Chapter 51

1.2K 124 2
                                    


Empress with No Virtue
Chapter 51
Translator – Utopia

သူ မြို့တော်မှာ မရှိတဲ့အချိန် လွှတ်တော်အရေးကိစ္စတွေကို ဆုံးဖြတ်ဖို့အတွက် မြို့တော်ကနေ ထွက်မသွားခင် ကျီဝူကျိုး ယဲ့ရှိုးမင်နဲ့ ဖန့်ရှိုးချင်းတို့ကို တော်ဝင်အမိန့်တော် ပေးခဲ့ဖို့လိုတယ်။ ဒါ့အပြင် သူတို့တွေ ကျီဝူကျိုးကို မြို့တော်ဆီ ပြန်ဆွဲမခေါ်ထားအောင်လို့ နောက်တက်မယ့် ဧကရာဇ်နေရာအတွက် လူ‌ရွေးပေးခဲ့ဖို့လည်း လိုပြန်တယ်။

ထီးနန်းလွှဲပေးခဲ့ရအောင် လူ‌ရွေးရတဲ့ကိစ္စက တကယ်ကို ခေါင်းကိုက်စရာပဲ။ အရှေ့မှာ ပြောခဲ့သလိုပဲ တော်ဝင်မိသားစုမှာ မျိုးရိုးဆက်ခံသူ အနည်းငယ်ပဲ ရှိပြီး ကျီဝူကျိုးက တစ်ဦးတည်းသော သား ဖြစ်တယ်။ ရှေ့ဧကရာဇ်လက်ထက်မှာ သားတော်တွေ နည်းနည်း ပို မွေးဖွားလာခဲ့ပေမဲ့ နောက်ဆုံးတစ်‌ယောက်ပဲ ကျန်တဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်။ ကျီဝူကျိုးရဲ့ အဖေက ထီးနန်းရဖို့အတွက် ညီအစ်ကိုတွေ အကုန်လုံးကို သတ်ပစ်ခဲ့တာပဲ ဖြစ်တယ်။

ဒီလိုနဲ့ ကျီဝူကျိုး မျိုးရိုးစဥ်ဆက်ဇယားကို လှန်လှောကြည့်ရင်း သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်ကို ရှာတွေ့သွားတယ်။ အဲ့လူက မင်ဧကရာဇ်ရဲ့ ၅ ဆက်မြောက် မျိုးဆက်ဖြစ်ပြီး ဆွေမျိုးစပ်ကြည့်ရင် ကျီဝူကျိုးရဲ့ ဦးလေးအဆင့်မှာ ရှိတယ်။ မျိုးဆက်တွေ အတော်ကွာခြားသွားပြီးတဲ့နောက် ဒီလူရဲ့ အခြေအနေက သိပ်တော့ မကောင်းလှဘူး။ သူက တစ်ဦးတည်းသော ကျန်တဲ့ မျိုးဆက်ဖြစ်ပြီး အသက် ၄၀ အိမ်‌ထောင်လည်း မကျသေးဘူး။ သူတို့အိမ်တော်က ဒီမှာတင် အဆုံးသတ်တော့မယ့်ပုံပေါ်တယ်။ ဒီလူက မီးစာကုန်ဆီခမ်းတော့မယ့်သူပဲ။

ကျီဝူကျိုး အပြန်ပြန်အလှန်လှန် စဥ်းစားနေတယ်။ တကယ်လို့ မီးစာကုန်ဆီခမ်းတော့မယ့်သူကိုသာ နောက်ဧကရာဇ်နေရာအတွက် ရွေးခဲ့ရင် အမတ်တွေက သူ့အရိုးကိုပါ တူးပြီး ဆူပူကြိမ်းမောင်းကြလိမ့်မယ်။ ဒီလိုနဲ့ စုတ်တံ‌ရွေ့သွားပြီး မင်းသမီးလီယန့်ရဲ့သား ထန်ကျီကို နောင်တက်မယ့် ဧကရာဇ်အနေနဲ့ ရွေးလိုက်တယ်။ တကယ်လို့ ကျီဝူကျိုးဆီ တစ်ခုခု ဖြစ်ခဲ့ရင် ထန်ကျီက သူ့မျိုးရိုးကို ပြောင်းပြီး ကျီဝူကျိုးရဲ့ မွေးစားသားဖြစ်လာလိမ့်မယ်။

