27🍷

1.8K 223 5
                                    

စစ်ဟွိုင်ရှီး က မျက်မှောင်ကြုတ်ပြီး မျက်လုံးကို အနည်းငယ် ငုံ့ကာ ပြန်ကြည့်နေတော့ သူက

"ဘာလဲ" လို့ ပြန်မေးလိုက်ပေ့မယ့်..

ဆေးစစ်ချက်ရလဒ်ကိုမပြပဲ စကားလွဲနေတဲ့ သူ့ရှေ့ကလူကို စိုက်ကြည့်နေလိုက်တယ်..

ဖေးကျောက်ကျိုးက..

"မမွေးသေးတဲ့ကလေးကို စွန့်လွှတ်ဖို့ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖြောင်းဖြနေတာလား.."

စစ်ဟွိုင်ရှီး က သူရဲ့ အောက်နှုတ်ခမ်းကို ဖွဖွကိုက်ရင်း..

"ဒါက မဖြစ်သင့်ဘူး မဟုတ်ဘူးလား..
ဘာလို့လဲဆိုရင် ကလေးဖြစ်ရင်တောင်မှ မမွေးသေးတဲ့အသက်ကိုကယ်တင်ဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကို မစတေးသင့်ဘူးလေ.."

ဖေးကျောက်ကျိုးဟာ အံ့အားသင့်သွားပြီး သူ့နှလုံးသားထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ရှင်းရှင်းလင်းလင်းပြောရရင် ဒီကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရှုထောင့်ကနေ တွေးကြည့်ပြီး ကလေးကို စွန့်လွှတ်မယ်တဲ့လား..

"တ..တကယ်လို့..ဒါက မင်းရဲ့ ကလေးဆိုရင်ရော.."

"ငါ့ကလေးဆိုရင် ငါလည်း စွန့်လွှတ်လိုက်မယ်.. အိမ်ထောင်ဖက်က မွေးချင်ရင်တောင် စွန့်လွတ်ဖို့ တွန်းအားပေးရမှာပဲ.."

ဖေးကျောက်ကျိုး သည် သူ့ကလေးအား ဒီရက်စက်ကြမ်းကြုတ်သောဖခင်အရင်းမှ စွန့်ပစ်ခံရမည်ဟု တွေးကာ သူ့နှလုံးများ နာကျင်သွားရပြီး မျက်လုံးများ ချက်ချင်းနီရဲသွားသွားလေတယ်။

"မင်း.. မင်းမှာ ဒီလို..အခွင့်အရေးမရှိဘူး မင်းအိမ်ထောင်ဖက်ကို အဲလိုမလုပ်သင့်ဘူးလေ..."

စစ်ဟွိုင်ရှီး သည် ဖေးကျောက်ကျိုး ကို သံသယဖြင့် ကြည့်ကာ..

"ဘာလို့ စိတ်ဆိုးနေတာလဲ ဖေးကော.. အဲဒါ ကောမဟုတ်ဘူးလေ.."

"ငါ.. ငါ စိတ်မဆိုးပါဘူး!"

စစ်ဟွိုင်ရှီးက အကြောင်းအရာကို ချက်ချင်း.. နားလည်သွားပြီး...

"ဖေးကောက ကျွန်တော်ကို ရက်စက်တယ်လို့ ထင်နေတာလား.. မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံ မှုကြောင့် မွေးလာရမယ့် ကလေးဆိုရင် မမွေးစေချင်ဘူး.. "

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now