Chapter 23

2.2K 224 3
                                    

Empress with no Virtue
Chapter 23
Translator – Utopia

အဲ့နေ့ညမှာ ကျီဝူကျိုး ခွန်းနင်နန်းဆောင်မှာပဲ အိပ်စက်ခဲ့တယ်။

ယဲ့ကျန်းကျန်းကတော့ သူမ ခြေထောက်ကျိုးနေတာမို့လို့ သူ ဘာမှမလုပ်လောက်ဘူးဆိုပြီးတော့ပဲ ထင်တာပေါ့။ ဒါ့ကြောင့်မို့ သူ လုပ်ချင်တာလုပ်ပေါ့ဆိုပြီး လွှတ်ပေးထားလိုက်တယ်။

ညလယ်ခေါင်မှာ ကျီဝူကျိုး နိုးလာခဲ့တယ်။ သူ့ကို ဘယ်သူမှ ထိလိုက်လို့လည်း မဟုတ်၊ နွေးသွားလို့လည်း မဟုတ်၊ ဒါပေမဲ့ ဒီအတိုင်းကြီး နိုးလာဝာာ။ မျက်လုံးနှစ်ဖက်လုံး ပွင့်လျက်သားနဲ့ အတွေးထဲ နစ်မျောနေတယ်။ ရုတ်တရက် သူ့မြင်ကွင်းထဲ နှင်းလိုဖြူဖွေးပြီး နူးညံ့တဲ့ လက်လေးတစ်စုံက ဝင်လာတယ်။

အမှန်အတိုင်းပြောရရင် ဧကရာဇ်တစ်ပါးရဲ့ အိပ်ရာပေါ်က ကိစ္စက သာမန်လူတွေထက် ပိုပွင့်လင်းပြီး ပိုလည်း မျက်နှာအရည်ထူကြတယ်။ လူတွေမြင်မှာဘာညာလည်း အဲ့လောက် စိတ်မပူကြဘူး။ ဒါပေမဲ့ အခုကျ သူ့မှာ ခိုးကြောင်ခိုးဝှက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့လက်ကို ခိုးပြီး ဒါကို လုပ်နေတယ်။ သူ ဂုဏ်ယူရမယ့်ဟာမျိုးတော့ မဟုတ်တာ သေချာတယ်။ အဲ့တာက သူ့ကို ပိုလိုတောင် ငတ်မွတ်စေတယ်။

ဒါပေမဲ့လည်း အခု သူလုပ်နေတဲ့ဟာက မမှန်ကန်ပေမဲ့၊ ဂုဏ်ယူစရာမဟုတ်ပေမဲ့ သူ စိတ်လှုပ်ရှားနေတယ်။ တခြားမိန်းကလေးတွေနဲ့ သူ တစ်ခါမှ မခံစားဖူးခဲ့တဲ့ ခံစားချက်မျိုးပဲ။

ဒါကြောင့်မို့ သူ သိပ်ပျော်နေသလို စိတ်လည်း ရှုပ်ထွေးနေမိတယ်။

ယဲ့ကျန်းကျန်းကတော့ ဘာတွေဖြစ်နေတာလဲဆိုတာ မသိသေးဘူး။ မနက်ကျ သူမ နိုးလာတဲ့အခါ ကောင်းကောင်း အိပ်ပျော်ခဲ့တာကိုပဲ ခံစားရတယ်။ မနက်စာ စားပြီးတဲ့နောက် ဝမ်ရိုးချိုင်က အမြန် လျှောက်တင်လာတယ်။

“ မယ်မယ် စွန်းကွေ့ရန် ကိုယ်ကိုယ်ကို သတ်သေသွားတယ်!”