မင်းသမီးလီယန့်က ကျီဝူကျိုးရဲ့ အဒေါ်အရင်းဖြစ်ပြီး ထန်ကျီက သူနဲ့ တစ်ဝမ်းပဲကွဲတဲ့ ညီအစ်ကိုဖြစ်တယ်။ ဒ့ါအပြင် ဒီတစ်ယောက်ကို ရွေးတာက အကျိုးကျေးဇူးတွေရှိတယ်။ သူက ဉာဏ်သိပ်မကောင်းတဲ့အပြင် ဖအေကလည်း စိတ်ကျန်းမာ‌ရေး မကောင်းတာကြောင့် ဆုံးပါးသွားပြီ။ မင်းသမီးလီယန့်တစ်‌ယောက်တည်း တော်ဝင်မိသားစုထောက်ပံ့ကြေးနဲ့ သူ့ကို စောင့်‌ရှောက်နေရတာဖြစ်တယ်။ ဒါ့ကြောင့်မို့ သူ့မှာ လွှတ်တော်က ထောက်ခံမှု ဘာမှမရှိတာကြောင့် ဧကရာဇ်နေရာ‌ ရောက်ရင်တောင် ရုပ်သေးရုပ်ပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့ တစ်ခုတည်းသော တာဝန်က တော်ဝင်မျိုးဆက် မပြတ်သွားစေဖို့ပဲ။ ယဲ့မိသားစုနဲ့ ဖန့်ရှိုးချင်းတို့ လွှတ်တော်ကို ကိုင်တွယ်ပေးနေမှာနဲ့ဆို တချီပြည်ရဲ့ အနာဂတ်က စိတ်ချနိုင်မှာပါ။

ပြောရမယ်ဆိုရင် ကျီဝူကျိုး ဘယ်လောက်ပဲ ယဲ့မိသားစုကို မုန်းတယ်ပြောပြော တကယ် အရေးကြီးတဲ့ အချိန်ကျ သူ ယဲ့မိသားစုကိုပဲ စိတ်ချထားခဲ့လို့ရတယ်။

ဒါပေမဲ့ ဒါတွေအားလုံးက ကျီဝူကျိုး အစိုးရိမ်လွန်နေရုံသက်သက်ပါပဲ။ သူက လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ ကျူးကျော်သူတွေ ကိစ္စရှင်းပြီးသွားတဲ့နောက် ယဲ့ကျန်းကျန်း နေမကောင်းတာကို ကုပေးပြီးရင် သူမနဲ့ သားလေးတွေ ရလာလိမ့်မယ်။ အဲ့အခါကျ ပြဿနာအားလုံး ဖြေရှင်းပြီးသားဖြစ်သွားပြီ။

နေပါဦး ဘယ်လိုလုပ်တွေးရင်း ယဲ့ကျန်းကျန်း သားလေးတွေ မွေးပေးတဲ့အထိပါ ရောက်သွားရတာလဲ။ သူ သူမကို ဒေါသထွက်နေရမှာ မဟုတ်ဘူးလား။

ကျီဝူကျိုး မြို့တော်က ထွက်ပြီး ဒုတိယမြောက်နေ့ကျမှ တော်ဝင်အမိန့်စာက လွှတ်တော်ဆီ ရောက်လာတယ်။ ယဲ့ရှိုးမင်ကော ဖန့်ရှိုးချင်းကော ဆွံအသွားတယ်။ ဒါပေမဲ့ ကိစ္စတွေက လုပ်တောင်ပြီးပြီဆိုမှတော့လည်း သူတို့ ဘာမှမတတ်နိုင်တော့ဘူး။ ကျီဝူကျိုး ငြိုငြင်မှာလည်း စိုးရိမ်ရသေးတယ်။ ဒီလိုနဲ့ ယဲ့ရှိုးမင်တစ်ယောက် မြည်တွန်တောက်တီးရင်း သူ့ရတနာတွေထားတဲ့အခန်းကို သွားကာ ချပ်ဝတ်တန်ဆာကို ထုတ်လာတယ်။

ချပ်ဝတ်တန်ဆာက ဖြူဆွတ်ချောမွေ့နေပြီး နူးညံ့တောက်ပနေတယ်။ ဒီချပ်ဝတ်တန်ဆာကို ပိုးအင်္ကျီလို့ ခေါ်တယ်။ နာမည်က သိပ်မထူးခြားပေမဲ့ သူ့မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်။ အဲ့တာက မ‌ထိုးဖောက်နိုင်တာပဲ။ ဒီဟာကို ပိုးအင်္ကျီလို့ ခေါ်ပေမဲ့ ပိုးချည်မျှင်နဲ့ လုပ်ထားတာ မဟုတ်ချေ။ ယွင်နန်တောအုပ်မှာပဲ တွေ့ရတဲ့ ပင့်ကူမျှင်တစ်မျိုးကနေ ထုတ်လုပ်ထားတာပဲ ဖြစ်တယ်။ ဒီပင့်ကူမျိုးတွေက ရှားပါးပြီး သူတို့ခန္ဓာကိုယ်က အလွန်ကြီးမားတယ်။ သူတို့ထုတ်တဲ့ ပင့်ကူမျှင်က ခိုင်ခံ့သန်မာပြီး ပင့်ကူမျှင် တစ်ကြိုးထဲနဲ့တောင် ဆိတ်တစ်ကောင်ကို ဖမ်းနိုင်တယ်။ ထူးဆန်းတဲ့သူတစ်‌ယောက်က ဒီပင့်ကူမျှင်တွေကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီး နောက်ဆုံးမှာ ဒီ ချပ်ဝတ်တန်ဆာကို ထုတ်လုပ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အဲ့ချပ်ဝတ်တန်ဆာက ယဲ့ရှိုးမင်လက်ထဲ တစ်နည်းတစ်ဖုံနဲ့ ရောက်လာခဲ့တာပဲ ဖြစ်တယ်။

