကြပ်နှင့် သူ့နှလုံးသားများ လေးလံနေကာ ဖုတ်ကောင်ကာလက အစားအစာတောင် ဒီ ခေတ်ထက် ပိုကောင်းသည်ဟု ခံစားမိသည်။

အဲဒါကိုမြင်တော့ ရှီရှန်း က သံသယစိတ်နဲ့မေးတယ် "အရမ်းဆိုးလို့လား..ဒါဆို ဒီရက်တွေဘာလို့ ကိုယ့်ထမင်း ကိုယ်မစားတာလဲ"

စစ်ဟွိုင်ရှီး က "ငါ အလုပ်များနေတယ်..ငါ့မှာ အချိန်မရှိဘူး" လို့ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်တယ်။

ထိုအချိန် ဝန်ထမ်းများသည် စစ်ဟွိုင်ရှီး ကို တွေ့ရှိပြီး "မစ္စတာစစ်ကျေးဇူးပြု၍ အဖွဲ့သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလား..Weilang မှာ "This Star Is Named For You" ဇာတ်ကားအတွက် အခန်းပိုတွေ တောင်းနေလို့ ရိုက်ကူးရမယ့်ဇာတ်ကွက်ပိုလာလို့ပါ..နေလည်လောက် ရိုက်ကြမလား.."

စစ်ဟွိုင်ရှီး သည် အလုပ်ကို မကန့်ကွက်ဘဲ အနည်းငယ် အေးစက်နေသော မျက်လုံးများက စိတ်ဝင်စားမှု မရှိနိုင်ဘဲ "ကောင်းပြီ.. နေ့လည်ကျရင် လုပ်တာပေါ့" ဟု ပြန်ဖြေလိုက်သည်။

အဖွဲ့သားတွေက ပြုံးပြီးပြောတယ် "ဒါဆို ကျေးဇူးပြုပြီး မစ္စတာစစ် weilang မှာ ဇာတ်ကားနဲ့ပတ်သတ်တဲ့ ပုံလေးဘာလေးတင်ပေးပါအုံးနော်.."

စစ်ဟွိုင်ရှီး သည် ဝန်ထမ်းများကို သံသယဖြင့် လှမ်းကြည့်ကာ ပုံမှန်အားဖြင့် ဤ ဝန်ထမ်းများသည် ဟင်းပွဲများကိုသာ ကြည့်ရှုလေ့ရှိပြီး သူ့အပေါ် ဂရုမစိုက်ကြပေ။ အခုချက်ချင်းကြီး သူ့ကို စိတ်အားထက်သန်နေတာက ထူးဆန်းတယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now