အခုမှ မနက်စာ စားပြီးခါစဆိုတော့ သူမရဲ့သွေးတွေအကုန် အစာအိမ်ထဲ ရောက်နေတာမို့ နှေးနှေးကွေးကွေးနဲ့ ပြောလိုက်တယ်။

“ ဘယ်က စွန်းကွေ့ရန်လဲ”

“မနေ့က အစွပ်စွဲခံရတဲ့ ဟန်ကွမ်းနန်းဆောင်က စွန်းကွေ့ရန်ပါ”

“ သေသွားပြီလား”

“ မသေသေးပါဘူး။ လူတွေ ရောက်လာပြီး သူမကို ကူပေးကြတယ်။ ကျွမ်းကိုယ်လုပ်တော်က တစ်ယောက်ယောက်ကို လူလွှတ်ပြီး မယ်မယ့်ဆီ ချက်ချင်း လျှောက်တင်ခိုင်းလိုက်တယ်။ မယ်မယ် တချက် ကြည့်ဦးမလား”

“ မလိုတော့ဘူး။ မနက်ခင်းအစောကြီးမှာ သတ်သေတယ်ဆိုတော့ ငါ့စိတ်ထင် သူမ တကယ် သေချင်လို့ မဟုတ်ဘူးပဲ။ နင် သွားပြီး ဒီကိစ္စကို အရှင်မင်းကြီးကို သွားလျှောက်တင်ချေ။ စူးယွဲ့  ရတနာတချို့ယူပြီး စွန်းကွေ့ရန်ကို လက်ဆောင်ချီးမြှင့်လိုက်ချေ။ သူမ အပြစ်ကင်းတယ်ဆိုတာကို ဧကရာဇ်ကော ဧကရီကောက သိတာမို့ နောင် အနာဂတ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှ အတင်းအဖျင်း ပြောရဲမှာ မဟုတ်ဘူး။ နောက်ပြီး အရှင်မင်းကြီးကို ပိုဂရုစိုက်ပေးဖို့ပဲ တွေးပြီး တခြားဟာတွေ မစဉ်းစားနေဖို့ သူမကို မှာလိုက်ပါ။ ငါနဲ့ အရှင်မင်းကြီးကို စိတ်မပူရစေနဲ့လို့”

သူတို့နှစ်ယောက်လုံး အလျင်အမြန်ပဲ ထွက်သွားကြတယ်။ ယဲ့ကျန်းကျန်းစိတ်ထဲ တွေးမိတယ် စွန်းကွေ့ရန်လုပ်တာက ဟန်ဆောင်တာဆိုပေမဲ့လည်း မနေ့က ကိစ္စမှာ သူက နစ်နာသူပဲ။ ဖြစ်နိုင်တာက ကျီဝူကျိုးက သူမကို မျက်နှာသာပေးတဲ့အနေနဲ့ တစ်ခုခုတော့ ပြန်လုပ်ပေးမှာပဲ။ သူမ တွေးထားသလိုပဲ ဝမ်ရိုးချိုင်ပြန်လာတဲ့အခါ စွန်းကွေ့ရန်ကို အဆင့်ငါး မေရန်အနေနဲ့ ကျန်းဘွဲ့နဲ့အတူ ရာထူးတိုးပေးလိုက်ကြောင်း လျှောက်တင်လာတယ်။ ကြည့်ရတာ ရှန်ကိုယ်လုပ်တော် တခြားတစ်ယောက်ကို အနိုင်ကျင့်နေတာကို ကြည့်နေတဲ့ အေးစက်တဲ့သူက တကယ် တခြားတစ်ယောက်လိုပဲ။

ဒါကို ထောက်ရင် ကျီဝူကျိုးက ဒီနေ့ သိပ်ရက်ရောနေတာပဲ။ သူ ဒီနေ့ စိတ်ကောင်းဝင်နေတာကြောင့် ယဲ့ကျန်းကျန်းလည်း လက်ဆောင်တချို့ ထပ်ချီးမြှင့်ခံလိုက်တယ်။ သူမ တကယ်တော့ တခြားကိစ္စတစ်ခုကို တွေးနေတာ။ သူ စိတ်ကောင်းဝင်နေတာတွေ့တော့ ဒါကို အသုံးချပြီး သူ့ကို စကားနည်းနည်းပြောဖို့ လုပ်လိုက်တယ်။

“ ကောင်းကျီကျန်းမှာ အနောက်တိုင်းသင်ရိုးကိုပါ ထည့်ချင်နေတာလား?”
ယဲ့ကျန်းကျန်းရဲ့ အကြံပြုချက်ကို နားထောင်ရင်း ကျီဝူကျိုး အံ့ဩသွားတယ်။ ကောင်းကျီကျန်းက အနာဂတ်နိုင်ငံရေးသမားတွေအတွက် ကျောင်းဖြစ်ပြီး တရုတ်စာပေကိုပဲ သင်ကြားနေတာ။ ရုတ်တရက်ကြီး အနောက်တိုင်းသင်ရိုးက ရောက်ချလာရင် တကယ်လို့ ဧကရာဇ်က ခွင့်ပြုတယ်ဆိုရင်တောင်မှ အမတ်တွေနဲ့ ဆရာတွေက လွယ်လွယ်နဲ့ လက်ခံကြမှာ မဟုတ်ဘူး။