အခုတော့ ယဲ့ရှိုးမင်မှာ ရွေးချယ်စရာမရှိပဲ ဒီချပ်ဝတ်တန်ဆာကို ကျီဝူကျိုးဆီ ပေးလိုက်ဖို့ပဲ ရှိတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီသောက်ကောင်လေးရဲ့ အသက်က အရေးအကြီးဆုံးဖြစ်ပြီး တစ်လောကလုံးက ရတနာတွေထက်တောင် တန်ဖိုးပိုကြီးတယ်။

အဲ့နေ့ညမှာ ယဲ့ရှိုးမင် လူလွှတ်ပြီး ဒီ ချပ်ဝတ်တန်ဆာကို ကျီဝူကျိုးလက်ထဲ မြန်မြန်ရောက်အောင်လို့ ပို့ခိုင်းလိုက်တယ်။

ကျီဝူကျိုး ခေါ်လာတဲ့သူတွေက အတော်တကာ့အတော်ဆုံး လူတွေဖြစ်ပြီး သူတို့မြင်းတွေကလည်း အကောင်းဆုံးဖြစ်တယ်။ ၃ရက်ကြာပြီးတဲ့နောက်မှာ သူတို့ အရှေ့မှာ စစ်ချီထွက်သွားတဲ့ တပ်ကို မှီသွားတယ်။ ထန်ဖုန့်ရှန်ကို မြင်တာနဲ့ ကျီဝူကျိုး ချက်ချင်းပဲ ကျားတံဆိပ်နဲ့ ရောက်လာတဲ့သူရှိလား တန်းမေးလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထန်ဖုန့်ရှန် မသေချာဘူးဖြစ်နေတယ်။ ဒီကျားတံဆိပ်ဆိုတာက ဧကရာဇ်နဲ့ ပတ်သက်နေတာမို့ ဒီကျားတံဆိပ်ကို မြင်တာနဲ့ ဘယ်သူမှ မမေးရဲကြဘူး။ နောက်ပြီး သတင်းကိုလည်း လျှို့ဝှက်ထားရတယ်။ ဒါပေမဲ့ ကျီဝူကျိုး အလျင်လိုနေပြီး လူတွေပါ ဝါးစားတော့မယ့်ပုံကို မြင်တာနဲ့ သူ ချက်ချင်းပဲ ရာထူးအဆင့်ဆင့်က လူတွေကို ခေါ်မေးရတော့တယ်။

ကျီဝူကျိုး လုလီကိုလည်း သီးသန့် ခေါ်တွေ့ခဲ့တယ်။ ဒါပေမဲ့ လုလီလည်း ဒီကိစ္စကို သိမနေဘူး။ ကျီဝူကျိုး စိတ်ပူနေပေမဲ့ တစ်ဖက်မှာလည်း နည်းနည်းတော့ စိတ်အေးသွားတယ်။ ကျန်းကျန်း လုလီဆီ လာတာ မဟုတ်ဘူးပဲ။

၄နာရီလောက်ကြာပြီးတဲ့နောက် စစ်သည်တစ်ယောက်အလှည့် ရောက်တဲ့အခါ ကျားတံဆိပ်နဲ့ စစ်စခန်းထဲ ဝင်လာတဲ့ သူ တကယ်ပဲ ရှိတယ်လို့ ဖြေလာတယ်။

ကျီဝူကျိုး အကြည့်က ချက်ချင်းပဲ တောက်ပသွားပြီး

"အဲ့လူက အခု ဘယ်မှာလဲ"

သူ့ရှေ့က သူက ဘယ်သူမှန်း စစ်သည်လည်း မသိဘူး။ ဒါပေမဲ့ ခေါင်းဆောင်ရှန် သူ့ကို တလေးတစားနဲ့ ဆက်ဆံရပုံကို ကြည့်ပြီး သူလည်း တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

"ကျန်းစစ်သူကြီးက စစ်စခန်းမှာ ၂ ရက်နေသွားပြီး ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ကျည်ဆံတွေ ယူသွားပြီးတဲ့နောက် ထွက်ခွာသွားပါတယ်"

"ကျန်းစစ်သူကြီး?"

"ဟုတ်ပါတယ်၊ မျိုးရိုးက ကျန်းဖြစ်ပြီး ဧကရာဇ်က တိုက်ရိုက်လွှတ်လိုက်တဲ့ အဆင့်၅ စစ်သူကြီးလို့ ဆိုပါတယ်။ သူ့နာမည်က ကျန်းဝေမန့်ပါ"

"...."

