3🍷

2.8K 353 4
                                    

စစ်ဟွိုင်ရှီး ဆက်ခနဲနိုးလာပြီး သူ့ဘေးမှာ နောက်ထပ်လူတစ်ယောက် ရှိနေတာကို တွေ့ လိုက်ရတယ်

ကြည်လင်သန့်ရှင်းသော ပင်လယ်ပြာမျက်ဝန်းတွေကိုခဏမှိတ်လိုက်ပြီးနောက် မနေ့ညက ဖြစ်ပျက်ခဲ့တာတွေဟာ စိတ်ထဲတွင်တစ်ခုချင်းပေါ်လာတော့..ချက်ခြင်းပင် ချောမောလှပသောမျက်နှာပေါ်မှာ နီမြန်းမှုတစ်ခု ပေါ်လာသည်..

စစ်ဟွိုင်ရှီး အတွက်ဒါက ပထမဆုံးအကြိမ်ပါပဲ.. ဒီလိုမျိုးဖြစ်လာမယ်လို့ တစ်ခါမှ မမျှော်လင့်ထားမိဘူး.. သူဟာကောင်းကင်ဘုံရဲ့ခြေရင်းမှာရှိနေခဲ့သလိုမျိုး ဘယ်သူမှသူ့ကို နှိမ့်ချဆက်ဆံခြင်းမျိုးမရှိသော်လည်း သူ့ဘာသာတစ်ယောက်ထဲ အေးအေးဆေးဆေးနေလိုသူဖြစ်သည်....

သူ့ဘေးနားမှာ အိပ်ပျော်နေသော လူကို တိတ်တဆိတ် စိုက်ကြည့်ရင်း တင်းမာသော မျက်နှာနှင့် ပါးလွှာသော နှုတ်ခမ်းများကို စိထားလိုက်သည်.. သူ့ရဲ့ တန်ဖိုးကြီးဝတ်စုံတွေက စုတ်ပြတ်သတ်ကာ တစစီ ပြန့်ကျဲနေပြီး ပခုံးကျယ်များ၊ ခါးကျဉ်းကျဉ်းလေး၊ တင်းမာပြီး ချောမွေ့သော ကြွက်သားများပေါ်တွင် အရာတွေထင်ကျန်နေသည်.. အကြာကြီး လေ့ကျင့်ခန်းလုပ်ထားတာ သေချာနေပါပြီ..

ခါးက ပျော့ပြောင်းပြီး ဆွဲဆောင်မှုရှိနေတယ် အားကောင်းတဲ့ ခြေတံရှည် အနည်းငယ် ရောင်ရမ်းနေတဲ့ နှုတ်ခမ်းများတွင်လည်း ကိုက်ထားသည့် ဒဏ်ရာများ ရှိနေဆဲပင်...

စစ်ဟွိုင်ရှီးသည် အသက်ရှုကြပ်လာသလို ခံစားရပြီး ပြတင်းပေါက်ဘက်သို့ ခေါင်းလှည့်ကာ ကြည်လင်သာယာနေသော ကောင်းကင်ပြာကိုငေးကြည့်နေမိသည်...

ရုတ်တရက်.....

သူ့ခေါင်းမှာ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရပြီး မရင်းနှီးတဲ့ အဖြစ်အပျက်များစွာ သူ့စိတ်ထဲတွင် ပြည့်လျှံလာသည်... တစ်မိနစ်အကြာတွင် သူသည် တစ်ကမ္ဘာလုံးရှိ အချက်အလက်အားလုံးကို စုပ်ယူလိုက်သလို ခံစားလိုက်ရသည်။

ဒီကမ္ဘာသည် အမျိုးသား ​အယ်လ်ဖာနှင့် အမျိုးသမီး အယ်လ်ဖာ၊ အမျိုးသား ဘီတာ၊ အမျိုးသမီး ဘီတာနှင့် ကလေးမွေးနိုင်သော အမျိုးသားနှင့် အမျိုးသမီး အို မီဂါတို့ ပါဝင်သော ကမ္ဘာဖြစ်သည်။ Alpha နှင့် Omega တို့သည် pheromone များဖြင့် အချင်းချင်း ဆွဲဆောင်ကြသည်..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now