26🍷

1.7K 240 7
                                    

ဖေးကျောက်ကျိုး ထွက်လာချိန်မှာတော့ သု့ရဲ့ အခြေအနေက အရမ်းစိုးရိမ်ရတယ်လို့ ထင်လိုက်ကာ...

"ဘာတဲ့လဲ.. ရလဒ်နဲ့ပတ်သက်ပြီး ဒေါက်တာကဘာပြောလဲ.."

ဖေးကျောက်ကျိုး သည် ရလဒ်အကြောင်းကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ စစ်ဟွိုင်ရှီးက  ကလေးရဲ့ဖခင်အရင်းဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် အသိပေးသင့်တယ်လေ။

ဒါပေမယ့် သူစကားပြောခါနီးမှာ စိုးရိမ်တဲ့အသံတွေက သူ့ကို နှောက်ယှက်လိုက်တယ်။

"ဖယ်ကြ... လမ်းက ဖယ်ကြ..."

"ဒေါက်တာ လူနာက ကားမတော်တဆမှုကြောင့် သွေးထွက်များနေပြီး  ကိုယ်ဝန်ဆောင် အမျိုးသမီးလည်း ဖြစ်နေတယ်.. သူမရဲ့ အသက် က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး သွေးသွင်းဖို့ အရေးပေါ် လိုအပ်နေပါတယ်.."

"သိပြီ..အရင်ဆုံးလူနာကိုစမ်းသပ်ဖို့ ခေါ်သွားလိုက်.."

ဒေါက်တညနဲ့ သူနာပြုဆရာမတွေက ဆေးရုံကုတင်ပေါ်မှ ဗိုက်ဖောင်းနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို တွန်းထုတ်လာကာ အလွန်လေးနက်သော အမူအရာဖြင့် ပြောဆိုကာ ဖြတ်သွားဖြတ်လာများကို လမ်းမှဖယ်ပေးရန် အော်ဟစ်နေလေသည်။

ဖေးကျောက်ကျိုးနဲ့ စစ်ဟွိုင်ရှီးလည်း အမြန်ဖယ်ပေးလိုက်ရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မျက်နှာမှာ ဖြူဖျော့ဖျော့ဖြင့် ဝမ်းဗိုက်အောက်တွင် သွေးများစွန်းထင်းနေပြီး ဆေးရုံရဲ့သန့်ရှင်းသောကြမ်းပြင်ပေါ်သို့ တစက်စက်ကျနေလေသည်။

ဒါပေ့မယ့် ဒီအခြေနေမှာတောင် ကိုယ်ဝန်ဆောင်အမျိုးသမီးက ဒေါက်တာကို ငိုယိုတောင်းပန်ရင်း..

"ဒီကလေး..  ကျေးဇူးပြုပြီး ဒီကလေးကိုကယ်ပေးပါ..ဒီကလေးက သေသွားတဲ့ငါ့ယောင်္ကျားရဲ့ကလေးပါ ငါ့မှာသူပဲရှိတော့တာ သူမရှိရင် ငါသေရလိမ့်မယ်..."

"အရင်ဆုံး ခွဲစိတ်ပြီးမှ ပြောကြရအောင်.."

ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အားနည်းသောလက်ဟာ မထင်မှတ်ပဲ ခွန်အားများပေါက်ထွက်ကာ ဆရာဝန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ပျော့ညံ့သောမျက်လုံးများက ရဲ့ရင်မူနှင့်..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Tahanan ng mga kuwento. Tumuklas ngayon