ကြည့်ရတာ တကယ်ပဲ သူမနဲ့တူတယ်။

"သူ ဘယ်အချိန်တုန်းက ရောက်လာပြီး ဘယ်အချိန်ထွက်သွားတာလဲ"

"ကျန်းစစ်သူကြီးက ကျွန်တော်တို့ စခန်းချတဲ့နေ့မှာပဲ ရောက်လာတာပါ။ ကျွန်တော်က သူ့ကို အရင်ဆုံး တွေ့ခဲ့တာပါ။ သူ ရောက်လာရတဲ့ အကြောင်းအရင်းက လျှို့ဝှက်ချက် ဖြစ်တာမို့ ကျွန်တော်လည်း ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ တပ်တွေကို စစ်ဆေးဖို့ ကျွန်တော်နဲ့အတူလိုက်လာပြီး ၂ရက်နေပြီးတဲ့နောက် နှုတ်တောင်မဆက်ဘဲ ထွက်သွားပါတယ်"

သူပြောတာကို နားထောင်ပြီးတဲ့နောက် ယဲ့ကျန်းကျန်း ဘာတွေးနေလဲဆိုတာ ကျီဝူကျိုး သဘောပေါက်သွားတယ်။ ဒီကောင်မလေးက တကယ် ပါးနပ်တာပဲ။ သိပ်မကြာခင် သူမနောက်ကို လိုက်ဖမ်းမယ့်သူတွေ ရောက်လာမယ်ဆိုတာ သိတယ်။ ဒါကြောင့်မို့ သူမ အဖမ်းခံရဖို့ ထိုင်စောင့်နေမှာ မဟုတ်ဘူး။ သူမ ဒီနေရာကို ခဏဝင်လာတဲ့ အကြောင်းအရင်းက လက်နက်နဲ့ကျည်ဆံတွေ ယူဖို့ပဲ။

မဟုတ်ဘူး ဒီလောက်ပဲ မဟုတ်သေးဘူး။ ကျီဝူကျိုး မျက်စိမှိတ်လိုက်တယ်။ သူမကို သူ နားလည်ထားသလောက်ပြောရရင် သူမ ဒီလောက် စွန့်စားပြီး ထွက်လာခဲ့မှတော့ စစ်ပွဲထဲ မရောက်မချင်း ကျေနပ်မှာ မဟုတ်ဘူး။ အဆုံးမှာ သူမ လျောင်တုန်းကို ဆက်သွားမှာပဲ။ ဒါပေမဲ့ သူမကို လိုက်ဖမ်းဖို့လွှတ်လိုက်တဲ့သူက ဘာမှ ရမှာမဟုတ်ဘူး။ အဲ့လူက မြို့တော်ကို ပြန်ပြီး သတင်းပို့တဲ့အခါကျမှ သူမလည်း ပြန်လာလိမ့်မယ်။ ဒါကြောင့်မို့ သူမကို လျောင်တုန်းမှာ စောင့်ဖမ်းနေမယ့်သူ မရှိသ၍ သူမကို ဖမ်းမိမှာ မဟုတ်ဘူး။

ဒါဆို စစ်စခန်းက ထွက်သွားပြီးတဲ့နောက် သူမ ဘယ်ကိုသွားလောက်မလဲ?

ကျီဝူကျိုး မြေပုံကို ကြည့်ရင်း သူမ သွားလောက်မယ့်နေရာကို ခန့်မှန်းနေတယ်။ သူမက စစ်မြေပြင်က အချက်အချာမြို့တွေကို သဘောကျပြီး ကျားတံဆိပ်နဲ့သာဆို သူမ ကြိုက်တဲ့စစ်စခန်းကို ဝင်လို့ရတယ်။ စစ်မြေပြင်တွေ အများကြီးကို သွားလို့ရမယ့် အခွင့်အရေးမျိုးကို သူမ လက်လွတ်ခံမှာ မဟုတ်ဘူး။ ဆိုတော့ အဖြစ်နိုင်ဆုံးက စစ်တပ်တွေ အများကြီးရှိတဲ့ နေရာမျိုး .... သူ့အကြည့်က မြေပုံက တစ်နေရာမှာ ရပ်သွားတယ်။

ကျီကျိုးပဲ။


ကျီကျိုးပြည်နယ်ရဲ့ မြို့တော်က နန်းမြို့တော်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး တစ်နှစ်ပတ်လုံး စစ်တပ် တပ်စွဲထားတဲ့နေရာဖြစ်တယ်။ မုန့်ကူကို နွီကျန်းမျိုးနွယ်စုက သိမ်းယူလိုက်ပြီးနောက် ကျီကျိုးဟာ အနောက်မြောက်မှာ မုန့်ကူ၊ အရှေ့မြောက်မှာ နွီကျန်းမျိုးနွယ်စုတို့နဲ့ တိုက်ရိုက် ရင်ဆိုင်နေရတာပဲ ဖြစ်တယ်။ တစ်ခုပဲ ဒီတပ်နှစ်ခုက ဒီနေရာကနေ အနည်းငယ်ဝေးတာမို့ သူတို့က စစ်ပွဲထဲတော့ တိုက်ရိုက် မပါလာသေးဘူး။
ဒါပေမဲ့ ဒီနေရာသာ ကျသွားရင် နန်းမြို့တော်ကော တချီတပြည်လုံးကော ပြဿနာတက်ပြီပဲ။

ကျီကျိုးမြို့တော်ကို တာဝန်ယူထားတဲ့သူက ဝါရင့်စစ်သူကြီး ရွှီရှီမင်ဖြစ်တယ်။ ဒီစစ်သူကြီးက စစ်သားတွေကို ကိုင်တွယ်ရာမှာ တော်တယ်၊၊ ခံစစ်မှာ ကောင်းပေမဲ့ တိုက်စစ်မှာ အားနည်းတယ်။ ကျီကျိုးမှာ နေတာလည်း ဆယ်စုနှစ်အတော်ကြာရှိပြီး ဒီမြို့ကို လုံခြုံအောင် ကာကွယ်ပေးခဲ့တာပဲ ဖြစ်တယ်။

