21🍷

1.7K 213 1
                                    


ဧည့်ခန်းတံခါးဝတွင် 'မနှောင့်ယှက်ရ' ဆိုင်းဘုတ်ကို ကပ်ထားပြီး အခန်းတွင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျသည့် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပိုင်ယူကျင်းသည် အခန်းထဲသို့ ပြင်ပလူများ မချဉ်းကပ်ရန် တားဆီးထားသော်လည်း သူ့ဝမ်းကွဲ ပိုင်ဟွိုင်ယုရဲ့ စိတ်နေစိတ်ထားကို တွေးလိုက်သောအခါတွင် သူ့ဘာမှလုပ်မနေတော့ပဲ စီးကရက်ကိုသာ နူတ်ခမ်းတွင်ခဲလိုက်လေသည်။

ပိုင်ယူကျင်းသည် ပိုင်မိသားစု၏ တပည့်တစ်ဦးဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ကောင်းရထားပြီး အသိုင်းအဝိုင်းမှာ နာမည်ကြီး ရွှေတံဆိပ်ရတဲ့အေဂျင့်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုရဲ့အမိန့်ကြောင့် သူ့ဝမ်းကွဲ ပိုင်ဟွိုင်ယုရဲ့မန်နေဂျာဖြစ်လာတယ်။ ဒီဝမ်းကွဲက ထိလွယ်ရှလွယ်၊ မနာလို၊ စိတ်ကျဉ်းမြောင်းသူ၊ မိုက်မဲပြီး လွန်ကဲသူဖြစ်သည်။ သူသည် နူးညံ့သောအပြုံးဖြင့် ပြုံးနေသော်လည်း အတွင်းစိတ်က မှောင်မိုက်လွန်းသဖြင့် တခါတရံ ထိတ်လန့်သွားရသည်။

ပိုင်ယူကျင်းက မန်နေဂျာဖြစ်နေတာကြောင့် သူ့ကိုယ်သူ တော်တော်ထိန်းထားနိုင်တယ်။ဒါပေမယ့် ပိုင်ဟွိုင်ယုကတော့  တစ်ယောက်ယောက်က သူ့ကို စိတ်ဆိုးအောင်လုပ်လိုက်တာနဲ့ သူ့ရဲ့ အထူးလှည့်ကွက်တွေကို သုံးလိမ့်မယ်။ မတော်တဆမှုများ အမြဲရှိလေ့ရှိပြီး ယူကျင်းသည် သူ့ရဲ့ဝမ်းကွဲအတွက်အရှုပ်အထွေးတွေကို ရှင်းပစ်ခဲ့ရသည်မှာ မရေတွက်နိုင်တော့..

ယူကျင်းက သက်ပြင်းအသာချလိုက်တယ်။ ဖျော်ဖြေရေး နယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့ဖို့ ပိုင်မိသားစုရဲ့အာဏာကို ငှားရမ်းခဲ့ရတယ်။ အခု သူချေးပြီး ပြန်ဆပ်ရမယ့်အတွက် ဒီဝမ်းကွဲကို သူ့အနုပညာသမားအဖြစ် အသိအမှတ်ပြုပြီး သူ့ကို ထောက်ပံ့ဖို့ပဲ အာရုံစိုက်ထားရတယ်။

ပိုင်ဟွိုင်ယုကြောင့် ပိုင်မိသားစုက သူ့ကို ပိုအရေးပေးလာတယ်၊ အနည်းဆုံးတော့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး။ သူတို့သည် မူလက ဝမ်းကွဲ ပိုင်ဟွိုင်ယုကို ဒါရိုက်တာကြီးတစ်ယောက်ရဲ့ သမိုင်းဝင် ဒရာမာဇာတ်လမ်းကို စမ်းကြည့်ရန် စီစဉ်ခဲ့သည်။ အလွှာပေါင်းစုံမှ သရုပ်ဆောင်များနှင့် မင်းသမီးများ စုစည်းကာ အေးဂျင့်တစ်ဦးအနေဖြင့် သရုပ်ဆောင်စွမ်းရည်များစွာမလိုအပ်ဘဲ နှစ်သက်ဖွယ်ကောင်းသော အမျိုးသားဇာတ်ပို့ဇာတ်ကွက်ကို အထူးရွေးချယ်ခဲ့သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now