31🍷

1.7K 195 17
                                    


သူ့ လိုAlphas တစ်ယောက်က ကိုယ်ဝန်ရသွားတယ်ပြောရင် စစ်ဟွိုင်ရှီးက ကိုယ်ဝန်ရဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြန်ပြောလိုက်ရင် သူဘာလုပ်ရမှန်းသိတော့မှာမဟုတ်ဘူး

ဆေးရုံမှာ ပြောခဲ့တဲ့ စကားတွေက သူ့အမြင်ကို ရှင်းပြပေးခဲ့ပြီး မိဘမဲ့ကလေးများအပေါ် စစ်ဟွိုင်ရှီး ၏ အဆိုးမြင်အမြင်များကို နားလည်နိုင်ပေမယ့် ဖေးကျောက်ကျိုး သည်လည်း တစ်ဦးတည်းကြီးပြင်းလာကာ ပြီးပြည့်စုံသော မိသားစုကို တောင့်တခဲ့ဖူးသော်လည်း ဤမျှော်လင့်ချက်မှာ သူ၏ ဂလင်း ပျက်စီးပြီးနောက် သူမျိုးမပွား နိုင်တော့ကြောင်း အကြောင်းကြားလာတဲ့အခါမှာ ပျက်စီးသွားခဲ့ရတယ်။

ပျောက်ဆုံးသွားတဲ့မျော်လင့်ချက်တွေက အခုမှ ကလေးတစ်ယောက်နဲ့ ပြည့်စုံတဲ့ မိသားစုကိုရလာတဲ့အတွက် ဒီတစ်ကြိမ် ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး။

စစ်ဟွိုင်ရှီး သည် 'ပဲသီးလေး' ကို လက်မခံနိုင်ဖြစ်နေပြီး သူအမှန်တရားကိုသိကာ ဒီကလေးကိုမွေးတာကို သဘောမတူပဲ အနံကိုမပေးတော့ဘူးဆိုရင်...

ဖေးကျောက်ကျိုး ၏ မျက်လုံးများက မှေးမှိန်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်း စိထားသည်။

စစ်ဟွိုင်ရှီး က အေးစက်စွာမေးတယ်

"ငါမဟုတ်ပဲ.. တခြားသူတွေရှိမှာပဲမဟုတ် လား... ဒါပေမယ့် ဖေးကော မင်းငါ့ကိုရွေးခဲ့ရင် အဆုံးထိ  ငါတစ်ယောက်တည်းကိုပဲရွေးရမယ်.."

လေသံအဆုံးတွင်.. ပြင်းထန်သော မနာလိုစိတ်နှင့် ပိုင်ဆိုင်လို​မှုတို့ရဲ့ အသံဖြင့် အဆုံးသတ်သွားသည်။

ဖေးကျောက်ကျိုး က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး...

"ငါ တခြားတစ်ယောက်ကို ရွေးမှာမဟုတ်ပါဘူး"

ထိုအခါမှ စစ်ဟွိုင်ရှီး ၏အမူအရာမှာ အနည်းငယ်ပျော့ပျောင်းသွားပြီး သူက..

"ဒါဆို ဖေးကောက က ဘယ်တော့ လိုအပ်မှာလဲ.. Pheromone ချို့တဲ့တာက တစ်သက်လုံး တော့ မဟုတ်ဘူးမလား.."

ဖေးကျောက်ကျိုး က ခဏလောက်စဉ်းစားပြီး...

"ကိုးလ" လို့ပြောလိုက်တယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now