ယဲ့ကျန်းကျန်း ဒီတစ်ခါလည်း စစ်စခန်းတွေကို ဝင်စစ်ဆေးပြန်တယ်။ သူမက ဟန်ဆောင်သိပ်ကောင်းတဲ့အပြင် ကျီဝူကျိုးနာမည်ကို သုံးပြီး ရွှီရှီမင်ကို လိုအပ်တဲ့နေရာမှာ မြှောက်ပင့်ပြောပေးတာကြောင့် စစ်သူကြီးခင်မျာ မျက်ရည်တွေပါကျလို့ တောင်ဘက်အရပ်ကို မျက်နှာမူရင်း ဒူးထောက်ကာ သုံးကြိမ်အရိုအသေ ပေးလိုက်တယ်။ ယဲ့ကျန်းကျန်း စိတ်ထဲ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။

စစ်စခန်းတွေကို စစ်ဆေးပြီးတဲ့နောက် ယဲ့ကျန်းကျန်း အပြင်ကို ထွက်ကစားလိမ့်မယ်။ သူမက လက်ဖွာပြီး အပေးအကမ်းလည်း ရက်‌ရောတဲ့အပြင် ခန့်ညားတဲ့ရုပ်ရည်၊ စစ်စခန်းတွေနဲ့ လျှို့ဝှက် ဆက်ဆံရေးရှိတာတွေကြောင့် ၃ရက် အတွင်းမှာကို ကျီကျိုးမှာ ကျန်းစစ်သူကြီးက နာမည်ဟိုးလေးတကျော် ဖြစ်သွားတယ်။ လူကုံထံအသိုင်းအဝိုင်းက လူ‌တွေလည်း သူမအကြောင်းကို ကြားပြီး ဖိတ်စာတွေအပြိုင်အဆိုင် ပို့ကြတယ်။

ဒီလိုနဲ့ ယဲ့ကျန်းကျန်း လီယို့ ဆိုသူနဲ့ ဆုံခဲ့ကြတယ်။

လီယို့ရဲ့ နောက်ကြောင်းက သိပ်ကို သိုဝှက်လွန်းတယ်။ ဒီလူက ဆေးဝါးနဲ့စစ်ဗျူဟာမှာ ကျွမ်းကျင်တယ်။ ဗျပ်စောင်းလည်း တီးတတ်ပြီး ကဗျာလည်း‌ ရေးတတ်တယ်။ ဓားရေးလည်း ‌ကောင်းပြီး ထမင်းဟင်းလည်း ချက်တတ်တယ်။ ကြည့်ရတာ ဟိုစပ်စပ်ဒီစပ်စပ် အကုန် လုပ်တတ်တဲ့သူနဲ့တူတယ်။

သူက အဖြူ‌ရောင်ဝတ်စုံကို ဝတ်တတ်ပြီး ကြည့်လိုက်ရင်တော့ ပျော့တိပျော့ဖတ် စာပေသမားနဲ့ တူနေပေမဲ့ ယဲ့ကျန်းကျန်း သူနဲ့ အရင်က ယှဥ်တိုက်ဖူးတာကြောင့် သူက အဲ့လောက် အားမနည်းမှန်း သိတယ်။
သူက အတော်လေးတော့ ကြည့်ကောင်းတဲ့အထဲ ပါတယ်။ ဒါပေမဲ့ ကျီဝူကျိုးကို နေ့တိုင်းမြင်ပါများလို့လား မသိ တော်ရုံ ချောတာလောက်ကတော့ သူမ မျက်လုံးထဲ သာမန်လောက်ပဲ ရှိတယ်။

ဒါပေမဲ့ လီယို့မှာ ကျီဝူကျိုးနဲ့ မတူတဲ့အချက်က သူက ရယ်မောတတ်ပြီး သူ ရယ်ပြုံးတဲ့အခါ သိပ်ကို နူးညံ့ပြီး စိတ်နှလုံးရွှင်လန်းစေတယ်။ သူက ဗဟုသုတလည်း နှံ့စပ်ပြီး တော်တော်များများမှာလည်း စိတ်ဝင်စားမှုရှိတာကြောင့် ယဲ့ကျန်းကျန်း သိပ်မကြာခင်မှာပဲ သူနဲ့ ခင်သွားတော့တယ်။

ဒီနေ့ လီယို့ ယဲ့ကျန်းကျန်းကို အပြင်သွားဖို့ ဖိတ်ခေါ်ခဲ့ပြီး သူမကလည်း လက်ခံခဲ့တယ်။ အစကတော့ သူတို့နှစ်‌ယောက်တည်းပဲ သွားကြမှာလို့ လီယို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဝမ်ရိုးချိုင်က စိတ်ပူတာကြောင့် မျက်နှာသေကြီးနဲ့ သူတို့နောက်ကနေ လမ်းမီးတိုင်လို လိုက်လာတယ်။ ယဲ့ကျန်းကျန်းကလည်း သူ့ကို မတားတာကြောင့် လီယို့လည်း ဘာမှမပြောတော့ဘဲ နေလိုက်တယ်။

