Chapter 20

2.2K 225 5
                                    

Empress with no Virtue
Chapter 20
Translator – Utopia

နောက်ဆုံးတော့ ဘယ်လိုအန္တရာယ်မျိုးက ပါးစပ်ကနေ ထွက်လာနေလဲဆိုတာကို ယဲ့ကျန်းကျန်း သဘောပေါက်သွားတယ်။ ကျီဝူကျိုးကို နွမ်းနွမ်းလျလျနဲ့ ကြည့်လိုက်ရင်း

“ အရှင်မင်းကြီး ကျွန်တော်မျိုးမရဲ့ အခြေအနေက အခု ... ”

ပြောရင်း ယဲ့ကျန်းကျန်း သူမရဲ့ ခြေထောက်ကို လှမ်းကြည့်လိုက်တယ်။ ငါက မလှုပ်ရှားနိုင်တဲ့သူ ဖြစ်နေပြီပဲဟာ ကျေးဇူးပြုပြီး ထပ်လာမနှောင့်ယှက်ပါနဲ့လား။

“ ညဘက် ဒီမှာ အနားယူရုံပဲလေ။ မင်း ဘာတွေ အများကြီး လျှောက်တွေးနေတာလဲ ”

ကျီဝူကျိုး သူမကို ကြည့်ရင်း ပြုံးလိုက်တယ်။ သူ့မျက်ဝန်းတွေက ပိုလို့ တောက်ပလာတယ်။

ယဲ့ကျန်းကျန်းကတော့ ခေါင်းကို ငုံ့ထားလျက်ရှိဆဲ။ သူမ ဘာကို လျှောက်တွေးနိုင်မှာလဲ။ နောက်တော့ သူမ သဘောပေါက်သွားတယ်။ ကျီဝူကျိုးက သူမကို သက်သက် လာနှောင့်ယှက်ချင်နေတာပဲကိုး။

အထဲမှာ ဖယောင်းတိုင်မီးရောင်က ထိန်ထိန်လင်းနေပြီး ယဲ့ကျန်းကျန်းရဲ့ နီထွေးတဲ့ မျက်နှာလေးကို ထင်ထင်ရှားရှား မြင်နေရတယ်။ သူမ မျက်နှာလေး ရှက်သွေးဖြာနေတာကို တွေ့ရတဲ့အခါ ကျီဝူကျိုးလည်း သူမကို ဆက်ပြီး မစတော့ဘူး။ ပုံမှန်ဆို ဒီမိန်းကလေးက အတော်လေး မျက်နှာအရည်ထူတဲ့သူမျိုး ဖြစ်ပေမဲ့လည်း အခုလို ကိစ္စမျိုးနဲ့ ပတ်သက်လာရင်တော့ သူမမှာ အတွေ့အကြုံက တစ်ခေါက်ပဲ ရှိသေးတယ်။ ဒါတောင် လမ်းတဝက်မှာတင် ရပ်သွားခဲ့တာ။ ကျီဝူကျိုး သူ ဘာတွေ လျှောက်တွေးမိနေတာပါလိမ့်လို့ သူ့ဖာသာသူ သတိထားလိုက်တယ်။ ထို့‌နောက် အာရုံပြန်စိုက်လိုက်ပြီး ဖုန့်ရိုးတျယ်ကို လျှောက်တင်လွှာတွေ အကုန် ခွန်းနင်နန်းဆောင်ကို ယူလာခိုင်းလိုက်တယ်။ သူ ဒီည ဒီမှာ လျှောက်တင်လွှာတွေကို ဖတ်မယ်။

ယဲ့ကျန်းကျန်းလည်း စူးယွဲ့ကို လိုအပ်တာတွေ ပြင်ဆင်ခိုင်းလိုက်ပြီး ကျီဝူကျိုးကို မနှောင့်ယှက်ဖို့ မှာထားလိုက်တယ်။ ထို့နောက် သူမရဲ့ ပုံဆွဲတဲ့အလုပ်ကို ဆက်လုပ်နေတယ်။ သူတို့နှစ်ယောက်လုံး ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေကြပြီး အခန်းထဲမှာ လေထုက တိတ်ဆိတ်လျက်ရှိတယ်။

