40🍷

1.3K 135 3
                                    


ယူကျင်း က ထိုဖတ်ထုတ်တွေမြင်ကာ မျက်မှောင်ကြုတ်သွားပြီး ခေါင်းအသာခါလျှက်.

"မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ မင်းနဲ့ ငါက လှေတစ်စင်းတည်းမှာ ရှိနေတာ မင်း ပိုင်မိသားစု ကို စော်ကားရင် မိသားစုနဲ့ မြို့စားဗာရှလုံဘက်က လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမှာမဟုတ်ဘူး  ပြသာနာကို ရှောင်ပြီး အဖွဲ့ထဲက ထွက်ခဲ့တာက ပိုကောင်းမယ်"

ပိုင်ဟွိုင်ယုက  က ရုတ်တရက် ပြင်းပြင်းထန်ထန် အော်လိုက်ပြီး "ငါ ဘာလို့ အဖွဲ့ထဲ​က ထွက်သွားရမှာလဲ"

ယူကျင်းက "မင်းမှာ ဖေးကျောက်ကျိုးနဲ့ ဆက်ဆံနိုင်တဲ့ အရည်အချင်း တကယ်ရှိလို့လား.. သူက S-level Alpha ပါ မင်းရဲ့ pheromone က S-level Alpha ကို မထိန်းချုပ်နိုင်ဘူး!"

ပိုင်ဟွိုင်ယု ရဲ့ မျက်လုံးတွေက တင်းမာနေပြီး

"မဖြစ်နိုင်ဘူးလို့ဘယ်သူပြောလဲ.."

ယူကျင်း က ခဏလောက် အံ့အားသင့်သွားပြီး.. "မင်းမှာ တခြားနည်းလမ်းရှိလို့လား?"

ပိုင်ဟွိုင်ယု က ပြုံးလိုက်ပြီး "Alpha ကို သွေးဆောင်ဖို့ သက်သက်ပဲ မဟုတ်လား ဖေးကျောက်ကျိုး လည်း Alpha ဆိုတော့ ငါကဘာလို့ သွေးမဆောင်နိုင်ရမှာလဲ.."

"မင်းငါ့အတွက် Omega ထကြွဆေး ကိုပြင်ဆင်ထားလိုက်  estrusကာလ မှာ pheromone အာရုံစူးစိုက်မှုဟာ နဂိုထက် ဆယ်ဆပိုများတယ်.. S-class Alphaတောင် ခုခံဖို့ သိပ်မလွယ်နိုင်ပါဘူးငါ့ရဲ့ pheromone ကို တစ်ကြိမ် စွဲနေသွားသရွေ့ သူဘာမှမလုပ်နိုင်တော့ဘူး.."

ယူကျင်းသည် ကောက်ကျစ်သော ဝမ်းကွဲကို မဝံ့မရဲ ကြည့်ကာ အရူးအမူးကိုက်စားတတ်သော အဆိပ်ပြင်းမြွေတစ်ကောင်လို့ ထင်မိသွားသည်။

ဒီလိုတားမြစ်ဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အိုမီဂါရဲ့ estrus ရာသီဟာ ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်များကြောင်း သိထားရပါမယ်။ estrus ရာသီစတင်သည်နှင့်မပြီးဆုံးမီအထိ Alpha မှအမှတ်အသားပြုရပါမည်။

Omega estrus  ကြောင့် Alpha မှ အတင်းအကျပ် အမှတ်အသားပြုခံရကြောင်း နေ့စဉ်လူမှုရေးသတင်းများက ဖော်ပြသည်။ ထို့နောက် သားကောင် Omega သည် Alpha ၏ pheromoneများကို ဆေးကြောရန် ဆေးရုံသွားခဲ့ရသည်။ Pheromone ဖယ်ရှားခြင်းခွဲစိတ်မှုသည် Omega အတွက် အလွန်နာကျင်ပါသည်။ ပျက်စီးသွားသော ဂလင်းနှင့် အပြည့်အဝမှတ်သားထားသော အိုမီဂါခွဲစိတ်မှူရဲ့အခက်အခဲညွှန်းကိန်းသည် အဆတိုးလာသည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now