မြောက်ပိုင်းရဲ့နွေဦးရာသီက နည်းနည်းနောက်ကျတာကြောင့် မြစ်ကမ်းနံဘေးက ပန်းတွေက အခုမှ ပွင့်လန်းဆဲ ဖြစ်တယ်။ မိုးမခပင်တွေကလည်း စိမ်းလန်းနေတယ်။ ယဲ့ကျန်းကျန်းက မြစ်ကမ်းဘေးမှာ ရပ်နေပြီး မြစ်ရေစီးဆင်းနေတာကို ကြည့်နေတယ်။ လီယို့ကတော့ သူမကို ငေးကြည့်နေတယ်။

သူမ ခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး ဘာပဝါမှ မဝတ်ထားတာကြောင့် သူမလည်ပင်းက ချော့မွတ်နေတယ်။ ဒ့ါအပြင် ဒီနေ့ ချပ်ဝတ်တန်ဆာလည်း မဝတ်လာတာကြောင့် ‌ယောကျာ်းလေးအဝတ်အစားကို ဝတ်ထားပေမဲ့ သူမရင်ဘတ်က အနည်းငယ် ... ခန့်မှန်းကြည့်လို့ရတယ်။ သူ့အတွေးတွေက အနည်းငယ် မှောင်နေတာကို ပြန်သတိထားမိလိုက်ပြီး လီယို့တစ်ယောက် ချောင်းဟန့်ကာ ခေါင်းငုံ့လိုက်တယ်။

"ဘာဖြစ်တာလဲ"

ယဲ့ကျန်းကျန်းက မေးလိုက်တယ်။

လီယို့က ပြန်မဖြေလာဘူး။ အဲ့အစား သူမခါးက သေနတ်ကိုကြည့်ရင်း မေးလိုက်တယ်။

" ခင်ဗျားကိုင်ထားတဲ့သေနတ်က နာမည်ကြီးနေတဲ့ အကြိမ်‌ရေများများပစ်နိုင်တယ်ဆိုတဲ့ သေနတ်လား"

"ဟုတ်တယ်"

ယဲ့ကျန်းကျန်း သေနတ်ကို ယူပြီး မိုးပေါ်ကောက်ချိန်လိုက်တယ်။ သူမ သေနတ်က စစ်စခန်းတွေက ကျည်ဆံနဲ့ အတူတူပဲ ဆိုပေမဲ့ ကိုယ်ထည်က ပိုသေးသွယ်ပြီး မိန်းကလေးတွေကိုင်ဖို့ ပိုသင့်တော်တယ်။

လီယို့ သူမကို ကြည့်ရင်း ရယ်လိုက်ပြီး

"ကျွန်တော့်ကို ငှားလို့ရနိုင်မလား"

"မရဘူး"

"...."

"စိတ်မရှိပါနဲ့"

ယဲ့ကျန်းကျန်း သေနတ်ကို ခါးမှာ ပြန်ချိတ်လိုက်ရင်း

"လက်နက်ထုတ်လုပ်‌ရေးဌာနက ဒီအကြိမ်ရေ များများပစ်နိုင်တဲ့သေနတ်က တချီရဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ မငှားရဘူးလို့ ထုတ်ပြန်ထားတယ်"

လီယို့က ပြုံးလိုက်ရင်း

"ကျွန်တော် သိချင်စိတ်နဲ့ မချင့်ချိန်ဘဲ မေးလိုက်မိတယ်။ ကျွန်တော်ကပဲ အရင်ဆုံးတောင်းပန်ရမှာပါ ကျန်း ... ညီနောင်ကျန်း"

ယဲ့ကျန်းကျန်း သူ့ကို ပြန်ပြောမလို့ လုပ်လိုက်ရုံရှိသေး သူမ မျက်ဝန်းထောင့်ကနေ သရဲကို တွေ့လိုက်ရသလို အလန့်တကြားနဲ့ "မကောင်းတော့ဘူး"လို့ အော်လိုက်ရင်း နောက်ကိုလှည့်ကာ ပြေးတော့တယ်။

လီယို့လည်း တစ်ခုခုထူးဆန်းလိုက်တာလို့ ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်တဲ့အခါ အမျိုးသားတစ်ယောက်က လူတစ်စုကို ဦးဆောင်ရင်း သူမ နောက်ကို ကြောက်စရာကောင်းအောင် လိုက်ဖမ်းနေတာကို တွေ့လိုက်ရတယ်။

အဲ့လူငယ်က ပြေးရင်း လှမ်းအော်နေတယ်။

"ကျန်း .... ကျန်းဝေမန့်! အဲ့မှာ ရပ်လိုက်စမ်း!"