“ ဟုတ်တယ်ရယ်။ အခုလတ်တလော ကျွန်တော်မျိုးမ အနောက်တိုင်းကလူတွေရဲ့ သမိုင်းကို လိုက်ရှာဖတ်ကြည့်နေတာ။ တချို့ဟာတွေက အရမ်းဆိုးပေမဲ့လည်း တချို့ဟာတွေကတော့ သင်ယူထိုက်တယ်။ ကျွန်တော်မျိုးမက မိန်းကလေးဖြစ်နေလို့ ဒါတွေ သင်ထားလည်း အသုံးမဝင်ဘူးဆိုပေမဲ့ ကျွန်တော်မျိုးမတို့ရဲ့ တချီအမျိုးသားတွေက ဒါတွေကို စူးစမ်းပြီး သင်ယူခွင့်ရရမှာပေါ့။ အနောက်တိုင်းသင်ရိုးကိုက ရှုပ်ရှုပ်ထွေးထွေး စဉ်းစားနေစရာ မလိုပါဘူး။ ကောင်းကျီကျန်းမှာ မစ္စတာတုကို သင်ခိုင်းပြီး စိတ်ဝင်စားတဲ့သူရှိရင် တက်ပါစေလေ”

“ မိန်းကလေးဖြစ်နေလို့”လို့ ပြောလိုက်တဲ့နေရာမှာ သူမရဲ့အသံက သိပ်ပြီး လိုလိုချင်ချင်မရှိတာကို ကျီဝူကျိုး သတိထားမိလိုက်တယ်။ သူ စိတ်ထဲ ရယ်စရာကောင်းတယ်လို့ တွေးလိုက်တယ်။ အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလာတယ်။

“ ဒီကိစ္စကို သေချာတော့ အစီအစဉ်ဆွဲဖို့ လိုမယ်နော်”

“ အကြာကြီး အချိန်မဆွဲဘဲ မြန်လေ ကောင်းလေပဲ။ တကယ်လို့ လူတွေ လက်မခံမှာ စိတ်ပူတယ်ဆိုရင်လည်း ကျွန်တော်မျိုးမကို အနောက်တိုင်းပညာသင်ယူရေးရဲ့ ခေါင်းဆောင်အနေနဲ့ထားလိုက်ပြီး မစ္စတာတု‌ကိုတော့ ဆရာအနေနဲ့ပဲ ထားလိုက်လေ။ ဧကရီမိဖုရားခေါင်ဆိုတဲ့ ရာထူးကို သုံးပြီးလုပ်ရင် ဘယ်သူမှ ဘာမှမပြောရဲလောက်ပါဘူး”

ကျီဝူကျိုး ခေါင်းကို ယမ်းလိုက်ပြီး

“ မင်းက မိန်းကလေးလေ။ ယောကျာ်းလေးတွေကြားထဲ ရောက်နေတာက ကောင်းလိမ့်မှာ မဟုတ်ဘူး။ လူတိုင်း လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိတာမို့ အလုံးစုံ လိုက်တားနိုင်မှာ မဟုတ်ဘူး။ ဒီအတိုင်း ရေစီးကြောင်းအတိုင်း မျောလိုက်သွားတာက ပိုကောင်းလိမ့်မယ်”

“ ဒါဆိုလည်း အရှင်မင်းကြီး ... ”

ကျီဝူကျိုး သူမမျက်ဝန်းတွေကို စိုက်ကြည့်လိုက်ပြီး

“ အရင်ဆုံး မင်းဘာလို့ ဒီလောက် လောနေရတာလဲဆိုတာ ကိုယ့်ကို ပြောပြမလား”

ယဲ့ကျန်းကျန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး အရေးကြီးတဲ့ပုံနဲ့ ပြန်ကြည့်လာတယ်။