အချိန်တွေ ဘယ်လောက်တောင် ကြာသွားလဲမသိဘူး။ ယဲ့ကျန်းကျန်း တော်တော်လေး အိပ်ငိုက်နေပြီ ဖြစ်တယ်။ ဒါပေမဲ့ ကျီဝူကျိုးက မအိပ်‌သေးဘူးဆိုတော့ ဘယ်လိုလုပ် သူမက အရင် ဝင်အိပ်ရဲမှာလဲ။ သူမ ဘယ်လိုမှ တောင့်မခံနိုင်အောင် အိပ်ငိုက်လာတဲ့အတွက် သူမ အိပ်ငိုက်ငိုက်နဲ့ ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။ ကျီဝူကျိုးကလည်း သူမကို လှမ်းကြည့်နေတာ တွေ့လိုက်ရတယ်။

ဒါပေမဲ့ သူမ တအား အိပ်ငိုက်နေပြီမို့ သူမ မျက်လုံးတွေကို မနည်းဖွင့်ထားရတာကြောင့် ကျီဝူကျိုးရဲ့ မျက်နှာအမူအရာက ဘယ်လိုဖြစ်နေတယ်ဆိုတာ သူမ မပြောနိုင်ချေ။ သူမလည်း သူရှိနေတာကို အဲ့လောက် အနှောင့်အယှက် မဖြစ်တော့ဘူးဆိုတော့ကာ

“ အရှင်မင်းကြီး စောစော အနားယူပါ။ မနက်ဖန် မနက်ကျ လွှတ်တော်တက်ဖို့ ရှိသေးတယ်လေ”

ကျီဝူကျိုး ခေါင်းပြန်ငုံ့လိုက်ပြီး စုတ်တံကို ကိုင်တာ စာဆက်ရေးနေတယ်။

“ ဧကရီ မင်း ပင်ပန်းတယ်ဆိုရင် အရင်အိပ်နှင့်လိုက်။ ကိုယ့်ကို စောင့်မနေနဲ့တော့ ”

ယဲ့ကျန်းကျန်းကတော့ ပြန်တောင် မဖြေနိုင်ဘဲ စူးယွဲ့နဲ့ စူးဖုန့်ကို အိပ်ရာပြင်ခိုင်းလိုက်တော့တယ်။

ခဏကြာပြီးတဲ့နောက် ကျီဝူကျိုးလည်း တောင့်တင်းနေတဲ့ ကိုယ်ကို ခြေ‌ဆန့်လက်ဆန့်လုပ်ရင်း အိပ်ဖို့ ပြင်လိုက်တယ်။ အစေခံနန်းတွင်းသူလေးတွေက မြန်မြန်ပဲ သူ့ကို ဝိုင်းကူလုပ်ပေးလိုက်ပြီးတဲ့နောက် သူလည်း အိပ်ရာပေါ် တက်လိုက်တယ်။ ထို့နောက် ခြင်ထောင်ကို ချသွားပေးကြတယ်။ သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံက စည်းချက်မှန်မှန်နဲ့ အိပ်ရာထဲ ကြားနေရတယ်။ ခြင်ထောင်ရဲ့ အပြင်ဘက်မှာတော့ မှိန်ပျပျ အလင်းရောင်‌လေးရှိပြီး အိပ်မက်ကမ္ဘာထဲကသူတွေကို လိုက်ဖမ်းနေယောင် ထင်ရတယ်။

အပြင်ကနေ လေညှင်းလေးက တိုက်ခတ်နေပြီး ညကောင်းကင်မှာ လစန္ဒာက သာနေတယ်။ ရာထောင်ချီတဲ့ ကြယ်တွေကလည်း လင်းလက်နေပြီး ကောင်းကင်ကို ဖယောင်းတိုင် ထွန်းပေးထားသလား ရှိတယ်။ ဒီလိုညချမ်းလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

ရုတ်တရက် ကျီဝူကျိုး မျက်လုံးကို ဖွင့်လိုက်တယ်။ သူ့မျက်ဝန်းတွေက ညနက်ထက်တောင် နက်‌ရှိုင်းနေပေမဲ့ သူ့အကြည့်တွေက မယုံကြည်နိုင်ဖြစ်နေတဲ့ အမူအရာကို ပြနေသလို တောက်ပသွားတယ်။

