23🍷

1.7K 213 3
                                    


စားပွဲထိုးက အစားအသောက်ကို စားပွဲပေါ် ချလာလေသည်။

ထူးဆန်းသောအနံ့ရှိတဲ့ စိမ်းပြာရောင်ဘောလုံးများ၊ အမည်မသိတိရစ္ဆာန် များ၏ အနက်ရောင် အသားများ၊ ဟင်းချိုပေါ်မှာလည်း အမွေးအမှင်အရွက်များ ပေါ် နေကာ ဘာဟင်းမှန်းမသိရတဲ့အရာများ....

ကျိုးဝမ်ကျင်းက အလွန်အားရပါးရ နှုတ်ဆက်နေသည်။

"လာ..လာ..စားပါ..ဒါကအကြီးတန်းစားဖိုမှူးတွေရဲ့ သိပ္ပံနည်းကျ အာဟာရနဲ့ ပေါင်းစပ်ထားတဲ့ ရှေးကျတဲ့ ချက်ပြုတ်နည်းတွေကို အခြေခံထားတဲ့ဟာတွေပဲ.. အရသာက ယှဉ်လို့မရဘူး.."

စစ်ဟွိုင်ရှီး သည် ကမ္ဘာရဲ့အဆုံးသတ်ကို ရုပ်တရက် တွေ့ကြုံခံစားခဲ့ရသည်ဟု တွေးထင်ခဲ့သည်။ သူ ထိတ်လန့်သွားပေမယ့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ ဒီဟင်းကို မြင်လိုက်တာနဲ့ ဒါဟာ လူသားတွေကို လှည့်စားပြီး စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်အောင် တိုက်ခိုက်တဲ့ သဘာဝလွန် သတ္တဝါတစ်မျိုးလို့ သူ တကယ် ခံစားခဲ့ရတယ်။

ဒါပေမယ့် မူလပိုင်ရှင်ရဲ့ မှတ်ဥာဏ်က ဒါဟာ ကြယ်တာရာ ငြိမ်းချမ်းရေးခေတ် က ဟင်းတစ်မျိုးဖြစ်ပြီး တကယ်ကို ဈေးကြီးတဲ့အတွက် သာမန်လူတွေ စားလို့ရတဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။

ဒါတွေပ အကြောင်းတစ်ခုခုကြောင့် ဈေးကြီးတယ်။

ရှေးခေတ် ဟင်းချက်နည်းတွေလည်း ပျောက်သွားတယ်။ ကြယ်တာရာခေတ်တွင် သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူသားများသည် လုံလောက်သော စွမ်းအင်နှင့် မျှတသောအာဟာရဖြစ်စေရန်အတွက် လူ့ခန္ဓာကိုယ်လိုအပ်သော အစားအစာအမျိုးမျိုးကို ရောစပ်ကာ လျင်မြန်တိကျသော အစာစားနည်းကိုကျင့်သုံးခဲ့ကြသည်။

Interstellar လူတွေဟာ ပါဝင်ပစ္စည်းများများရောစပ်လေလေ အာဟာရ မျှတလေလေပါပဲ.. ဒါဟာ ဈေးကွက်ရှိ ဓာတုအစားအစာများရဲ့ ထူးဆန်းသောအရသာကို ဖြစ်ပေါ်စေလာတာပဲ..

ဒီအဆင့်မြင့်စားသောက်ဆိုင်များတွင် ဟင်းပွဲတိုင်းသည် စားဖိုမှူးဆီက မူရင်းဖြစ်ပြီး မတူညီသောပါဝင်ပစ္စည်းများကို ရှေးနည်းများဖြင့် ချက်ပြုတ်ရန် စိတ်ကူးစိတ်သန်းဖြင့် ပေါင်းစပ်ကာ တီထွင်ဆန်းသစ်ထားသော စိတ်ကူးစိတ်သန်းရှိသူများလည်း မူပိုင်ခွင့်လျှောက်ထားနိုင်ပြီး အခြားစားဖိုမှူး များသည် ၎င်းတို့၏ဟင်းလျာများကို ချက်ပြုတ်ရောင်းချရန် လိုအပ်ပါသည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now