Chapter 92

1K 81 1
                                    


Empress with no Virtue
Chapter 92
Translator – Utopia

ယဲ့ကျန်းကျန်းစိတ်ထဲ သူမ မိစ္ဆာလေးတစ်ကောင်ကိုများ ကိုယ်ဝန်လွယ်ထားမိတာလားလို့တောင် ခံစားလိုက်ရတယ်။ ဒီနှစ်လအတောအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲ သူမ ပြန်တွေးကြည့်မိတယ်။

ကျီဝူကျိုးနဲ့ အိပ်ရာပေါ် လူးလိမ့်ခဲ့တာလည်း တစ်ခါနှစ်ခါမကဘူး။ အထူးသဖြင့် အဲ့တစ်ခေါက်တုန်းက ကျီဝူကျိုးက သားရဲတစ်ကောင်လိုပဲ သူမကို စားသုံးသွားပြီး နှစ်ယောက်လုံး တစ်ညလုံး အိပ်မရခဲ့ကြဘူး။ မြင်းလှည်းထဲမှာလည်း ခုန်လိုက် ဆောင့်မိလိုက်နဲ့ အကြိမ်ပေါင်း များစွာပဲ။ ရေကြီးတာကိုလည်း အသက်ရှင်ခဲ့ပြီး ပြေးရင်းလွှားရင်း၊ တိုက်ခိုက်ရင်း၊ တောင်ပေါ်လည်း တက်ခဲ့ရသေးတယ်။ သူမ ရင်ကွဲနာလည်း ကျခဲ့ရပြီး ဝမ်းနည်းစိတ်ဆင်းရဲရင်း စားချင်တာစား အရက်တွေလည်း အထိန်းအကွပ်မရှိ သောက်ခဲ့သေးတယ်။ ဒီလိုမျိုး အခြေအနေအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရတာတောင်မှ ဒီကလေးက ဗိုက်ထဲ အသက်ရှင်နေဆဲဖြစ်တယ်။ ဒါက မိစ္ဆာလေးမှ မဟုတ်ရင် ဘာဖြစ်နိုင်မလဲ?

ယဲ့ကျန်းကျန်း သူမဗိုက်လေးကို ထိလိုက်တဲ့အခါ တကယ့်လက်တွေ့လို့ကို မခံစားရဘူး။ သမားတော်စွန်းက သူ့ခေါင်းနဲ့ ရင်းပြီး အာမခံနိုင်ပါတယ်လို့ ပြောပေမဲ့ သူမစိတ်ထဲတော့ အိပ်မက်လိုပဲ ခံစားနေရတုန်း။

တဖက်မှာတော့ ကျီဝူကျိုးက ဒါကို မြန်မြန်ပဲ စိတ်ထဲ လက်ခံလိုက်နိုင်တယ်။ သန္ဓေသားလေးက ကျန်းမာသန်စွမ်းပြီး အမေနဲ့အတူ အကောင်းအဆိုး ရင်ဆိုင်ခဲ့တယ်။ ကံကောင်းတာက ယဲ့ကျန်းကျန်း ခန္ဓာကိုယ်က ကိုယ်ခံအားကောင်းနေလို့သာ၊ မဟုတ်ရင် ကိုယ်ဝန်က ပျက်ကျသွားလောက်ပြီ။

သူမ နေ့တိုင်း အန်မနေတာလည်း ကံကောင်းသွားတယ်။ သင်္ဘောပေါ် တက်တဲ့အခါမှ စအန်လို့ ကျီလီယို့ သံသယမဝင်သွားတာ၊ မဟုတ်ရင် ဒီကလေးရဲ့ကံကြမ္မာကတော့ မစဥ်းစားရဲစရာပဲ။

အခုလိုစဥ်းစားကြည့်တော့လည်း ဒီကလေးက ကောင်းကင်ဘုံက ကာကွယ်ပေးထားသလိုပဲ။

တကယ်တမ်းပြောရရင် ကျီဝူကျိုး နည်းနည်းတော့ ရင်တုန်နေမိတယ်။ သူ့မှာ အရင်တုန်းက သမီးတစ်ယောက်ရှိခဲ့ပေမဲ့ တစ်နှစ်အရွယ်မှာတင် ဆုံးပါးသွားခဲ့တယ်။ ဒါ့အပြင် က‌လေးရဲ့မိခင်ဘက်က မိသားစုကလည်း မြင့်တဲ့ထဲက မဟုတ်တာကြောင့် သိပ်နှစ်သက်ခြင်း မခံခဲ့ရဘူး။ ဒါကြောင့်မို့ ဖခင်တစ်ယောက်ဖြစ်ရတဲ့အပေါ် ဘာမှခံစားချက် ထူးထူးခြားခြား သူ့ဆီ မရှိခဲ့ဘူး။ ဒီတစ်ခေါက်ကျမှ ဖခင်လောင်းတစ်ယောက်ရဲ့ခံစားချက်မျိုး သူ့ဆီ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဝမ်းသာအံ့ဩရသလို နည်းနည်းလည်း ရင်တုန်နေတယ်။ အမှန်အတိုင်းပြောရရင် ကလေးလေးကို ဘယ်လိုကြိုဆိုရမလဲ သူ မသိသေးဘူး။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now