သူ့ရဲ့ ပေါင်ကို လက်တစ်ဖက်က လျှိုဝင်လာတယ်။ သေးသွယ်ပျော့ပျောင်းတဲ့ လက်ချောင်းလေးတွေ ... နွေးထွေးပြီး နူးညံ့တယ်။ အဲ့လက်ကလေးတွေက သူ့ပေါင်အပြင်ဘက်ကို လှုပ်ရှားရင်း လာထိနေပြီး နောက်ဆုံးက ဒူးခေါင်းနားမှာ ရပ်တန့်သွားတယ်။ ကျီဝူကျိုး နှလုံးခုန်သံတွေတောင် မြန်လာတယ်။ သူ ယဲ့ကျန်းကျန်းကို လှမ်းကြည့်လိုက်တော့ သူမက မျက်လုံးနှစ်ဖက်ပိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။ သူမ မျက်နှာ‌လေးက အနည်းငယ် မျက်မှောင်ကျုံ့သွားတယ်။ ကြည့်ရတာ တခုခု အဆင်မပြေ ဖြစ်နေတဲ့ပုံပဲ။ သူမ အဲ့တာကို လိုချင်တာတော့ မဟုတ်လောက်ဘူးမလား ?? ကျီဝူကျိုး သူ့အတွေးနဲ့သူ ပြန်အံ့အားသင့်သွားတယ်။ ဒါပေမဲ့ နက်ရှိုင်းတဲ့ စိတ်အတွင်းပိုင်းမှာတော့ ဒီအတွေးကို ငြင်းဆန်နိုင်စွမ်း မရှိဘဲ ထောက်ခံနေမိတယ်။

ယဲ့ကျန်းကျန်းရဲ့ လက်ချောင်းလေးတွေက လှုပ်ရှားလာပြီး သူ့ပေါင်ပေါ် အနည်းငယ် ရွေ့သွားပြီးတဲ့နောက် ရပ်သွားတယ်။ ပြီးကျ ပြန် ရွေ့သွားပြန်ကော။

သူမ အဲ့လိုလုပ်နေတာကြောင့် ကျီဝူကျိုး ယားလာတယ်။ ဒီယားယံမှုက သူ့ပေါင်ပေါ်ထိ တက်လာတာမို့ သူ မတတ်နိုင်ဘဲ တံတွေးကို မျိုချလိုက်ရတယ်။

ယားနေတုန်းပဲ။

အိပ်မောကျနေလို့ ဘာမှ မသိတဲ့ ယဲ့ကျန်းကျန်းတစ်ယောက် ပေါင်ကို လှမ်းကုတ်လိုက်တယ်။

ကျီဝူကျိုး သူမ လက်ကို အမြန် လှမ်းဖမ်းလိုက်ပြီး သူမပေါင်ပေါ် ပြန်တင်ပေးလိုက်တယ်။ ယဲ့ကျန်းကျန်း သူမပေါင်သူမ ခဏ ကုတ်ပြီးတဲ့နောက် မျက်မှောင်တစ်ချက် ကျုံ့သွားတယ်။ ပြီးကျ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြန်အိပ်ပျော်သွားပြန်ကော။

အမှန်တော့ ပေါင်ယားလို့ လှမ်းကုတ်တာ။ ဒါပေမဲ့ သူမ ပေါင်ချင်း မှားသွားတယ်။

ကျီဝူကျိုးလည်း ငိုရမလား ရယ်ရမလားတောင် မသိတော့ဘူး။

သူ ပြန်အိပ်ဖို့ ကြိုးစားပေမဲ့ ဘယ်‌လောက်လုပ်လုပ် သူ ပြန်အိပ်မပျော်နိုင်တော့ဘူး။

သူ့ကိုယ်ထဲက သွေးတွေက ဆူပွက်နေတယ်။ သူ့ပေါင်ပေါ်က လက်ကလေးက မရှိတော့ဘူးဆိုပေမဲ့ အထိအတွေ့ ခံစားချက်ကလေးက ကျန်နေဆဲပဲ။ ဘယ်လိုမှ အတွေးဖျောက်လို့ မရဘူး ဖြစ်နေတယ်။

တကယ်လို့ တစ်လက်မလောက်‌လေးသာ အပေါ်ကို တက်လာခဲ့ရင် ...

