8🍷

2.2K 288 0
                                    

စုန်းရှောင်မေကိုစုန်းရှောင်မေကို ဆေးရုံပို့ပြီးနောက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ကို ရရှိခဲ့ပြီး သူမရဲ့ မိဘများကလည်း သူမနဲ့အတူ လိုက်ပါသွားခဲ့တယ်။ စိတ်ရောဂါကု ဆရာဝန်နဲ့ကုသမှုခံယူပြီးတဲ့နောက် စုန်းရှောင်မေရဲ့ စိတ်အခြေအနေအတော်လေး တည်ငြိမ်လာတယ်။

ရက်အနည်းငယ်ကြာတော့ စစ်ဟွိုင်ရှီးက သူမကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့တယ်။ တစ်နည်းနည်းနဲ့ ဆေးရုံအောက်မှာ ထိုင်စောင့်နေတဲ့ သတင်းထောက်တွေ အများကြီးရှိနေခဲ့တယ်.. စုန်းရှောင်မေရဲ့ စိတ်အခြေအနေက ပိုကောင်းလာပေမယ့် စစ်ဟွိုင်ရှီးပြန်ခါနီးအချိန်မှာတော့ အသံဖမ်းစက်ကို ထည့်ပေးလိုက်တယ်။

စုန်းရှောင်မေရဲ့ မျက်လုံးတွေကနီရဲနေပြီး သူမသည် ပြုံးပြုံးလေးဖြင့် ..

"ဒီမိုက်မဲတဲ့ ကိစ္စတွေကို ညီမမတွေးတော့ဘူး.. ဒီလူတွေက ညီမအသက်နဲ့ မထိုက်တန်ဘူး..ဒီ တစ်ခါတော့ ညီမအမေက အရမ်းငိုပြီး လန်သွားတယ်ထင်တယ်.. အဲဒီတုန်းက ခေါင်မိုးပေါ်မှာ ရုပ်တရက်စိတ်လွတ်သွားသလိုပဲ..တော်သေးတယ် အဆုံးထိမလုပ်လိုက်မိလို့ Jinhui Entertainment က ညီမကို ဒုက္ခပေးတယ်ဆိုပြီး စာချုပ်ရပ်စဲဖို့ လုပ်ခဲ့ပြီးပြီ... အခုအင်တာနက်ပေါ် မှာရုတ်ရုတ်သဲသဲဖြစ်နေတော့ သူတို့ဘာမှမလုပ်ရဲတော့ဘူး..."

"အနားယူလိုက်အုံး.. ဒီလောက က မင်းအတွက် မသင့်တော်ဘူး.."

စုန်းရှောင်မေက ခေါင်းညိတ်လိုက်သည် ..

"အင်း...ညီမဘယ်တော့မှ မလာတော့ဘူး..ဒါပေမယ့် လီကျုံးရဲ့ ကောင်လေးတစ်ယောက်ယောက်က ညီမကို လျှို့ဝှက်ဓါတ်ပုံရိုက်ပြီး ခြိမ်းခြောက်ချင်နေတာ..ညစ်ပတ်တဲ့အရာတွေ အကြောင်းကို မီဒီယာကို မပြောမိစေနဲ့ ဆိုပြီး...."

သူမ ခဏနားကာ ဆက်ပြောလေသည်..

" ဒီတစ်ခါတော့ သူတို့လာခြိမ်းခြောက်တာကို အသံသွင်းထားခဲ့တယ် ဒါပေမယ့် ဒါတွေကို မေ့လိုက်ချင်ပြီ.. အေးအေးဆေးဆေးပဲ ထွက်သွားချင်တယ်..ဒါက အသံသွင်းထားတဲ့ ဘောပင်ပါ.."

စစ်ဟွိုင်ရှီးက မှတ်တမ်းတင်ထားတဲ့ဘောပင်ကို လက်ခံပြီး ကျေးဇူးတင်ကြောင်း ပြောပြီး ဆေးရုံကထွက်လာတော့ လီကျုံးကို ရဲတွေက စုံစမ်းစစ်ဆေးနေတာ တွေ့လိုက်ရတယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now