“ အရှင်မင်းကြီး ဒီကမ္ဘာမှာ ကျွန်တော်မျိုးမတို့ နားမလည်သေးတဲ့ နေရာတွေ ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့ကတော့ ကျွန်တော်မျိုးမတို့ကို စူးစမ်းလေ့လာနေတယ်။ ပိုပြီး ကြောက်ဖို့ကောင်းတာက သူတို့မှာ လက်နက်အင်အားတောင့်တင်းပြီး ကျွန်တော်မျိုးမတို့ဆီကထက် ပိုကြီး ပိုကြံခိုင်တဲ့ စစ်သင်္ဘောတွေကို တည်ဆောက်နိုင်ကြတယ်။ နောက်ပြီး သေနတ်ဆိုရင်လည်း သူတို့်မှာ ကျွန်တော်မျိုးမတို့ထက် ပိုအဖျက်စွမ်းအားကောင်းတဲ့ သေနတ်တွေ ရှိနေတယ်။ ဒီလိုပြိုင်ဘက်မျိုးက အခုအချိန်မှာတော့ ရန်သူမဟုတ်သေးပေမဲ့ ကျွန်တော်မျိုးမတို့အနေနဲ့ သတိထားနေဖို့ လိုတယ်။ သူတို့ အရင် လာတိုက်ခိုက်မှာကို စောင့်နေမယ့်အစား အရင်ဆုံး သူတို့ကို နားလည်အောင် လုပ်ပြီး ကျွန်တော်မျိုးမတို့ဘက်က ကြိုတင်ပြင်ဆင်ထားတာက မကောင်းဘူးလား”

“ သူတို့ ကိုယ်တို့ကို တိုက်ခိုက်လာမယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ”

“ သူတို့‌တွေရဲ့ ဘုရင်က လူသိထင်ရှား သူခိုးဓားပြတွေကို အားပေးတယ်လေ။ ရတနာတွေသာ ပြန်ယူလာနိုင်သ၍ သူတို့က ပင်လယ်ဓားပြပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူရဲကောင်းကြီး ဖြစ်သွားပြီး လူထုကလည်း သူ့ကို လေးစားကြတယ်။ ဒီလောက်ဆိုရင်တောင် မလုံလောက်သေးဘူးလား။ ကျင့်ဝတ်ထုံးတမ်းက ရာဇဝတ်မှုကို အနိုင်မယူနိုင်ဘူး။ ဒီလိုလူမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်မျိုးမတို့ဘက်ကလည်း အင်အားရှိနေပြီး ပြန်တိုက်ခိုက်မှပဲ ရမယ်။ သူတို့ အခုထိ ကျွန်တော်မျိုးမတို့ကို မတိုက်ခိုက်သေးတာက တချီက စစ်အင်အားတောင့်တင်းပြီး သူတို့ကို နိုင်နိုင်သေးလို့ မဟုတ်ဘူး။ အဲ့အနောက်တိုင်းကနေ ကျွန်တော်မျိုးမတို့ဆီ လာတိုက်ရမယ့် စစ်စရိတ်က ကြီးလွန်းနေလို့ပဲ။ အခုလောလောဆယ်တော့ ဒီလိုဆိုပေမဲ့ အနာဂတ်ကျ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ။ ဒါ့ကြောင့်မို့ ကျွန်တော်မျိုးမတို့ဘက်က လက်ဦးမှုယူပြီး သတိ‌နဲ့နေသင့်တယ်”
Ji Wu Jiu was quiet, and did not speak for a while.
“Your Majesty?” Ye Zhen Zhen thought that he was trying to think of ways to reject her idea.
ကျီဝူကျိုးက နှုတ်ဆိတ်နေပြီး။ ဘာမှ ပြန်မပြောလာခဲ့ဘူး။

“ အရှင်မင်းကြီး?”