ဒီထူးဆန်းတဲ့ အတွေးပေါ်လာတဲ့အခါ ကျီဝူကျိုး ဆက်ပြီး ဖိနှိပ်မထားနိုင်တော့ဘူး။ သူ့ကိုယ်သူ ဆက်မတွေးတော့ဖို့ ဖိအားပေး ထိန်းချုပ်ပေမဲ့လည်း ဒါပေမဲ့လည်း တကယ်လို့ တစ်လက်မလောက်‌လေးသာ သူမ လက်လေးက အပေါ်ကို တက်လာခဲ့ရင် ... ထိမိမှာ အသေအချာပဲ။

သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲလာတာကို သတိထားမိတဲ့အခါ ကျီဝူကျိုး အနေရခက်လာတယ်။

သူ နန်းတက်ကတည်းက အိပ်ရာပေါ်က ကိစ္စတွေမှာ ဘယ်တုန်းကမှ အဲ့ဟာကို ချိုးနှိမ်မထားဘူးသလို အဲ့ဟာကြောင့်အတွက်နဲ့လည်း အလွန်အကျူး မဖြစ်စေခဲ့ဘူး။ ဒီလိုကိစ္စမျိုးက သူ့အတွက်တော့ ထမင်းစားသလိုပဲ။ ဆာလာရင် စားမယ် ဒါပေမဲ့ လူတစ်ယောက်က ဗိုက်ပြည့်အင့်တဲ့အထိတော့ မစားသင့်ဘူး။ ဒါ့ကြောင့်မို့ ပုံမှန်ဆို ဒီကိစ္စနဲ့ သူ အနေရခက်တဲ့အချိန်မျိုးက ရှားတယ်။ ဒါပေမဲ့ အခုကျ အထိအတွေ့ နည်းနည်းလေးနဲ့တင် သူ့ဆီမှာ တုံ့ပြန်မှု အကြီးကြီး ဖြစ်နေတယ်။ သူ့ကိုယ်သူတောင် ပြန်အံ့ဩသွားတယ်။ ဒါပေမဲ့ ဟုတ်တာပေါ့ ဒီလိုကိစ္စမျိုးမှာ ဘယ်သူမှ သူ့ကို အရင် လာထိတာမျိုး မရှိဖူးခဲ့တာကိုး။

အသက်ပြင်းပြင်း ရှူလိုက်ရင်း သူ့ကိုယ်သူ စိတ်ငြိမ်သွားအောင် ကြိုးစားနေပေမဲ့ အပြန်အလှန်အနေနဲ့ သူ ရလိုက်တာကတော့ ညီငယ်လေးက နိုးလာတာပဲ ဖြစ်တယ်။

ဘယ်လောက်ပဲ စဉ်းစားချင့်ချိန်တတ်တဲ့ ယောကျာ်းဖြစ်ပါစေ သူ့ခန္ဓာကိုယ်က သွေးတွေက အောက်ကို အပြေးဆင်းသွားပြီဆို ခန္ဓာကိုယ်လှုပ်ရှားမှာကို ထိန်းချုပ်တဲ့ စိတ်စွမ်းအားကလည်း အောက်အရပ်ကို ပြေးဆင်းသွားတယ်။ ဘယ်လောက်ပဲ စိတ်ကို ထိန်းချုပ်နိုင်စွမ်းမြင့်တဲ့သူလို့ ပြောပြော အဆုံးသတ်မှာတော့ ကျီဝူကျိုးလည်း ယောကျာ်းတစ်ယောက်ပဲလေ။

သူ့အကြည့်က ရုတ်တရက် ပြောင်းသွားပြီး သူ့ဘေးအိပ်နေတဲ့ ယဲ့ကျန်းကျန်းဆီ ရောက်သွားတယ်။

တစ်စုံတစ်ယောက်ကတော့ အိပ်မောကျနေပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေပြီ။

ကျီဝူကျိုး ထလိုက်ပြီး သူ့လက်က ယဲ့ကျန်းကျန်းရဲ့ လည်ပင်းဆီ ရောက်သွားတယ်။ လူတစ်‌ယောက်ကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတဲ့ အကြောကို ဖိလိုက်တယ်။ ထို့နောက် သူမလက်လေးကို ယူကာ သူ့ခြေထောက်တွေကြားထဲ ထားလိုက်တယ်။

