Chapter 89

905 73 1
                                    

Empress with no Virtue

Chapter 89

Translator – Utopia

အဲ့နေ့ညမှာ ယဲ့ကျန်းကျန်း သူမ ဘယ်ကိုခေါ်သွားခံရမှန်း မသိခဲ့ရပြန်ဘူး။ သူမ သိတာဆိုလို့ တောင်ပေါ်က သစ်သားအိမ်လေးတစ်လုံးထဲကို ရောက်နေတယ်ဆိုတာပဲ ဖြစ်တယ်။ ညစာအနေနဲ့ တောထဲ ဖမ်းမိတဲ့ အမဲတွေကို ချက်ပြုတ်ထားပြီး အတော်လေး စားသောက်ပွဲတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒီဟာကို နောက်ဆုံးညစာအနေနဲ့ စဥ်းစားမိတော့ ယဲ့ကျန်းကျန်း စားချင်စိတ်တောင် မရှိတော့ဘူး။

ညစာစားပြီးတဲ့နောက် သူမကို ကျီလီယို့က အပြင်ကို ဆွဲခေါ်သွားပြန်တယ်။ အပြင်မှာ ညကောင်းကင်က ကြယ်ရောင်စုံတောက်ပလျက်ရှိတယ်။

သစ်ပင်တွေ ထူထပ်စွာ ပေါက်နေတာမို့ အနည်းငယ် မှောင်မိုက်နေပြီး လေတိုက်တဲ့အခါ သစ်ပင်တွေဆီကနေ တရှဲရှဲအသံကို အဆက်မပြတ် ကြားနေရ‌တယ်။ ကြည့်ရတာ ဆောင်းဦးတောင် ရောက်တော့မယ်ထင်ပါ့။

ယဲ့ကျန်းကျန်း အနည်းငယ် စိတ်ပျက် အားလျော့နေမိတယ်။ သူမ အခုထိ ကျီလီယို့ကို မသတ်နိုင်သေးဘူး။ မနက်ဖြန်ကျ ဘာတွေဖြစ်တော့မလဲ ဘယ်သူသိနိုင်မှာလဲ။

ရုတ်တရက်ဆိုသလို ကျီလီယို့က ပြောလာတယ်။

"မင်းကတော့ သူ အသက်ရှင်ဖို့ကိုသာ တွေးနေတာ၊ သူကတော့ မင်း ပျောက်တာတောင် ရက် ၂၀ မရှိသေးဘူး ချစ်သူ အသစ် ရသွားပြီ။ မင်းတို့ကြား သိပ်ချစ်ကြတဲ့ဆက်ဆံ‌ရေး ရှိတယ်လို့ ထင်ခဲ့တာ အခုလိုကျတော့လည်း သာမန်လောက်ပါပဲ"

ယဲ့ကျန်းကျန်း ပျင်းတိပျင်းတွဲနဲ့ ပြန်ဖြေလိုက်တယ်။

"ရှင်ပြောနေတဲ့ ချစ်သူအသစ်ဆိုတာ ခွေးလား သာလိကာလား"

"ပိုင်ရှန်းရူ"

"ကျီလီယို့ ရှင် ကျွန်မတို့ကြား သွေးခွဲလည်း အလကားပဲ"

ရွှေနန်းထက်က ဧကရီWhere stories live. Discover now