32🍷

1.8K 175 0
                                    

ဆရာဝန်ပြောတာက တကယ်ထိရောက်တာပဲ..

ဖေးကျောက်ကျိုး နိုးလာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် ယခင်က နိုးလာသောအခါတွင် မသက်မသာ ခံစားရလေသည်။ သူ့လက်ချောင်းထိပ်များက သူ့ဝမ်းဗိုက်သားကို ထိလိုက်သည်၊ သူ့ပယင်း ရွှေရောင်မျက်လုံးများသည် ပျားရည်ကဲ့သို့ ပျော့ပျောင်းနေပြီး သူ၏ အေးစက်စက်နှင့် ဝေးကွာသော မျက်နှာအသွင်အပြင်သည် နူးညံ့မှုအလွှာဖြင့် ဖုံးလွှမ်းထားသည်။ ပေါ့ပါးပြီး လူတစ်ကိုယ်လုံး ပျော့ပျောင်း ပျင်းရိလာသည်။

တံခါးကို တွန်းဖွင့်လာသော စစ်ဟွိုင်ရှီး သည် ခဏမျှ ထိတ်လန့်သွားပြီး ပေါ့ပါးသော အလင်းရောင်တွင် ဖေးကျောက်ကျိုး ကို လှမ်းကြည့်လိုက်သောအခါ သူ့ နှလုံးခုန်သံ အကြိမ်ပေါင်းများစွာ ခုန်သွားသည်။

"ဖေးကော နိုးပြီလား.."

စစ်ဟွိုင်ရှီး သည် ပြိုးပြိုးပြက်ပြက်တောက်ပနေသော နေရောင်ကဲ့သို့ ပြုံးလိုက်ရင်း၊ တောင်တန်းများပေါ်မှ ခုန်ဆင်းလာသော ရေတံခွန်လို ဖြူစင်ပြီး ကြည်လင်တောက်ပသော အသားအရေနဖျင့် ပင်လယ်ပြာရောင် မျက်လုံးများက ဖျတ်ခနဲ ဖျတ်ခနဲ ပြုံးနေသည်။ ဖြူစင်သန့်ရှင်းပြီး ချောမောလှပသလို အကျင့်စာရိတ္တကောင်းမွန်သူလညဖြစ်သည်။

ဖေးကျောက်ကျိုးသည် မျက်လုံးများကို စက္ကန့်အနည်းငယ်ကြာအောင် ဖြည်းညှင်းစွာမှိတ်ထားကာ တည်ငြိမ်မှုကို ပြန်လည်ရရှိကာမှ သူ့ပါးစပ်ထဲမှ အံသွားများကို တိတ်တဆိတ် ကြိတ်လိုက်သည်။

အပြစ်ကင်းစင်သော ဒီမျက်နှာကြောင့် သူလှည့်စားခံခဲ့ရတာ..

ရလဒ်အနေနဲ့ ကိုယ်ဝန်တောင်ရှိသွားသည်။ ဖေးကျောက်ကျိုး သည် သူ့ကိုယ်သူ လေးစားမှု ပျက်ပြားသွားသည့်အတွက် တစ်စက္ကန့်မျှ ညည်းတွားကာ စီးကရက်သောက်ချင်လာသည်။

သူ့အိတ်ကပ်ကို ထိလိုက်တာနဲ့ ကိုယ်ဝန်ရှိနေတုန်း ဆေးလိပ်မသောက်နိုင်ဘူး ဆိုတာ ရုတ်တရက် သတိရသွားတယ်။ သူ စီးကရက် ဖြတ်ရတော့မယ်။ အပြစ်ကင်းစင်သော စစ်ဟွိုင်ရှီး ကို စိုးရိမ်တကြီး စိုက်ကြည့်ရုံမှတပါး သူ မတတ်နိုင်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now