တောက်ပပြီး နွမ်းနယ်တဲ့ ညလယ်မှာ တိတ်ဆိတ်နေတဲ့ အိပ်ရာက ရုတ်တရက် လှုပ်ရှားသွားတယ်။ ဝါဖျော့တဲ့ ရေတံခွန်တစ်ခု စီးဆင်းနေသလိုမျိုး ဆူပွက်တဲ့သွေးတွေက စီးဆင်းနေတယ်။ ထို့နောက်မှာတော့ လေးလံတဲ့ ညည်းမောအသက်ရှူသံတွေကို အိပ်ရာထက်မှာ ကြားနိုင်ပေတယ်။


မနေ့ကညတုန်းက ကျီဝူကျိုး ကောင်းကောင်း အိပ်မပျော်ခဲ့ပေမဲ့လည်း မနက်နိုးလာတဲ့အခါကျ သူ့ကိုယ်သူ ပိုလို့တောင် လန်းဆန်းတက်ကြွနေတာကို တွေ့လိုက်ရတယ်။ သူ့ကို လှမ်း ကြည့်ရင်း ဖုန့်ရိုးတျယ်စိတ်ထဲလည်း တွေးမိတယ်။ ဒီနေ့ အရှင်မင်းကြီးက ပို‌ကြည့်ကောင်းနေပြီး စိတ်အခြေအနေလည်း ပိုကောင်းနေတဲ့ပုံပဲ။ မမြန်လွန်း မနှေးလွန်း ကြည့်ရတာ အခုတလော စားရတဲ့ အာဟာရရှိတဲ့ စားစရာတွေက ဆေးအစွမ်း ပြလာပြီနဲ့ တူတယ်။

မနေ့ညတုန်းက သူ နှိပ်ခဲ့တဲ့ အကြောကြောင့် နောက်နေ့မနက် သူ နိုးတဲ့အချိန်မှာတောင် ယဲ့ကျန်းကျန်းတစ်ယောက် မနိုးသေးဘူး။ စူးယွဲ့က သူမကို နှိုးပေးချင်ပေမဲ့ ကျီဝူကျိုးက လက်ကာပြလိုက်ပြီး သူမကို ဆက်အိပ်ခိုင်းလိုက်ဖို့ စူးယွဲ့ကို အမိန့်ပေးလိုက်တယ်။

ကျီဝူကျိုး လန်းဆန်းနေပေမဲ့ မနေ့က လုပ်ခဲ့တဲ့ဟာကို တွေးမိတဲ့အခါ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်လာတယ်။ ဘယ်တုန်းကမှ သူ့ဘေးမှာ မိန်းကလေးတွေ မရှားဖူးဘူး။ ဒါမျိုးကို ကိုယ်တိုင်လုပ်တာက သူ့အတွက် ပထမဆုံး အကြိမ်ပဲ။ ယဲ့ကျန်းကျန်း လက်ကို ကိုင်ထားရင်း ပြီးမြှောက်သွားတာကို တွေးမိတဲ့အခါ တစ်ခုခုကတော့ မှားနေပြီလို့ သူ ခံစားနေရတုန်းပဲ။

ဒါပေမဲ့ အခု ကိစ္စမှာ သေချာတဲ့အချက်က သူလည်း စိတ်ခံစားချက် ကောင်းနေတယ်။ ဒါကို ဘယ်သူ့ကိုမှ သူ ထုတ်ပြောမှာ မဟုတ်ဘူး။ ဒါ့အပြင် အဲ့ဒါကို သူ သဘောကျတယ်ရယ် ...