ယဲ့ကျန်းကျန်းက သူပြောတာ ကြားတဲ့အခါ နောက်တောင် ပြန်လှည့်မကြည့်တော့ဘဲ ပိုတောင်မြန်မြန်ပြေးတော့တယ်။ သူမရဲ့ နက်မှောင်တဲ့ ဆံနွယ်တွေက လေထဲဝေ့ဝဲနေတယ်။ လီယို့လည်း ဘာတွေဖြစ်နေတာမှန်းတော့ မသိပေမဲ့ အဲ့အမျိုးသားက ပြဿနာပေးဖို့ ‌ရောက်လာတာမှန်းတော့ သိလိုက်တယ်။ ဒါ့ကြောင့် လီယို့ သူ့ကို တားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူ့လက်ကို မြှောက်လိုက်တဲ့အချိန်မှာပဲ အရိပ်တစ်ခုက ဖြတ်ပြေးသွားပြီး အဲ့လူက သူ့အရှေ့ကနေ ထွက်သွားနှင့်ပြီ။

မြန်လိုက်တာ !

လီယို့ သူ့နောက်လိုက်ဖို့ လုပ်လိုက်ပေမဲ့ နောက်က လူတစ်စုက ရောက်ချလာပြီး သူ့ကို ဝိုင်းထားတယ်။ အရှေ့က ထွက်သွားတဲ့သူနှစ်ယောက်ကို ဂရုစိုက်ပုံတောင် မပေါ်ဘူး။ သူတို့အားလုံးက သိုင်းပညာအဆင့်မြင့်တဲ့သူတွေကြီးပဲ။ တစ်ယောက်ချင်း ယှဥ်ချရင်တော့ လီယို့ မှာ အခွင့်အရေးရှိနိုင်သေးပေမဲ့ အများနဲ့တစ်ယောက်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒ့ါကြောင့်မို့ သူ့လက်ကို ချလိုက်ပြီး အညံ့ခံလိုက်တယ်။
ယဲ့ကျန်းကျန်း မြစ်ကမ်းတစ်လျှောက် ပြေးနေပြီး မြစ်ထဲ ခုန်ချလိုက်ရမလား တွေးလိုက်သေးတယ်။ ဒါပေမဲ့ အဲ့လောက်ထိကျ သတ္တိက မကောင်းပြန်ဘူး။ နွေဦးအစမှာ မြစ်ရေက အတော်အေးနေမှာ။ တွေးကြည့်တာနဲ့တောင် ကြက်သီးထလာတယ်။

ကျီဝူကျိုးက တဖြေးဖြေး မှီလာနေပြီ။

ယဲ့ကျန်းကျန်း ငိုတော့မယ်တကယ်။ ကျီဝူကျိုး သူမကို ဒီလောက်မြန်မြန်နဲ့ ရှာတွေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူကိုယ်တိုင် ‌လိုက်ဖမ်းမှာဆို ဝေလာဝေးပေါ့။

ယဲ့ကျန်းကျန်းက သူနဲ့ သိပ်မဝေးတော့မှန်း တွေ့တဲ့အခါ ကျီဝူကျိုး လှမ်းခုန်လိုက်ပြီး သူမကို ဖမ်းလိုက်တယ်။ သူတို့နှစ်ယောက်စလုံး မြစ်ကမ်းနဘေး လှိမ့်သွားကျတယ်။

"မှားသွားပါတယ်!"

လိမ့်နေ~~

"တောင်းပန်ပါတယ်!"

လိမ့်နေ~~~

"ကျီဝူကျိုး ကျွန်မ ရှင့်ကို လွမ်းနေတာ"

လိမ့်နေတာ ရုတ်တရက် ရပ်သွားတယ်။

ကျီဝူကျိုး သူ့အောက်က ပိနေတဲ့လူကို ကြည့်လိုက်တယ်။ ‌ယောကျာ်းလေးလို ဝတ်စားထားပြီး သူ့ဆံပင်တွေက လျော့ရိလျော့ရဲ ဖြစ်နေတယ်။ သူမနဖူးနဲ့ မျက်လုံးတွေပေါ်မှာ ဆံပင်တွေ ရှုပ်ယှက်ခတ်နေတယ်။ အစောနက သူမ ပြေးနေခဲ့တာကြောင့် ချွေးစို့နေပြီး အသက်ကို အမောတကော ရှူနေရတယ်။ သူမထွက်သက်က သူ့မျက်နှာပေါ် တိုက်ရိုက် ထိနေပြီး သူ့ပါ ချွေးစို့လာတယ်။

သူမရဲ့ အခုလို အခြေအနေမျိုးမှာတောင်မှ သူ မကြိုက်တာမျိုး မဖြစ်မိဘူးဆိုတာ ကျီဝူကျိုး သိလိုက်ရတယ်။ သူမက သူ့ကို လွမ်းနေတာတဲ့။ အဲ့ဒါက တကယ်လား ညာတာလား ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အဲ့ဒါက အကျိုးသက်ရောက်မှု ရှိနေတုန်းပဲ။ သူမရဲ့စကားတစ်ခွန်းနဲ့တင် ကျီဝူကျိုး ဒေါသတွေ အကုန် အရည်ပျော်ကုန်ပြီ။

သူ့နှလုံးသားက ထုံနေပြီး အနည်းငယ် ပူလောင်နေသလို ခံစားရတယ်။ ဒီအပူက သူ့မျက်နှာကို ဖြတ်ပြီး ဦးနှောက်ထဲထိပါ ရောက်သွားတယ်။ ရုတ်တရက် သူ ခေါင်းငုံ့လိုက်ပြီး သူမနှုတ်ခမ်းကို ရူးရူးသွပ်သွပ် နမ်းရှိုက်လိုက်တယ်။