ယဲ့ကျန်းကျန်းစိတ်ထဲ ကျီဝူကျိုး သူမအကြံကို ငြင်းဖို့ အကြံထုတ်နေတယ်လို့ပဲ တွေးလိုက်တယ်။

သူ ထိုင်ခုံပေါ် ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး ယဲ့ကျန်းကျန်းရှိရာကို ဖြေး‌ဖြေးမှန်မှန်နဲ့ လျှောက်လာတယ်။ ယဲ့ကျန်းကျန်းလည်း သူ လမ်းလျှောက်လာတာကို ကြည့်ရင်း ဘာကြောင့်ရယ်မသိ ခေါင်းငုံ့နေလိုက်ပြီး သူ့ကို အကြည့်လွှဲလိုက်တယ်။ သူ့ဖိနပ်ကို ငေးကြည့်ရင်း ခြေလှမ်းတွေက တဖြေးဖြေး နီးကပ်လာတာကို မြင်နေရတယ်။

“ မင်းက ရှေ့ရေးကို သိပ်တွေးတတ်တာပဲ”
ခဏလောက် ရပ်သွားပြီးတဲ့နောက် ကျီဝူကျိုးရဲ့အသံကို သူမခေါင်းထက်မှာ ကြားရတယ်။

“ ကိုယ် မယှဉ်နိုင်ပါဘူး”

ကျီဝူကျိုးရဲ့ ဝတ်ရုံတော် ခါးပတ်ကို ယဲ့ကျန်းကျန်း မြင်လိုက်ရတယ်။ အနက်ရောင် အောက်ခံမှာ ရွှေချည်ပန်းထိုး နဂါးနှစ်ကောင်ကို ထိုးထားပြီး အလယ်မှာတော့ ကြီးမားတဲ့ ပုလဲတစ်လုံး ရှိတယ်။

“ အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်မျိုးမက ဖြေးဖြေးနဲ့ ဘွင်းဘွင်း ပြောတတ်တဲ့ သူမျိုးပါပဲ။ ကျွန်တော်မျိုးမ မြင်တာကို ထောက်ပြပြောဆိုတာပါ။ အရှင်မင်းကြီးနဲ့ မယှဉ်‌နိုင်ပါဘူး။ အရှင်မင်းကြီး သေချာ ပြန်စဉ်းစားတော်မူပါဦး”

သူမ မြှောက်ပင့်တာခံလိုက်ရလို့ထင်ပါ့ ကျီဝူကျိုးရဲ့ စိတ်အခြေအနေက ပိုကောင်းလာပြီး

“ ကိုယ် မင်းကို လက်ဆောင် တစ်ခုခု ပေးချင်တယ်။ မင်း ဘာလိုချင်လဲ”

ယဲ့ကျန်းကျန်းက သူ့ကို မျက်နှာသာမပေးဘဲ

“ မလိုတော့ပါဘူး။ ကျွန်‌တော်မျိုးမမှာ ချို့တဲ့နေတာ ဘာမှမရှိဘူးရယ်”

“ ကိုယ် မင်းကို လက်ဆောင်ပေးချင်တယ်။ မော့လိုက် ”

ယဲ့ကျန်းကျန်း သူ့ကို မော့ကြည့်လိုက်တယ်။ ဒီနေ့ ကျီဝူကျိုး အနီရင့်ရောင် ဝတ်စုံတော်ကို ဝတ်ဆင်ထားတယ်။ ဝတ်စုံက ဘယ်လိုအမျိုးအစားမျိုးလဲဆိုတာ သူမ မပြောနိုင်ပေမဲ့လည်း နူးညံ့ပြီး ကိုယ်တိုင်းကျတဲ့ ရွှေချည်ပန်းထိုးလက်ရာနဲ့ ဝတ်စုံဆိုတာတော့ သိတယ်။ သူ့ဝတ်စုံက သူ့ကို ပိုလို့ အေးချမ်းငြိမ်သက်တဲ့အသွင်မျိုးပေးတဲ့ အာဏာစက်ပြင်းတဲ့ နဂါးဝတ်ရုံတော်ပဲ ဖြစ်တယ်။

အခု သူ့ကိုယ်ကို ကိုင်းလိုက်ပြီး နှုတ်ခမ်းတင်မက မျက်ဝန်းတွေကပါ ပြုံးရင်း သူမကို ကြည့်လာတယ်။

ကျီဝူကျိုးရဲ့ ခန့်ညားတဲ့မျက်နှာကို သူမ ငေးကြည့်နေမိတယ်။ သူကလည်း ဘာမှပြန်မပြောဘဲ သူမကို ပြန်ကြည့်နေတယ်။ ခဏကြာတဲ့အခါ သူမ ဇက်တောင် ညောင်းလာတယ်။ သူ့မျက်နှာကို ကြည့်ရင်း ယဲ့ကျန်းကျန်း တွေးမိတယ်။ ဘာလို့ သူက အဲ့လောက်တောင် ကြည့်ကောင်းရတာလဲ။

“ မင်း ဘာတွေ တွေးနေတာလဲ ”

ကျီဝူကျိုးက ရုတ်တရက် မေးလာတယ်။

“ အရှင်မင်းကြီးက တကယ် ကြည့်ကောင်းတာ‌ပဲ”

“….”

