54

679 65 2
                                    

"မစ္စတာစစ် မင်းရဲ့အသားအရည်က အရမ်းပြီးပြည့်စုံတာပဲ.. ငါက အဖွဲ့ရဲ့ မိတ်ကပ်ပညာရှင် ရှောင်ကျီ ပါ မင်းရဲ့ မိတ်ကပ်ကို ပြင်ပေးရမယ့်သူပါ.. "

အလှဖန်တီးရှင် ရှောင်ကျီ သည် မျက်မှန်နှင့် အနည်းငယ်ဝိုင်းသော မျက်နှာဖြင့် မိတ်ကပ်ပညာရှင်ဖြစ်သည်။ အဖွဲ့သားများသည် စစ်ဟွိုင်ရှီး အတွက် ဓါတ်ပုံတစ်ပုံ ရိုက်ကူးမည်ဟု သူမ သိလိုက်ရသည်။ စစ်ဟွိုင်ရှီး ကို မိတ်ကပ်လိမ်းတဲ့သူကတော့ နှစ်ပေါင်းများစွာ သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက်/ကောင်မလေးတွေကြားမှာရန်ဖြစ်ရတော့မှာပါပဲ..

ဒီလို နတ်ဘုရားအဆင့်ရှိတဲ့ အသွင်အပြင်ကို ဘယ်မိတ်ကပ်ပညာရှင်က ငြိမ်ငြိမ်ထိ​ြင်မနေနိုင်ဘူး။ ဒီအခွင့်အရေးကို ရအောင်ယူဖို့အတွက် မိတ်ကပ်အဖွဲ့ရဲ့ ဝံပုလွေတွေက သူမကို သွေးထွက်အောင် ကိုက်ကြမှာ သေချာတယ်။

အလှဖန်တီးရှင် ​ရှောင်ကျီ သည် စစ်ဟွိုင်ရှီး ကို စိတ်လှုပ်ရှားစွာနှင့် တက်ကြွစွာ ပစ္စည်းအစုံအလင်နဲ့ကို ပြင်ပေးခဲ့လေသည်။ ရလဒ် အနေဖြင့် အတားအဆီးမရှိသော အလှတရားက သာလွန်ကောင်းမွန်သော စစ်ဟွိုင်ရှီး ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာသည် ပန်းရောင်ဖျော့ဖျော့ အသားအရေကဲ့သို့ ဖြူစင်လာပြီး ကြက်ဥခွံကို ခွာလိုက်သကဲ့သို့ ချောမွေ့ကာ အပြစ်အနာအဆာကင်းပြီး ချောမောသော မျက်နှာအသွင်အပြင်၊ အနည်းငယ် နက်သော မျက်ခုံးတစ်စုံ၊ ထူးခြားသောပင်လယ်ပြာမျက်လုံးတစ်စုံသည် တောက်ပနေပုံရသည်။

ဘာလိုတောင်လဲဟယ်... အရမ်းလှတာပဲ-

အရမ်းလှတယ်.....

မိတ်ကပ်ပညာရှင် ရှောင်ကျီ က သူ့ရဲ့မိတ်ကပ်ကျွမ်းကျင်မှုက ဒီလိုလှပတဲ့ သဘာဝဆန်ပြီး လန်းဆန်းတဲ့ ကိုယ်ဟန် အနေအထားကို ဆုံးရှုံးသွားစေမှာကို စိုးရိမ်နေခဲ့မိသည်။

စစ်ဟွိုင်ရှီး သည် ပြဇာတ်ထဲတွင် ဗီလိန် ဝူစစ်ရှင်း နှင့်တူအောင် ဝတ်ဆင်ထားသည်။ အနက်ရောင် မျက်ကပ်မှန်တပ်ရသည်။ သူသည် နှင်းထူထပ်သော တောင်ကဲ့သို့ မျက်နှာကို ဒီဂရီအနည်းငယ် မည်းမှောင်စေကာ သူ၏ အပြစ် ကင်းစင်သော မျက်နှာအား ကျောင်းအနိုင်ကျင့်မှုကို မီးမောင်းထိုးပြရန် ဒီဇိုင်းထုတ်ထားသည်။ သူ့စိတ်နေစိတ်ထားကြောင့် သူသည် ဒဏ်ရာများနှင့် အမာရွတ် အနည်းငယ်ကို ချက်ခြင်းလုပ်လိုက်ပြီး နှုတ်ခမ်းရှိ ဒဏ်ရာက အထူးအကျိုးသက်ရောက်မှုများပင် ရှိခဲ့သည်။

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now