18🍷

1.7K 213 2
                                    

"ဟဲလို.. မင်းက အနုပညာရှင်အသစ်လားဟင်.. ငါ့အတွက် လက်မှတ်ထိုးပေးနိုင်မလား"

အန်းထုံရဲ့မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာပြီး သူမရဲ့ အချစ်ဆုံးသူငယ်ချင်း ကျီယွိအား စစ်ဟွိုင်ရှီးထံသို့  မျက်တောင်တောင်မခတ်ဘဲ ဆွဲခေါ်သွားခဲ့သည်။

အရင်က ဒီလို သာယာလှပတဲ့ အလှလေးတွေရှိနေတာကို ဘာလို့မသိခဲ့ရတာလဲ ဒီအလယ်တန်းစာမေးပွဲက သူ့မကို နာကျင်စေတာပဲ..

စစ်ဟွိုင်ရှီးသည် ငယ်ရွယ်သော မိန်းကလေးကို ငုံ့ကြည့်လိုက်တော့ သူမသည်လည်း  မျှော်တလင့်လင့်ဖြင့် သူ့ကို ကြည့်နေသည်။ သူမသည် ငြိမ်းချမ်းသောခေတ်၏ ထူးခြားသောအေးချမ်းမှုနှင့် အားမာန်မျိုးရှိကာ အရမ်းတက်ကြွနေတယ်။  သူမသည် မရေရာသော ကောင်းကင်ယံတွင် ရှင်သန်ရန်အတွက် ရုန်းကန်နေစရာ မလိုပေ။ လှလှပပ ဝတ်စားဆင်ယင်ပြီး သူမအကြိုက်ကိုပဲ ရွေးလုပ်လို့ရနေသည်။

သူကတော့ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့သော်လည်း အမြဲစောစီးစွာ ရင့်ကျက်ခဲ့သည်။ နောက်ဆုံးရက်များတွင် လူဦးရေ ရှားပါးလာခြင်းကြောင့် အခြေခံအိမ်ထောင်ရေးနှင့် ကိုယ်ဝန်စောစောယူခြင်းကို အားပေးကြသည်။ သူသည် ပြီးပြည့်စုံသော မိသားစုကို ပိုင်ဆိုင်ရန် အမြဲ တောင့်တနေသော်လည်း နောက်ဆုံးသောနေ့ရက်များတွင် လက်တွဲဖော်ကို ရှာတွေ့ရန် မျှော်လင့်ထားပေ့မယ့် တစ်နေ့နေ့ကျရင် မထင်မှတ်ဘဲ ဇွန်ဘီတွေ ထွက်လာရင် သူ့ကလေးတွေက သူ့လို မိဘမဲ့ ဖြစ်သွားလိမ့်မယ်။

ဒီ​ထူးဆန်းသောကမ္ဘာတွင် အနည်းငယ် ပိုပြီး တည်ငြိမ်အေးချမ်းမူကို ခံစားလာရသည်။ ဒီကမ္ဘာကြီးဟာ အမြဲတမ်း ငြိမ်းချမ်းနေမယ်ဆိုရင် သူလည်း မိသားစုဘဝကို စတင်ချင်ပါသေးတယ်။

ထိုအတွေးကို တွေးလိုက်တဲ့တခဏ ထူးဆန်းစွားပဲ အစ်ကိုဖေးကို နားမလည်နိုင်စွာ သတိရသွားပြီး သူ့နှုတ်ခမ်း ထောင့်များသည် ညင်သာစွာ ကွေးညွတ်သွားသည်။

အန်းထုံပေးသော မှတ်စုစာအုပ်ပေါ်တွင် သူ့နာမည်ကို ရေးထိုးရင်း စစ်ဟွိုင်ရှီး က ခပ်ပြုံးပြုံးလေးပြုံးပြကာ..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now