50

965 86 1
                                    


နောက်တစ်နေ့..ဖိုရမ်၌...

[@SihuaixiV အမြန် စာချုပ်ကို ပယ်ဖျက်လိုက်ပါ..  ရှီးရှီး ကို အအေးခန်းထဲထားခဲ့ရင် ဘယ်လိုလုပ်မလဲ.. ]

[Wo၀၀၀၀၀-မလုပ်ပါနဲ့၊ နောက်ဆုံးတော့ ဖျော်ဖြေရေးနယ်ပယ်မှာ ထိပ်တန်း မျက်နှာကို ငါတွေ့ခဲ့ရတယ် CP ဗီဒီယိုကိုလည်း ထပ်ခါတလဲလဲကြည့်ခဲ့တာပါ.. မျက်နှာက အရမ်းတောက်ပပြီး ရောင်ပြန်ဟပ်နေသလိုပါပဲ..ငါတို့ကို မထားခဲ့ပါနဲ့’]

[သူက ထွက်သွားမှာမလို့လား ]

[သေရော..အဲ့ဒါ ဖြစ်နိုင်တယ်! ]

[+1]

[အရင်က အဲ့ကုမ္ပဏီက အမျိုးသမီး အနုပညာရှင်လည်း အနုပညာလောက ကနေ နုတ်ထွက်ခဲ့တယ်တဲ့.. အဲဒီ အမှိုက်ဖျော်ဖြေရေးကုမ္ပဏီက လူတွေကို သတ်နေတာပဲ.. ရှီးရှီး က  ဖျော်ဖြေရေးနယ်ပယ်မှာ အဲလို ညစ်ပတ်တဲ့ နေရာမှာ မနေချင် ဘူးဆိုရင်တောင် ခွင့်လွှတ်နိုင်ပါတယ်]

[ဒါဆို စစ်ဟွိုင်ရှီး က အနုပညာလောက ကနေ နုတ်ထွက်သွားရင်ကော.. ]

[မဟုတ်ရင် သူကဘယ်သွားရမှာမလို့လဲ? ]

[အနုပညာလောကထဲက မဟုတ်သည်ဖြစ်စေ ကြယ်တစ်ပွင့်မဟုတ်ရင်တောင် မင်း အသက်ရှင်နေသေးကြောင်း သက်သေပြဖို့အတွက် ဓာတ်ပုံအချို့ကို တင်ပေးပါအုံး.. အင်တာနက် Celeတစ်ယောက်ဖြစ်လို့လဲ ရပါတယ်.. ]

#sihuaixi retreats# နှင့် #sihuaixi ပျောက်ကွယ်သွားနိုင်သည် ဆိုတဲ့ ခေါင်းစီးတွေရဲ့ ရေပန်းစား မှုသည် မြင့်တက်လာနေပြီး ၎င်းသည် hot search list တွင်ပထမ​နေရာရထားသည်။  သနားစရာကောင်းသောကြယ်လေးသည် အလွန်နာမည်ကြီးသွားပြီး သူ့အတွက် တိုက်ပွဲဝင်ရန် ဖြောင့်မတ်သောဒေါသနှင့်ပရိတ်သတ်တွေ ပြည့်နေပါသည်။

အနုပညာဝိုင်းထဲကလူတိုင်း အံ့ဩသွားရတယ်။ စစ်ဟွိုင်ရှီး လို့အမည်ပေးထားတဲ့ ဒီကြယ်လေးဟာ အလွန်အဆိပ်ပြင်းလှပါတယ်။ ဓာတ်ပုံတစ်ပုံထဲနဲ့ hot search တွင်ရှိပြီး ဗီဒီယိုတစ်ခုထဲနဲ့လည်း hot search ရောက်နိုင်သည်။ အခုဆို ဓာတ်ပုံတွေ ဗီဒီယိုတွေ ပျံနှံကုန်ပြီ။

မူလက အင်တာနက်သုံးစွဲသူများက ငိုကြွေးခဲ့ကြပြီး ဤလှပသောကြယ်ပွင့်လေး ပျောက်ကွယ်သွားမယ်ထင်ကာ အထင်ကရ ပင်လယ်ပြာမျက်လုံးများက လူများကို ပို၍ပင် စိတ်လှုပ်ရှား၊ တမ်းတပြီး ဝမ်းနည်းစေခဲ့သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now