ဆိုတော့ကာ ကျီဝူကျိုးတစ်ယောက် အတွေးနွံထဲ နစ်နေခဲ့တယ်။

သူ့အတွေးတွေက ခွန်းနင်နန်းဆောင်ကနေ ဟွမ်ကျီခန်းမဆောင်ထိ တောက်လျှောက် တွေးလာခဲ့ပြီး နောက်ဆုံးကျ ယဲ့ရှိုးမင်နဲ့ဖန့်ရှိုးချင်းတို့ကြောင့် အတွေးလက်စ ပြတ်သွားတယ်။

ကျီဝူကျိုး ပလ္လင်ပေါ် ထိုင်ရင်း ဘာအမူအရာမှာ မရှိဘဲ သူတို့နှစ်ယောက် ကိုက်နေကြတာကို ကြည့်နေတယ်။

ဒီလူအိုကြီးနှစ်ယောက်က လွှတ်တော်မှာ သူ့ဘက်က အင်အားအကြီးဆုံး လူနှစ်ယောက်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ နှစ်‌ယောက် အခုကျ အပြိင်အဆိုင် အကြိတ်အနှယ် ငြင်းခုန်နေကြပြီး ဟိုတစ်ကွက် ဒီတစ်ကွက် စကားတွေနောက်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်။ ဘေးနားက လူတွေကလည်း သူတို့စကား‌ပြောနေတဲ့အထဲ ဝင်မပါရဲတာကြောင့် တိတ်တဆိတ်သာ ကျီဝူကျိုးကို လှမ်းကြည့်နေကြတော့တယ်။

ကျီဝူကျိုးကလည်း သူတို့ကို ပြန်ကြည့်နေခဲ့တယ်။

သူတို့စကားများနေကြတဲ့ အကြောင်းအရာက ရေလှောင်တမံတည်ဆောက်ရေးကိစ္စကြောင့်ပဲ ဖြစ်တယ်။ ယဲ့မုဖန်းက ရှန်တုန်းက သွားနှင့်ပြီဖြစ်တယ်။ သူရောက်တာနဲ့ ပြဿနာနဲ့ စကြုံရတော့တာပဲ။ အဲ့ဒါ ဖန့်ရှိုးချင်းရဲ့ စနက် မကင်းဘူးဆိုတာ ယဲ့ရှိုးမင်ကလည်း တွေ့သွားတယ်။ ဒါ့ကြောင့်မို့ ဖန့်ရှိုးချင်းက ပြည်သူတွေအဖို့ကို မစဉ်းစားဘဲ သူ့အတွက်သူပဲ စဉ်းစားတယ်ဆိုပြီး အရှင်မင်းကြီးဆီ တက်တိုင်တာ ဖြစ်တယ်။ ထို့နောက် စီမံကိန်း အစီအစဉ်နည်းလမ်းကို ပြောင်းပစ်ဖို့ အင်တိုက်အားတိုက် အကြံပြုတော့တယ်။

တကယ်လို့ အဲ့တာက သူလုပ်ခဲ့တာ ဆိုရင်တောင်မှ ဖန့်ရှိုးချင်းက ဘယ်တော့မှ ဝန်ခံမှာမဟုတ်‌ချေ။ ဆိုတော့ကာ သူ့ဘက်ကလည်း ပြန်တိုက်ခိုက်လာတယ်။ ယဲ့ရှိုးမင်က သူ့ကို အကွက်ချပြီး အရှင်မင်းကြီးကို လိမ်ညာကာ တော်ဝင်အမိန့်တော်ကို မလိုက်နာဘူးလို့ ပြောဆိုလာတယ်။

ကြည့်ရတာ တစ်ယောက်ကို တစ်ယောက် အကွက်ချနိုင်စွမ်းက သူတို့နှစ်‌ယောက်လုံးမှာ အင်အား ကောင်းကောင်း ရှိနေတဲ့ပုံပဲ။

တကယ်တော့ ဒီကိစ္စက အဲ့လောက် အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ဖန့်ရှိုးချင်းကို လွန်မလာဖို့ ယဲ့ရှိုးမင်က သတိပေးချင်တာပဲ ဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ ကျယ်ကျယ် ငိုတဲ့ကလေးက မုန့်ပိုစားရတယ်ဆိုတဲ့အတိုင်း မကြာခဏ ကျီဝူကျိုးရှေ့ ဖန့်ရှိုးချင်း လွန်တဲ့လုပ်ရပ်တွေကို ပြစ်တင်ပြောဆိုပြတတ်တယ်။ အရှင်မင်းကြီးက ဆယ်ကွေ့တစ်ကွေ့ အပြစ်ပေးတယ်ဆိုရင်လည်း သူ့အတွက်က မြတ်တုန်းပဲ။

