34🍷

1.6K 156 2
                                    

Part-34

ရိုက်ကွင်း...

ပိုင်ဟွိုင်ယုသည် ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ဖြစ်တာကြောင့် စတင်ရိုက်ကူးနေပြီဖြစ်သည်။ စစ်ဟွိုင်ရှီး သူ့ဘေးမှာမရှိသရွေ့ ပိုင်ဟွိုင်ယု ဟာ အေးစက်တဲ့ကျောင်းသားလေး တစ်ယောက်လို နူးညံ့သိမ်မွေ့တဲ့ အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်အဖြစ်ပြောင်းလဲသွားသလိုမျိုး...

အနည်းဆုံး ပိုင်ဟွိုင်ယု ၏အသွင်အပြင်သည် ဖျော်ဖြေရေးနယ်ပယ်တွင် အကောင်းဆုံးတစ်ဦးအဖြစ် မှတ်ယူနိုင်ပါသည်။ သရုပ်ဆောင်စွမ်းရည်အရဆိုရင် ဒီ idol ဒရာမာနဲ့ လုံလောက်ပါသည်။

ဒါရိုက်တာ လင်း က ကင်မရာအဖွဲ့သားတွေကို ဘတ်စကတ်ဘောကွင်းမှာ ပစ္စည်း တွေရွှေ့ခိုင်းပြီး ထိပ်တန်းသရုပ်ဆောင်များစွာကို အခြေအနေအချို့ကို ရှင်းပြဖို့ ပြင်နေသည်။

ပိုင်ဟွိုင်ယု က ဒီအချိန်မှာ ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး မိတ်ကပ်ပညာရှင်ကသူ့ရဲ့မိတ်ကပ်ကို ပြုပြင်နေတုန်းပါပဲ။ ကင်မရာထဲမှာ အပြစ်အနာအဆာကင်းကင်းနဲ့ ပေါ်ချင်တယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဆင်ရ
ပါလိမ့်မယ်။ အေးအေးဆေးဆေး ကျောင်းနေတတ်တဲ့ ဇာတ်ကောင် ဖြစ်ရမယ်။

ပိုင်ဟွိုင်ယု ၏ မျက်လုံးများသည် ညိုနေပြီး ဒေါသဖြစ်နေကာ မိတ်ကပ် ပညာရှင်ကို ကြည့်သောအခါတွင် သူ၏မျက်လုံးများသည် အလွန်ခက်ထန်​ေ သော်လည်း အပြင်တွင် နူးညံ့ကြင်နာတတ်သော Omega ဟန်ဆောင် ကာ..

“ဒီမှာ ကျေးဇူးပြု၍ သတိထားပေးပါလား..ကင်မရာထဲမှာ ငါ့မျက်နှာက လှနေရမှာလေ သေချာလုပ်ပေးပါ.."

"ဟုတ်..ဟုတ်ကဲ့.."

မိတ်ကပ်ပညာရှင်က သက်ပြင်းချပြီးတရားဝင်မဟုတ်တဲ့ သခင်လေးပိုင် အတွက် မိတ်ကပ်လိမ်းကာတဖြည်းဖြည်းပိုဖြူ လာပြီး တောက်ပနိုင်လောက်အောင် ဖြူနေကာမှ သူကျေနပ်သွားလိမ့်မယ်။

ပိုင်ဟွိုင်ယု က ..

" စစ်ဟွိုင်ရှီး ရဲ့ မိတ်ကပ်ပညာရှင်က ဘယ်သူလဲဆိုတာ မင်းသိလား "

မိတ်ကပ်ပညာရှင် ပိုင်ဟွိုင်ယုက ထိုမိတ်ကပ်ပညာရှင်ကို အမှန်တကယ်သိချင်သောကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်။.

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now