30🍷

1.7K 221 2
                                    

ဖေးကျောက်ကျိုး သည် ခဏမျှ ကြောင်အသွားပြီးနောက် သူ၏ အေးစက်စက်မျက်နှာမှာ နီမြန်းလာသည်။

စောင်အောက်တွင် ဝှက်ထားသော လက်ချောင်းများက စောင်ကို ဖိဆုပ်ကိုင်လိုက်သည်၊ ပယင်းရွှေရောင် မျက်လုံးများက အရှက်တဝက်ဖြင့် ကျ ဆင်းသွားသည်၊ ဖြောင့်သောနှာခေါင်းသည် အနည်းငယ်ရွေ့သွားပြီး သတိမထားမိသည့်အထိအနည်းငယ် အသက်ရှူသံတွေ ပြင်းလာလေသည်။

သူ စိတ်မရှည်စွာ အောက်နှုတ်ခမ်းကိုကိုက်လိုက်ရင်း၊ သူ့မျက်လုံးများသည် မှုန်ဝါးပြီး စိုစွတ်နေကာ စကားမပြောနိုင်သော တောင့်တမှုမျိုး ပါဝင်သော တံခါးဝတွင် ရပ်နေပြီး သူဆီ မလာသော စစ်ဟွိုင်ရှီး ကို တည့်တည့်ကြည့်နေသည်။

ဖေးကျောက်ကျိုး သည် ဒေါသအနည်းငယ်ထွက်ကာ ထိုနေ့တွင် ဆေးစစ်ချက်ကပြောခဲ့သည့်အတိုင်း သန္ဓေသားလေးသည် အခြားဖခင်၏ အနံကို လိုလားသော်လည်း ယခုအချိန်တွင် သူသည် အာဒံ၏ပန်းသီးကို လှုပ်ကာ အလိုဆန္ဒကို မျိုသိပ်ထားခဲ့သည်။ ရင်ထဲမှာ ပုရွက်ဆိတ်တွေ အဆက်မပြတ်တွားနေသလို ခံစားရတယ်။

"..လာလေ.."

စစ်ဟွိုင်ရှီး က ထူးဆန်းသလို ခံစားလိုက်ရပြီး အစ်ကိုဖေးက သူ့ကို သွေးဆောင်နေတယ်လို့ ခံစားနေရကာ ကုတင်ပေါ်က Alpha ကို ချက်ချင်း စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။

ဖေးကျောက်ကျိုးရဲ့ မျက်နှာသည် အပြည့်အဝ နိုးထလာပြီး အရှေ့ချထားတဲ့ ပျော့ပျောင်းသော အနက်ရောင်ဆံပင်များက သူ့အမြဲတမ်း အေးစက်သော အသွင်ကို အားနည်းစေသည်။ အကြောင်းတစ်ခုခုကြောင့် အစ်ကိုဖေး ၏မျက်နှာသည်  နီမြန်းနေပြီး ပယင်း ရွှေရောင်မျက်လုံးများက နဂိုအေးစက်သည်နှင့် ဆန်ကျင်စွာ ပူလောင်နေသလို ဖြစ်နေပြီး သူ့ကို စွဲလမ်းစွာ စိုက်ကြည့်နေသည်။

စစ်ဟွိုင်ရှီး လည်ချောင်းတွေ လှိမ့်သွားပြီး သူ့မျက်လုံးတွေက နက်မှောင်သွားတယ်။ မှန်ပြတင်းပေါက်ကို တိုက်မိတဲ့ မိုးရေတွေက အခန်းကို အေးသွားစေပေ့မယ့် စိတ်ထဲက ပြင်းပြတဲ့ ဆန္ဒကို မငြိမ်းသတ်နိုင်ခဲ့ဘူး။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now