6🍷

2.4K 291 10
                                    

စစ်ဟွိုင်ရှီးရဲ့ မူလကိုယ်ဟာ သာမာန်ခုနစ်ထပ်ရှေးဟောင်းလူနေအဆောက်အအုံတစ်ခုရဲ့ ထိပ်ဆုံးခုနစ်ထပ်တွင်နေထိုင်ပါတယ်.. ပင်မဂြိုလ်မှာ ပြန်လည်မွမ်းမံထားတဲ့ ရှားရှားပါးပါးမြို့ဟောင်းတစ်ခုလည်း ဖြစ်တယ်။ မြို့လယ်ခေါင်ကို ကားနဲ့ သွားဖို့ တစ်နာရီလောက်ကြာတယ်။

ဒါပေ့မယ့် စစ်ဟွိုင်ရှီးကတော့ စွမ်းအင်အများဆုံးနှင့် ဈေးအသက်သာဆုံး ဓာတ်ဆီနဲ့မောင်းနှင်ရတဲ့ ဘတ်စ်ကားအမျိုးအစားကိုသာ စီးနိုင်ပြီး အမြန်ဆိုင်းထိန်းကား(တက္ကဆီ)ကတော့ ဆယ်မိနစ်အတွင်း ရောက်ရှိလာနိုင်သည်။

စစ်ဟွိုင်ရှီး၏အခန်းတွင် ရိုးရှင်းသောနေ့စဉ်သုံးပစ္စည်းများနှင့် အဝတ်အစား အချို့သာရှိသည်။ အခန်းက ကြယ်စင်နည်းပညာခေတ်နှင့်မတူဘဲ အလွန် သန့်ရှင်းနေတယ်။

အိမ်က မကြီးပေမယ့် အလင်းရောင်က အတွင်းခန်းကို ပြည့်စေတယ်။ စစ်ဟွိုင်ရှီးသည် လသာဆောင်ပေါ်တွင် လက်ကိုတင်လိုက်ပြီး ပင်လယ်ပြာ ရောင်မျက်လုံးများက ပျော်ရွှင်တောက်ပနေတယ်။

အဝေးက စည်ကားပြီး သက်ဝင်လှုပ်ရှားနေတဲ့ မြို့လယ်ခေါင်ကို ကြည့်လိုက်ရင် အထပ်မြင့် အဆောက်အဦးတွေက ကောင်းကင်ကိုထိလုနီးပါး ဖြစ်နေတယ်၊ ကြီးမားတဲ့ ဖန်သားပြင်ကြီးဟာ ကြယ်မျိုးစုံက ထောက်ခံထားတဲ့ ကြော်ငြာ ထုတ်ကုန်တွေ၊ နည်းပညာမြင့် ကားတွေ ဝေဟင်မှာ ပျံဝဲနေတဲ့ နည်းပညာမြင့်ကားပြေးဆွဲမှုတွေနဲ့ အပေါ်က တခြားအရာတွေ ရှိပါသေးရဲ့။ အာကာသယာဉ်တွေလည်း ဂြိုလ်ပေါ်တွင် ပျံသန်းနေတယ်။

အနားမှာဖုတ်ကောင်တွေလည်းမရှိဘူး နေ့တိုင်း မျက်လုံးဖွင့်ကာ အနာဂတ် ဦးတည်ရာကို မသိဘဲ စိတ်ပျက်အားငယ်ခြင်းလည်းမရှိတော့ဘူး ဒါက ငြိမ်းချမ်းရေးခေတ်ရောက်နေပြီလေ..

ရေချိုးပြီးသည်နှင့် ရေသည် သူ့နောက်ကျောပေါ်ရှိ ခြစ်ရာများမှ တစ်ဆင့် စီးဆင်းသွားပြီး နာကျင်မှုအနည်းငယ်ကို သက်သာစေတယ်။

စစ်ဟွိုင်ရှီးသည် မှန်ထဲတွင်ထင်ဟပ်နေသော  မနေ့ညက ဖေးကျောက်ကျိုးကြောင့် ခြစ်ရာများပြည့်နေတဲ့ သူ့ရဲ့နောက်ကျောဗလာကိုကြည့်ကာ
ခြစ်ရာတွေက ဖြူစင်အေးစက်သော အသားအရည်ပေါ်တွင် အထူးကြောက်စရာကောင်းနေတယ်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now