သူ့မျက်နှာရှေ့တည့်တည့် လာကြည့်ပြီး ကြည့်ကောင်းတယ်လို့ တစ်ခါမှ ချီးမွမ်းမခံရဖူးတာကြောင့် ရုတ်တရက် ကျီဝူကျိုး ကြောင်သွားတယ်။ ယဲ့ကျန်းကျန်းကတော့ တကယ် စိတ်နောက်သွားပြီနဲ့တူတယ်။ ဒီလိုစကားမျိုးကိုတောင် ပြောရဲနေတယ်။ သူမ ကျီဝူကျိုးကို ဆက်မရကြည့်ရဲတော့ပဲ ခေါင်းငုံ့လိုက်တယ်။ သူမခေါင်းထက်က ပျိုနီပန်းလေးကသာ ကျီဝူကျိုးကို မျက်နှာမူထားတယ်။

ကျီဝူကျိုးလည်း အခုမှ အသိပြန်ကပ်တော့တယ်။ ကြည့်ရတာ သူ ထပ်ပြီး အီစီကလီ အလုပ်ခံရပြန်ပြီလား။ ဧကရာဇ်တစ်ပါးအနေနဲ့ မိန်းကလေးတိုင်းက သူ့ကို အီစီကလီ လာလုပ်ခွင့် ပြုလို့ မရချေ။ ဒါကို တွေးမိတဲ့အခါ သူ့လက်က ယဲ့ကျန်းကျန်းရဲ့ မေးကို ကိုင်လိုက်ရင်း တဖြေးဖြေး သူမ ခေါင်းလေးကို မော့‌စေကာ မျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်တယ်။

“ ကိုယ့်မှာ ကြည့်ကောင်းတဲ့မျက်နှာရှိတယ်? ဒါက မင်း လိုချင်တဲ့ဟာလား”

ယဲ့ကျန်းကျန်းကို ပြောဖြေချိန်လေးတောင် ခွင့်မပေးဘဲ သူမပါး‌လေးကို နူးညံ့တဲ့ အနမ်းတစ်ပွင့် ပေးလိုက်တယ်။

ဒါက ပထမဆုံးအကြိမ်အနေနဲ့ သူမ အနမ်းခံရတာပဲ ဖြစ်တယ်။ သူမ မျက်နှာကို နူးနူးညံ့ညံ့အရာတစ်ခု လာထိသွားတာကို ခံစားလိုက်ရတယ်။ ချက်ချင်းပဲ ရှက်သွေးဖြာသွားပြီး သူ့ဆီကနေ အကြည့်လွှဲပစ်လိုက်တယ်။

ကျီဝူကျိုးကတော့ ပါးစပ် နားကွက်တက်ချိတ်အောင် ပြုံးရင်း

“ ဒီလောက်ဆို လုံလောက်ပြီလား”

ယဲ့ကျန်းကျန်း ပြန်မဖြေ။ သူမ ဒီနေရာကနေသာ ထွက်သွားချင်တော့တယ်။ ကျီဝူကျိုးက သူမကို သွားခွင့်‌မပေးဘူး။ မသိရင် ကောင်မလေးတွေကို ကျီစယ်တတ်တဲ့ ပလေးဘွိုင်းလိုမျိုး အားကုန်ထုတ်သုံးပြီး သူမရဲ့ ထိုင်ခုံကို ဆွဲထားတယ်။ ယဲ့ကျန်းကျန်းလည်း အားကို ညှစ်ထုတ်ပြီး သူ့လက်တွေကို ပြန်တွန်းပေမဲ့ သူက ရှောင်လိုက်ပြီး နေရာတောင် ပြောင်းလိုက်သေး။ ယဲ့ကျန်းကျန်း ပြောစရာစကားတောင် ပျောက်သွားတယ်။ သူ သူမကို လွယ်လွယ်နဲ့ ကျီစယ် လို့ရတယ်ဆိုတာမျိုး မဖြစ်ရအောင် သူမကလည်း အားကုန်ထုတ်သုံးပြီး အရှုံးမပေးဘဲ ခုခံနေတယ်။

