22🍷

1.7K 211 2
                                    

ယူကျင်းထွက်သွားတုန်းတော့
ပိုင်ဟွိုင်ယုသည် ရုတ်တရက် ရယ်မောလိုက်ပြီး ယူကျင်းရဲ့ နောက်ကျောကို လှောင်ပြောင်သရော်မှုဖြင့် ကြည့်လိုက်သည်။

ဒီလောက် အသုံးမကျတဲ့ အေးဂျင့်က ဘာလုပ်နိုင်မှာလဲ။ ဆက်သွယ်ရေးစက်ပေါ်ရှိ လူတစ်ဦး၏အမည်ကို ကြည့်လိုက်ပြီး  ချက်ချင်းနှိပ်လိုက်သည်။

ပိုင်ဟွိုင်ယုရဲ့ လှပသော မျက်နှာသည် ကြာဖြူပွင့်ကဲ့သို့ ပြုံးနေပြီး..

"အစ်ကိုရှန်း အစ်ကိုနဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့တဲ့ ကိစ္စက ဘယ်လိုလဲဟင်..အစ်ကို့ရဲ့မန်နေဂျာက ကျွန်တော်ကို ခေါ်မှာလား.."

ရှန်းမိုထောင်သည် ပိုင်ဟွိုင်ယုရဲ့ ခေါ်သံကြောင့်နှင်းဖုံးတောင်တန်းများနှင့် ရေခဲသောစမ်းများကဲ့သို့ အေးစက်သော မျက်လုံးများသည် ချက်ချင်းအရည်ပျော်သွားပြီး ထိုနူးညံ့သောမျက်လုံးများကို သူ့ပရိသတ်အားလုံးကို မြင်ပါက ထိတ်လန့်စေဖွယ်ရှိသည်။

ရှန်းမိုထောင်သည် ဖျော်ဖြေရေးနယ်ပယ်တွင် လူသိများသော လူငယ် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ပွဲဦးထွက်ပြီး နှစ်အနည်းငယ် အတွင်းမှာ ဆုပေါင်းများစွာကို ရရှိခဲ့တယ်။ သူသည် များသောအားဖြင့် အေးစက်သောမျက်နှာနှင့် မောက်မာသောအသွင်အပြင်ရှိသည်။

သူ့မှာ ဂုဏ်ယူစရာ အရည်အချင်းလည်း ရှိတယ်။ သရုပ်ဆောင်စွမ်းရည်ပိုင်းမှာတော့ သူက ထိပ်တန်းအဆင့်မှာ ရှိနေသူပါ။ သူ့ကိုလွှမ်းမိုးနိုင်တဲ့ ဝါရင့်သရုပ်ဆောင်အနည်းငယ်ကလွဲရင် ရှန်းမိုထောင်ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ ပါရမီရှင်မင်းသားတစ်ယောက်ဖြစ်နေပါပြီ။

မိသားစုနောက်ခံအရဆိုလျှင် ရှန်းမိုထောင်သည် ရှန်းမိသားစု၏ တတိယမြောက် သခင်လေးဖြစ်သည်။ ရှန်းမိသားစုရဲ့ စီးပွားရေးသည် အင်ပါယာရှိ ဈေးအကြီးဆုံး အာကာသ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများထဲမှ တစ်ခုဖြစ်ပြီး ဧကရာဇ်အခွန်ဗျူရိုတစ်ခုတည်းက ပေးဆောင်ရသည့် အခကြေးငွေများမှာ နှစ်စဉ်နှစ်တိုင်း ကောင်းကင်ယံတွင် မြင့်မားနေသောကြောင့် ရှန်းမိသားစုတွင် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးယာဉ်နှင့် အရင်းအမြစ်ဂြိုဟ်များ ရှိကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း  ရှန်းမိသားစု က ပိုင်မိသားစုထက် အင်ပါယာရဲ့ ချမ်းသာစာရင်းမှာ ရှေ့ဆုံးက ရှိနေပါတယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now