11🍷

2.2K 275 1
                                    


ကျိုးဝမ်ကျင်းဟာ  အံ့အားသင့်သွားပြီး

"ဥက္ကဌဖေး ခင်ဗျာ.. မင်းဘာလို့ ငါနဲ့ စီးပွားပြိုင်ဖို့ လုပ်လာရတာလဲ..ဒါက ပထမဆုံး ငါကြိုက်တဲ့လူပဲကွ.."

ဖေးကျောက်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး..

"မင်းနဲ့ ဘာဆိုင်လို့လဲ"

ဟုတ်တယ်လေ သူကအရင်မြင်ခဲ့တာပါနော်...

"မင်းက ဖျော်ဖြေရေးရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီကို ဘယ်တုန်းကမှ မဖွင့်ဖူးဘူးလေ အတွေ့အကြုံရှိတဲ့ မန်နေဂျာတွေ၊ လက်ထောက် တွေနဲ့ အရင်းအမြစ်တွေကို ဘယ်မှာရှာရမလဲဆိုတာ မင်းသိလို့လား.."

" ဒါဆို မင်းကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို  လစာရဲ့ သုံးဆကိုပေးပြီး ငါခေါ်မယ် .."

ကျိုးဝမ်ကျင်းဟာ သွေးတလုပ်အန်ချလိုက်ပြီး ဒေါသထွက်ကာ...

"ငါ မင်းကို ပြောလိုက်မယ် ဖေးကျောက်ကျိုး..  ငါ့ကုမ္ပဏီက လူတွေက ဒီလိုတပတ်အရိုက် မခံဘူး၊ ဒီလိုငွေနည်းနည်းနဲ့ ရမှာ မဟုတ်ဘူး"

လက်ထောက်ကျန်းရဲ့ အသံက ဆန့်ကျင်ဘက် ဆက်သွယ်ရေးမှ ရုတ်တရက်ထွက်ပေါ်လာသည်။

"မစ္စတာဖေး စုဆောင်းခိုင်းထားတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အရည်အချင်းတွေကို ပြန်ဖြေပြီး အခြေခံအားဖြင့် အလုပ်ပြောင်းဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့် လက်အောက်ငယ်သားတွေက နားမလည်ဘူး၊ Star Entertainment ရဲ့ သူဌေးက ဥက္ကဌဖေးရဲ့ သူငယ်ချင်းမဟုတ်ဘူးလား.. Star Entertainment ကုမ္ပဏီက အရည်အချင်းအရှိဆုံးသူကို ဘာလို့ ငှားရတာလဲ၊ ဥက္ကဌကျိုး ဒေါသထွက်သွားမှာကို မင်းမကြောက်ဘူးလား"

သူက သူငယ်ချင်းကောင်းဖြစ်သလို ဝမ်ကျင်း ဘက်က အရည်အချင်းရှိတဲ့လူတွေထဲမှာ  ထိပ်တန်းနဲ့ အကောင်းဆုံးဆိုတာတွေ ရှိတာငါသိတယ်.. လစာဘယ်လောက်ပဲမြင့်ပါစေ အကောင်းဆုံးအရည်အချင်းတွေကိုပဲ လိုချင်တယ် လုပ်နိုင်တယ်မလား ဝမ်ကျင်းကိုတော့ ငါ့တာဝန်ထားလိုက်ပါ.."

ကျိုးဝမ်ကျင်းသည် သူရဲ့ လက်ခလယ်ကို မြှောက်ကာ ဆက်သွယ်ရေးရဲ့ အခြားတစ်ဖက်ကိုလှမ်းအော်လိုက်သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now