" ကိုယ်လည်း မင်းကို သတိရနေတာ .... လွမ်းနေတာပါ"

ယဲ့ကျန်းကျန်း စိတ်ထဲ ဒီနည်းလမ်းက အသုံးဝင်သားပဲလို့ တွေးလိုက်တယ်။

သူမလည်း သူ့အနမ်းတွေကို မကြိုက်တာမျိုး မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတာတော့ သူမလည်း မသိပေမဲ့ အခု အရေးအကြီးဆုံးအရာက သူ ဒေါသထွက်မနေတော့ဘူးဆိုတာပဲ။ ဒါနဲ့ သူမလည်း အလိုက်သင့်လေး နေပေးပြီး သူ့ကို ပြန်နမ်းနေလိုက်တယ်။

ဒီအနမ်းက သူ့ကို အသိစိတ်တွေ ပျောက်အောင် လုပ်လိုက်တယ်။ သူမကို နမ်းရင်း သူ့ခန္ဓာကိုယ်က အလိုလို သူမ ခြေထောက်ကြားထဲ ရောက်သွားနေပြီ။

မိန်းမနဲ့ ရက်အတော်ကြာ ခွဲနေခဲ့ရပြီး အခုမှ ပြန်တွေ့ရတဲ့ ယောကျာ်းတစ်ယောက်က သူမဆီက အခုလို လိုလိုလားလား ဆွဲဆောင်တာခံရတဲ့အခါ အောက်ပိုင်းက ထကြွမလာဘူးဆိုရင် ကုန်းကုန်းဖြစ်နေလို့ပဲ။

ယဲ့ကျန်းကျန်း သူမ ခြေထောက်ကြားထဲမှာ ပူနွေးပြီး မာကြောတဲ့အရာတစ်ခုကို ခံစားလိုက်ရတယ်။ အဲ့နေ့တုန်းက သူမ အဲ့ဟာကို ထိတဲ့အခါ ကျီဝူကျိုး အရမ်းပျော်နေတာကို သူမ ပြန်သတိရသွားတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာ သူ့ကို စိတ်ကျေနပ်အောင်လို့ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ အားလေးနည်းနည်းထည့်ပြီး အဲ့အရာကို ပွတ်သပ်ပေးနေတယ်။

ကျီဝူကျိုးတော့ ရူးတော့မှာပဲ။

အစောနက တပ်စုလည်း ကျီဝူကျိုးတို့ ထွက်သွားတာ တော်တော်ကြာနေပြီး အခုထိ ပြန်မလာသေးတာမို့ စိတ်ပူလာပြီး သူတို့ထဲက တချို့ကို သွားကြည့်ဖို့ လွှတ်လိုက်တယ်။ ကိုယ်ရံတော်တွေ သူတို့နှစ်ယောက်ကို မြစ်ကမ်းဘေးမှာ ရှာတွေ့သွားတယ်။ ယဲ့ကျန်းကျန်းက ကျီဝူကျိုးအောက် ရောက်နေပြီး သူမရဲ့ ခန္ဓာကိုယ်က အနည်းငယ် လှုပ်နေတယ်။ ကင်းထောက်လွှတ်လိုက်တဲ့ ကိုယ်ရံတော်တွေလည်း သရဲတွေ့လိုက်သလို ချက်ချင်းပဲ ပြန်ပြေးလာကြတယ်။

တစ်ဖက်မှာတော့ သူတို့နှစ်ယောက် အလုပ်များနေတာနဲ့ ဘာဖြစ်သွားမှန်းတောင် မသိကြဘူး။ ကျီဝူကျိုး ယဲ့ကျန်းကျန်းကိုယ်ပေါ် လှဲရင်း သူမကို မျက်နှာမူကာ အသက်ကို ပြင်းပြင်းရှူနေတယ်။ သူမနားအနား ကပ်ရင်း ကျန်းကျန်းလို့ တီးတိုးခေါ်နေတယ်။ ယဲ့ကျန်းကျန်းကလည်း အတတ်မြန်တဲ့သူမို့ ကျီဝူကျိုး စိတ်ငြိမ်သွားပြီး ဒေါသမထွက်တော့ဘူးဆိုတာ သိလိုက်ရတဲ့အခါ သူမ ကိစ္စကြီး တစ်ခုခုကို‌ အောင်မြင်အောင် လုပ်လိုက်နိုင်သလို ခံစားလိုက်ရတယ်။

ဒီအဖြစ်အပျက်ပြီးကတည်းက ယဲ့ကျန်းကျန်းတစ်ယောက် တစ်ခု မှတ်သွားတယ်။ နောင်ကျ ကျီဝူကျိုး သူမကို ဒေါသထွက်ခဲ့တယ်ဆို ဘယ်လောက်ပဲ သူ ဒေါသထွက်နေပါစေ သူမ အဲ့နေရာကို ထိလိုက်တာနဲ့  သူ ချက်ချင်းကို ဒေါသပြေသွားတော့တာပဲ။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now