Chapter 75

1K 85 3
                                    

Empress with No Virtue

Chapter 75

Translator – Utopia

ယဲ့ကျန်းကျန်း နန်းတော်ကို ပြန်ရောက်တဲ့အခါ ကျီဝူကျိုးက သမားတော်ကို ဆင့်ခေါ်ပြီး သူမကို စစ်ဆေးခိုင်းလိုက်တယ်။ အဖြေကတော့ သူမ အနည်းငယ် အပူလျှပ်သွားတာလို့ ဆိုတယ်။

"ကြည့်ရတာ အစောနက မင်း နေပူထဲ အကြာကြီး ရပ်နေမိလို့ ဖြစ်မယ်၊ ကောင်းကောင်း အနားယူလိုက်နော်။ ကိုယ် ယန်ရှင်းနန်းဆောင်ကို ပြန်ပြီး အလုပ်လုပ်လိုက်ဦးမယ်။ ညကျ ကိုယ် ပြန်လာခဲ့မယ်"

ကျီဝူကျိုး သူမ နဖူးလေးကို စမ်းရင်း ပြောလိုက်တယ်။ ထို့နောက် သူမကို စောင်ခြုံပေးလာတယ်။

ယဲ့ကျန်းကျန်း ပျင်းတွဲ့တွဲ့နဲ့ပဲ နှုတ်ဆက်လိုက်တယ်။

"အရှင်မင်းကြီးကို ပို့‌ဆောင်ပါတယ်"

ကျီဝူကျိုး ထွက်သွားတာနဲ့ သူမ ထထိုင်ပြီး စောင်ကို လှန်ပစ်လိုက်တယ်။ ထို့နောက် မျက်နှာထားတင်းတင်းနဲ့ ဘာစကားမှ ပြောမလာချေ။ သူမပုံကိုမြင်တော့ စူးယွဲ့ ဆေးခွက်ကို ချပြီး

"သူရဲကောင်းလေး အခု ဘယ်လိုလုပ်ကျမလဲ"

စူးယွဲ့ ပြောရင်း ယဲ့ကျန်းကျန်းဆီ လျှောက်လာပြီး သူမကို အိပ်ရာထဲ ပြန်လှဲခိုင်းပြီး စောင်ပြန်ခြုံပေးလိုက်တယ်။

ယဲ့ကျန်းကျန်း အိပ်ရာတစ်ဖက်ခြမ်းကို လှည့်သွားပြီး ဘာမှပြန်မပြောလာချေ။

"မယ်မယ် ဘာများဖြစ်လို့လဲ၊ မယ်မယ့်ကို စိတ်မပျော်ရွှင်စေတဲ့ကိစ္စများ ရှိလို့လား"

မပျော်ရုံတင်မဟုတ်ဘူး၊ တော်တော်ကြီးကို မပျော်တာ။

အစောနက ကျီဝူကျိုး ဟွားကျောင်းရိကို ကြည့်နေတာက မြင်ရတာ သူမမျက်လုံးထဲ သိပ်ကို နာကျင်ရတယ်။ ချက်ချင်းပဲ သူမစိတ်ထဲ သွေးတွေ ဆူပွက်လာပြီး ဒီမြင်ကွင်းကို ဘယ်လိုမှ ဆက်မကြည့်နိုင်တော့ချေ။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now