ဖုန့်ရိုးတျယ် လက်ဖက်ရည် လာဆက်သတဲ့အချိန် သူတို့ နှစ်ယောက် ရန်ဖြစ်နေကြတဲ့ပုံစံကြောင့် လန့်ဖြန့်သွားပြီး ကြမ်းပြင်ပေါ် ချက်ချင်း ဒူးထောက်ကာ
“ အရှင်မင်းကြီး ....”  ဘယ်လို‌လုပ်ပြီး လက်ပါရက်တာလဲ
“ မယ်မယ်ဖုရား ... ” ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးကို လက်နဲ့ ရွယ်နေရတာလဲ။

ကျီဝူကျိုး ရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်တယ်။ သူ သောက်ဖို့ ပြင်လိုက်တဲ့အချိန်လေးမှာပဲ မပျော်မရွှင်ဖြစ်နေတဲ့ ယဲ့ကျန်းကျန်းရဲ့မျက်နှာလေးကို မြင်တဲ့အခါ သူ့လက်ဖက်ရည်ခွက်ကို ပေးလိုက်ပြီး နောက်တစ်ခွက်ကို ယူသောက်လိုက်တယ်။

ဖုန့်ရိုးတျယ်အတွက်တော့ အရှင်မင်းကြီးနဲ့ မယ်မယ်ဖုရားက ဆက်ဆံရေးကောင်းတဲ့ပုံပါပဲ။ ဘာလို့ အဆင်မပြေတဲ့ပုံ လုပ်နေကြတာလဲ။ ဘယ်သူ့အတွက်လဲ??

လက်ဖက်ရည်တစ်ငုံသောက်ပြီးတဲ့နောက် ယဲ့ကျန်းကျန်း နောက်ဆက်ပြီး သွားမလို့ပဲ။ အဲ့အချိန် စစ်နင်နန်းဆောင်က နန်းတွင်းသူ‌လေးက ရောက်လာပြီး

“ မယ်မယ်ဖုရား ... မယ်တော်ကြီးက မယ်မယ့်ကို စစ်နင်နန်းဆောင်ကို လာခဲ့ပေးဖို့ လိုပါတယ်တဲ့။ ကိစ္စတချို့ တိုင်ပင်စရာ ရှိတယ်လို့ ဆိုပါတယ်”

“ ဘာကိစ္စလဲ”

“ ရွှီမိန်းကလေး နန်းတော်ထဲ ဝင်တဲ့အခါ သူမရဲ့ ရာထူးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့ပါ”

“ အတူသွားကြတာပေါ့ ”

ကျီဝူကျိူးက ပြောလိုက်ရင်း သူကိုယ်တိုင် ယဲ့ကျန်းကျန်းရဲ့ ဝှီးချဲကို တွန်းပေးလာတယ်။

ယဲ့ကျန်းကျန်း စိတ်ထဲ တွေးနေမိတယ်။ ဒီတစ်ခေါက်လည်း ကျီဝူကျိုးက သူမကို သေနတ်လို ထပ်သုံးဦးမလို့နဲ့ တူတယ်။ သူမ ကောင်းကောင်း တွယ်နိုင်တယ်ဆိုတာ သိပေမဲ့လည်း ဒီတစ်ခါ သေနတ်က ဘယ်ကို ပစ်မလဲ သေချာမသိသေးချေ။

တွေးရင်းနဲ့ သူမ နောက်ကို လှည့်ကြည့်လိုက်တော့ ဝှီးချဲပေါ်က လက်တွေက အားစိုက်ထုတ်လွန်းတာကြောင့် ဖြူလျောနေတာကို တွေ့လိုက်ရတယ်။

ရှင် မတွန်းချင်ဘူးဆိုရင် အဲ့လောက် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး အားစိုက်ထုတ်နေရမှာ မဟုတ်ဘူး။ ယဲ့ကျန်းကျန်း ခပ်ရွဲ့ရွဲ့လေး စိတ်ထဲက ပြောလိုက်တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now