49..

1.1K 108 10
                                    

စစ်ဟွိုင်ရှီး စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး..

"Ah..မဟုတ်ပါဘူး.. ဒါက.. အရမ်း စိုးရိမ်စရာမဟုတ်ဘူးလား.. ကိုယ်ကသူလျှိုလို့ ထင်နေသေးတာမလား.. မင်းကို ထိခိုက်သွားမှာကို မကြောက်ဘူးလား"

ဖေးကျောက်ကျိုး ၏ လေသံမှာ တည်ငြိမ်နေပြီး ယိမ်းယိုင်နေသော စစ်ဟွိုင်ရှီးကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်ကာ..

"ငါ့ကို လက်ထပ်ပါ.. တရားဝင် လုပ်ဖော်ကိုင်ဖက်ဖြစ်အောင်..  မင်းလိုချင်တာမှန်သမျှ ငါပေးမယ်..မင်းလုပ်ချင်တာနေရင်တောင်မှ ဒီမစ်ရှင်ပြီးရင် မင်းအင်ပါယာမှာရှိနေပြီး နောက်ဆုံးမှာ ငါ့ခင်ပွန်းဖြစ်နေသရွေ့ မင်းလိုချင်တာကို ငါပေးမယ်"

ဘာမစ်ရှင်လဲ။ ဘာခင်ပွန်းလဲ...

စစ်ဟွိုင်ရှီး တဖြည်းဖြည်း မူးလာလေသည်။ ဘာတွေမှန်း သူနားမလည်တော့ဘူး။ ငြိမ်းချမ်းရေးခေတ်မှာ လူတွေက အရမ်းစိတ်ကြီးပြီး စိတ်မြန်တာ ဖြစ်နိုင်လား။

ဆုံတာ ဘယ်လောက်ကြာပြီးလို့လဲ၊ တစ်လကျော်၊ နှစ်လလောက်သာ ရှိသေးသည်။ ဒါက လျှပ်တစ်ပြက်လက်ထပ်ခြင်းပဲ။

သူဘယ်လိုရှင်းပြနေပါစေ ဖေးကျောက်ကျိုး က သူ့ကို သူလျှိုတစ်ယောက်လို့ပဲထင်နေတယ်။ ကောင်းပြီ၊ E-Class Beta တွင် မရှိသင့်သည့် စွမ်းရည်များကို သူ မောက်မာစွာ ပြသခဲ့မိတာကို ဝန်ခံပါတယ်။ ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကတည်းက သူ၏ စိတ်စွမ်းအားက ကမောက်ကမာ ဖြစ်ခဲ့ပြီး ဒီခန္ဓာကိုယ်နှင့် ရင်းနှီးဖို့ အချိန်လိုခဲ့တာပဲရှိတယ်။  ဖေးကျောက်ကျိုးက S- level Alpha ဖြစ်ပေမယ့် သူ့ခွန့်အားက စစ်ဟွိုင်ရှီးထက် အားနည်းရတာက အရင်က ဖုတ်ကောင်တွေနဲ့တိုက်ခိုက်နေရကြောင့် ဖြစ်နိုင်ပါတယ်။ မေးစရာက ဖေးကျောက်ကျိုးက ဘာတွေတွေးနေတာလဲ။ သူလျှိုတစ်ယောက်လို့ အခိုင်အမာ ယုံကြည်နေတာတောင် သူ့ကို လက်ထပ်ချင်သေးတာလား။ ?

သူ့ဘေးနားကလူက ရန်သူတိုင်းပြည်ရဲ့ သူလျှိုဖြစ်ပြီး သူ့ကိုနစ်နာအောင် လုပ်မှာကို မကြောက်ဘူးလား။ စစ်ဟွိုင်ရှီး က သူ့ခေါင်းကို ဖိနှိမ့်ရင်း ဘာမှ ရှင်းမပြနိုင်...အစ်ကိုဖေးက ဘာကို အဖြေရှာဖို့ ကြိုးစားနေတာလဲ။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now