ကျီဝူကျိုး နားထောင်ရတာ လုံလောက်ပြီမို့ သူတို့နှစ်ယောက်ကို ရပ်ခိုင်းလိုက်တယ်။ ထို့နောက် တော်ဝင်အမိန့်စာ ထွက်လာတယ်။

“ ယဲ့မုဖန်းကို နောက်ထပ် ဘဏ္ဍာငွေ တစ်သုတ် ထပ်ပေးစေ ”

သူ ယဲ့မိသားစုကို မကြိုက်ဘူးဆိုတာ မှန်ပေမဲ့လည်း ကိုယ်ရေးကိုယ်တာ ရန်ငြိုးနဲ့ တကယ့်အလုပ်ကို နှောင့်ယှက်တာမျိုးကိုတော့ သူ မကြိုက်ဘူး။ ဘာကိစ္စပဲ ရှိပါစေ ဒီစီမံကိန်းက မြန်နိုင်သလောက် မြန်မြန် ပြီးမှဖြစ်မယ်။ ဖန့်ရှိုးချင်းကလည်း အခက်တွေ့အောင် အခက်အခဲတွေ ဖန်တီးခဲ့တယ်ဆိုပေမဲ့ ဘယ်အချိန် ရပ်ရမလဲဆိုတာလည်း ကောင်းကောင်း သိတယ်။ ဒါ့ကြောင့်မို့ စီမံကိန်းကို နှောင့်နှေးစေမယ့်ကိစ္စမျိုး ထပ်မရှိတော့ချေ။

ဒါ့ကြောင့်မို့ ကျီဝူကျိုး ဖန့်ရှိုးချင်းကို သတိပေးလိုက်တာပဲ ဖြစ်တယ်။ ဒါက ဧကရာဇ်ရဲ့ နောက်ဆုံးစည်းပဲ ။

မနက်ခင်းလွှတ်တော် တက်ပြီးတဲ့နောက်မှာတော့ ကျီဝူကျိုး တော်ဝင်ဉယျာဉ်ထဲ လမ်းလျှောက်ထွက်လာတယ်။ ဟန်ကွမ်းနန်းဆောင်ရှေ့ ဖြတ်တဲ့အခါ ရုတ်တရက် တစ်ခုခုကို သူ သတိရသွားတယ်။ နောက်ပြန်လှည့်ရင်း ဖုန့်ရိုးတျယ်ကို မေးလိုက်တယ်။

“ ငါ မှတ်မိသလောက်ဆို ကျွမ်းကိုယ်လုပ်တော်က နှစ်တိုင်း ကွေ့ဟွားမုန့်ကို ဆက်သတတ်တယ်။ အဲ့ဒါက ငါ့အကြိုက်နဲ့ သင့်တော်တယ်။ ဒါပေမဲ့ ဒီနှစ်ကျ ဘာလို့ မတွေ့ရတော့တာလဲ ”

“ အရှင်မင်းကြီး ဒီနှစ်လည်း ကျွမ်းကိုယ်လုပ်တော်က ကွေ့ဟွားမုန့်ကို လုပ်ခဲ့ပေမဲ့ .... ဧကရီမိဖုရားခေါင်က အကုန်လုံးကို စားသွားပါတယ် ”

ဧကရာဇ်တစ်ပါးအနေနဲ့ သူ့မုန့်ကို ယူစားတာအတွက်ကြောင့်နဲ့ ဧကရီကို ကျီဝူကျိုး ဆူလို့ မရချေ။ ဒါပေမဲ့လည်း ဘာရယ်ကြောင့်မသိ သူ ခွန်းနင်နန်းဆောင်ဆီ ထွက်လာခဲ့လိုက်တယ်။ ဝမ်ရိုးချိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ ကြွလာတာကို ကြော်ငြာတော့မယ့်ဟန် မြင်တဲ့အခါ လက်ကာပြလိုက်တယ်။ ဝမ်ရိုးချိုင်တစ်ယောက် အပီအပြင် အော်မယ့်လေလုံးကို ပြန်မျိုချလိုက်ရတယ်။

ကျီဝူကျိုး ပြတင်းပေါက်နားကို လျှောက်လာတဲ့အခါ အထဲက လူတွေ စကားပြောသံကို ကြားနေရတယ်။

