56

499 59 2
                                    

"ယွင်ရု မင်းဘာလို့ဒီကိုရောက်နေတာလဲ"

ပိုင်ဟွိုင်ယုသည် ပြန်တောင်ပြုံးမပြနိုင်ပဲ ယွင်ရု ကို တည့်တည့်ကြည့်ရင်း သူပြောလိုက်တဲ့စကားတွေကို ကြားသွားမှာ ကြောက်နေမိသည်။

ပိုင်ဟွိုင်ယု ၏ တောက်လောင်နေသော အကြည့်ကို ရင်ဆိုင်လိုက်ရာ ယွင်ရု ၏ မျက်နှာမှာ အနည်းငယ်နီနေပြီး သူမ၏ မျက်လုံးကြီးများက ပိုင်ဟွိုင်ယု ကို မျှော်တလင့်လင့်ဖြင့် ကြည့်ကာ..

"ငါ လမ်းပျောက်နေလို့ပါ.. အဖွဲ့သားတွေကို ကြည့်ရတာ နည်းနည်း ငြီးငွေ့လာလို့ လမ်းလျှောက်ထွက်လာတာပါ မစ္စတာပိုင်..ဒါနဲစကားမစပ် မစ္စတာပိုင် သူက ဘယ်သူလဲ.."

ပိုင်ဟွိုင်ယု အနည်းငယ် ငြိမ်သက်သွားကာ သူ့ဘေးနားရှိ လက်ထောက်ရှောင်လီ ကို လက်ဟန်ပြပြီး..

"ကျွန်တော်လည်း လမ်းလျှောက်ထွက်နေတာ.. သူက အဖွဲ့သားတွေထဲက​တစ်ယောက်လေ.. ရုတ်တရက် ငါ့​ကို ဇာတ်ကားနဲ့ပတ်သတ်ပြီး ပြောစရာရှိလို့ဆိုပြီး ငါ့ကိုလာရှာတာလေ.. အခုငါ့ကိုပြောပြီးပြီဆိုတော့ မင်းသွားလို့ရပြီ"

လက်ထောက် ​ရှောင်လီ က "ဟုတ်ကဲ့ပါ မစ္စတာပိုင်  ဘာမှလုပ်စရာမရှိတော့ရင် ရိုက်ကူးရေးဆီ အရင်ပြန်သွားပေးပါ.. မစ္စတာပိုင်ကို အဖွဲ့သားတွေ စောင့်နေပါတယ်.."

ပိုင်ဟွိုင်ယု ပြုံးပြီး "ကောင်းပြီ ငါ မင်းကို ဒုက္ခပေးမိပါပြီ.."

လက်ထောက် ရှောင်လီ ချက်ချင်း ထွက်သွားတာကြောင့် ပိုင်ဟွိုင်ယု သက်ပြင်းချလိုက်မိသည်။

ယွင်ရု အနည်းငယ် ထိတ်လန့်သွားသေးသည်။ သူတို့နှစ်ယောက် စကားပြောတာ အရမ်းမြန်တာပဲ။ ထိုတလျှောက်လုံး သူမ ဘာမှမပြောနိုင်သေးခင် လက်ထောက် ရှောင်လီ က ထွက်ပြေးသွားခဲ့တယ်။

ယွင်ရု က အနောက်ကနေ "ဟေ့ မသွားနဲ့အုံး...ငါလမ်းမသိလို့.."

ပိုင်ဟွိုင်ယု ၏ အမူအရာမှာ အနည်းငယ် ခက်ထန်နေသော်လည်း.. သူရဲ့ နူးညံကြင်နာသော omega ပုံရိပ်ကို ထားကာ ဖော်ရွေသော အပြုံးဖြင့်..

"ဒါဆို ယွင်ရု ငါနဲ့ အဖွဲ့သားဆီ ပြန်သွားရအောင် ငါ လမ်းကို သိတယ်..."

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now