46🍷

1.1K 126 3
                                    

စစ်ဟွိုင်ရှီး သည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို သိသွားပြီလားအသိဖြင့် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး ..

"ဘာက..ဘယ်သူလဲ?"

"စစ်ဟွိုင်ရှီး မင်းလိုE-level Betaက.. အင်ပါယာနိုင်ငံသားတွေအတွက် မသင်မနေရ ကိုးနှစ်တာ ပညာသင်ကြားခြင်းအပြင် တက္ကသိုလ်လည်း မတက်ရောက်ခဲ့ဘူး.. ဒါပေမယ့် S- level Alpha အင်ပါယာဗိုလ်မှူးဟောင်းဖြစ်တဲ့ ငါကိုချည်နှောင်ထားနိုင်တယ်... မင်း ဟိုတယ်မှာရှိတုန်းက ငါ့အခန်းထဲရောက်နေပြ တံခါးသော့ဘယ်လိုရလဲမသိပေ့မယ့် မင်းဝင်နိုင်ခဲ့တယ် ဒါပေမယ့် မင်းက သာမန်လူ..ကြုံသလို​နေတဲ့ကြယ်က လူတစ် ယောက်..ဒါပေမယ့် မင်းငါ့ကို စိတ်ရှုပ်ထွေးစေပြီး ငါ့ကိုတောင် ခွန်အားနဲ့ ဖိနှိပ်နိုင်နေတယ်.. အဲဒါကြောင့်ပဲ ပြောစမ်းပါ..မင်းက သူလျှိုလား"

စစ်ဟွိုင်ရှီး နှလုံးသားထဲကို ရေခဲရေတစ်ပုံး သွန်ချလိုက်သလို ခံစားနေရပြီး

"သူလျှိုမဟုတ်ပါဘူး" လို့ ငြင်းလိုက်ပေမယ့် ဖေးကျောက်ကျိုး က မသိမသာ ပြုံးကာ တင်းမာသော မျက်လုံးများဖြင့် သူ့ကို လေးလေးနက်နက် စိုက်ကြည့်ပြီး..

"မင်းက သူလျှိုဖြစ်ရင်တောင် ကိစ္စမရှိပါဘူး..ငါ လည်း သူလျှိုတစ်ယောက်ပဲလေ.. ဖက်ဒရယ်တစ်ပိုင်းရဲ့ သွေးနဲ့​လေ ငါက.. ငါ့အမေက ဖက်ဒရယ်ပြည်ထောင်စုက အင်ပါယာအတွက် ငါဘယ်လောက်ပဲ အကြွေးပေးခဲ့ပါစေ.. ဘယ်လောက်ပဲ သွေးစွန့်းခံခဲ့ပါစေ.. ဘုန်းအသရေနဲ့ အကြပ်အတည်းတွေ အတူ ယှဉ်တွဲနေတဲ့ ဒီနိုင်ငံကို ငါဘယ်လောက်ချစ်နေပါစေ သူတို့အမြင်မှာတော့ ငါဟာ မယုံနိုင်စရာ သစ္စာဖောက်သွေးတွေနဲ့ပြည့်နေတဲ့လူပဲ.."

"ငါက အင်ပါယာထဲက အရပ်သားဗိုလ်ချုပ်တစ်ယောက်ပါ..ဒါပေမယ့် အင်ပါယာထဲက အဆင့်မြင့် မှူးမတ်တွေက ငါ​့ကို ကြောက်ကြတယ်.. ဗိုလ်ချုပ်ရာထူးက သူတို့ကို ဘာမှမလုပ်နိုင်တဲ့.. ကန့်သတ်ချက်ရှိပြီးသား ဒါပေမယ့် အင်ပါယာအတွက် ငါ့ရဲ့ အောင်မြင်မှုတွေက ငါ့ကို အင်ပါယာရဲ့ ဩဇာအာဏာထိပ်ဆုံးထိရောက်အောင် တွန်းပို့နေခဲ့တယ်..ပြောရရင်..တော်ဝင်မျိုးနွယ်ဏဲ့အာဏာကို ခြိမ်းခြောက်လာနိုင်စေခဲ့တယ်.."

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now