အခန်းထဲမှာ ယဲ့ကျန်းကျန်းတစ်ယောက် တွေးနေမိတယ်။ ကြည့်ရတာ တစ်ခုခုကို ပြန်မှတ်မိဖို့ ကြိုးစားနေတဲ့ပုံမျိုးနဲ့တူတယ်။ မနေ့ညက ဘာဖြစ်ခဲ့လဲ စူးယွဲ့မသိပေမဲ့ ယဲ့ကျန်းကျန်း စိတ်မြန်လက်မြန် ရှိတာကို သိတာကြောင့် အမြန်ပဲ မေးလာတယ်။

“ မယ်မယ် ဘာတွေများ တွေးနေတာလဲ ”

“ ငါ မနေ့ညက အိပ်မက် မက်ခဲ့တယ် ”

“ ဘာအိပ်မက်များလဲ မယ်မယ် ”

“ အိပ်မက်ထဲ သစ်ကြားသီးနှစ်လုံး ရှိနေတယ် ”

“ သစ်ကြားသီး ?? မယ်မယ် စားချင်တယ်ဆို ကျွန်တော်မျိုးမ အယူလာခိုင်းလိုက်မယ်လေ ”

“ မဟုတ်ဘူး ” ယဲ့ကျန်းကျန်း ခေါင်းခါလိုက်ရင်း

“ ငါ မစားဘဲ ဒီအတိုင်း လက်ထဲ ကိုင်ထားဝာာ ”

“ ကြည့်ရတာ မယ့်မယ့်လက်က အကြောတွေက လှုပ်ရှားဖို့ လိုနေတဲ့ပုံပဲ။ လက်လေ့ကျင့်ခန်းလုပ်ဖို့ ဝမ်ရိုးချိုင်ကို ရှေးဟောင်းသစ်ကြားသီးကို ရှာခိုင်းလိုက်ရင်ကော ?? အဲ့တာက ကျန်းမာရေးအတွက် ကောင်းတယ်တဲ့ ”

ယဲ့ကျန်းကျန်း သူမလက်ကို သူမ ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီး

“ ဒါပေမဲ့ တကယ် ငါ့လက်ထဲ သစ်ကြားသီးနှစ်လုံးကို ကိုင်ထားတာ ခံစားမိနေတယ် ”

ဒီအပိုင်းကို ကြားတဲ့အခါ ကျီဝူကျိုး တစ်ကိုယ်လုံး တောင့်ခဲသွားတယ်။ သူ့ခြေလှမ်းက သိပ်မဝေးဘူးဆိုပေမဲ့ သွားတဲ့နှုန်းကတော့ တအားမြန်တယ်။ ဖုန့်ရိုးတျယ်ခမျာ သူ့နောက် လိုက်မှီအောက် မနည်းလျှောက်ရတယ်။ အရှင်မင်းကြီးရဲ့ အမူအရာက နည်းနည်း တောင့်တောင့်ကြီး ဖြစ်နေသလိုပဲ ?? မသိရင် သူ တစ်ခုခုကို ချိုးနှိမ်ထားဖို့ အတင်း ကြိုးစားနေရသလိုမျိုး။

ခွန်းနင်နန်းဆောင်နဲ့ ကန်ချင်းနန်းဆောင်က သိပ်မဝေးဘူး။ လျှောက်လမ်းတစ်ခုစာပဲ ရှိတယ်။ ကျီဝူကျိုး နောက်ဆုံးတော့ ကန်ချင်းနန်းဆောင်ကို ပြန်ရောက်လာတဲ့အခါ အောင့်မထားနိုင့်ဘဲ စားပွဲရှေ့ ရယ်ချလိုက်တယ်တော့တယ်။ အရယ်ရပ်အောင် ထိန်းလိုက်ပေမဲ့ ပုခုံးတွေက လှုပ်ရင်း တခွီးခွီး ရယ်နေတုန်းပဲ။

ဖုန့်ရိုးတျယ်ကတော့ တကယ်ကြီး စိတ်ပူနေမိပြီ။ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာနေပြီ မဟုတ်ဘူးလား။  ဗိုင်းရပ်စ်က သူ့‌ဦးနှောက်ဆီ ရောက်သွားတာတော့ မဟုတ်လောက်ပါဘူးနော် ??

ရွှေနန်းထက်က ဧကရီWhere stories live. Discover now